၂မိုင္ေလာက္ကြာေဝးတဲ့ သခင္ရဲ႕ သခ်ႋဳင္းဂူကို ေန႔စဥ္ေနတိုင္း လာ‌ေရာက္လည္ခဲ့တဲ့ ေခြးကေလး

ဖူလင္း လို႔ေခၚတဲ့ ေခြးကေလးဟာ Sara Sechi ရဲ႕ ဖခင္ လီယိုနာဒိုနဲ႔အတူ သူ႔ရဲ႕ဘဝကို မွ်ေဝခဲ့ပါတယ္။ဖူလင္း နဲ႔ လီယိုနာဒို တို႔ သူငယ္ခ်င္းေကာင္းႏွစ္ေယာက္ဟာ အီတလီရဲ႕ ေက်းလက္ေဒသမွာ ေနထိုင္ၾကၿပီး တစ္ေယာက္ နဲ႔ တစ္ေယာက္ အျပန္အလွန္ ေပ်ာ္႐ႊင္မႈေတြ ေပးစြမ္းခဲ့ပါတယ္။”သူတို႔ေတြက အရမ္းခ်စ္ခင္ၾကၿပီး အၿမဲတမ္းအတူေဆာ့ကစားၾကတယ္” လို႔ Sechi က Dodoမွာ ေျပာၾကားခဲ့ပါတယ္။

ဝမ္းနည္းစရာေကာင္းတာက ဖူလင္း နဲ႔ လီယိုနာဒို တို႔ရဲ႕ အခ်ိန္က မၾကာေသးခင္ကဘဲ အဆုံးသတ္ ေရာက္လာခဲ့ပါတယ္။သို႔ေပမဲ့လည္း သူတို႔ရဲ႕ ခ်စ္ခ်င္း‌ေမတၱာဟာ ဆက္လက္တည္ရွိေနပါတယ္။ၿပီးခဲ့တဲ့လမွာ လီယိုနာဒို ဟာ နာမက်န္းမႈနဲ႔ အသက္ေသဆုံးခဲ့ပါတယ္။လီယိုနာဒို ေဆး႐ုံးတက္ေနတဲ့အေတာအတြင္းမွာ သူ႔ရဲ႕မိသားစုေတြက ဖူလင္းကို ၾကည့္ရႈေစာင့္ေရွာက္ခဲ့ပါတယ္။”ကားတစ္စီးခ်ဥ္းကပ္လာတိုင္း ဖူလင္းက ငါ့အေဖကားလို႔ထင္ၿပီး တံခါးဝကို အၿမဲေျပးသြားခဲ့တယ္”လို႔ Sechi က ေျပာခဲ့ပါတယ္။ဖူလင္းေခြးေလးအနားကို လီယိုနာဒိုထြက္ခြာၿပီးတဲ့ေနာက္ ေခြးကေလးက သူငယ္ခ်င္းေတြ ထပ္မရွာေတာ့ပါဘူး။လီယိုနာဒိုရဲ႕ စ်ာပနာ အခမ္းအနားအၿပီးမွာ Sechi က သူမရဲ႕သားနဲ႔အတူ သခ်ႋဳင္းကို ပန္းသြားပို႔ခဲ့ပါတယ္။သူတို႔ေရာက္တဲ့အခ်ိန္မွာ ဖူလင္းေခြးကေလး ေရာက္ရွိေနတာကို ေတြ႕ေတာ့ အံ့ၾသသြားခဲ့ရပါတယ္။မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ဖူလင္းဟာ လီယိုနာဒိုဂူဆီကို ေက်းလက္ေဒသမွ ၂မိုင္နီးပါးေလာက္ လမ္းေလွ်ာက္လာခဲ့ပါတယ္။ဖူလင္းဟာ တစ္ပတ္ေလာက္ မေတြ႕ရတဲ့ လီယိုနာဒို ဟာ အခုဒီမွာေရာက္ေနတာကို နားလည္းပုံရပါတယ္။”သခ်ႋဳင္းဂူနားမွာ ဖူးလင္းကို ေတြလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ပါဘူး။သူ႔ကို အသုဘမွာလည္းမေတြ႕ဘူး။သူကိုဘယ္မွာရွာရမယ္ဆိုတာလည္း ကြၽန္မမသိခဲ့ဘူး” လို႔ Sechi ကေျပာခဲ့ပါတယ္။သို႔ေပမဲ့လည္း ဖူလင္းကို လီယိုနာဒိုရဲ႕ ဂူနားမွာ ေတြ႕ရွိခဲ့ပါတယ္။ေနာက္ေန႔ေတြလည္း အိမ္နီးခ်င္းေတြက ဖူလင္းေခြးကေလးဟာ သူ႔ရဲ႕ မိတ္ေဆြဆီ သြားလည္ေနတာကို ေတြ႕ျမင္ခဲ့ပါတယ္။”ဖူလင္းကေန႔တိုင္း အဲ့ဒီ သခ်ႋဳင္းဆီကို သြားတာထင္တယ္” လို႔ Sechi က ေျပာပါတယ္။အဲ့ဒီလိုနဲ႔ Sechi ဟာ ဖူလင္းကို သူမနဲ႔ အတူ‌ေနထိုင္ရန္ အတူတကြ ဝမ္းနည္းပူေဆြးရန္ နဲ႔ မိသားစုတစ္စုအေနျဖင့္ ေပ်ာ္႐ႊင္ဖြယ္အမွတ္တရမ်ား ဖန္တီးရန္ ဘဝသစ္ကို ေျပာင္းေ႐ႊ႕လိုက္ပါတယ္။

.

.

.

JRose (Mckzone Daily)

Source : thedodo

Unicode

ဖူလင်း လို့ခေါ်တဲ့ ခွေးကလေးဟာ Sara Sechi ရဲ့ ဖခင် လီယိုနာဒိုနဲ့အတူ သူ့ရဲ့ဘဝကို မျှဝေခဲ့ပါတယ်။ဖူလင်း နဲ့ လီယိုနာဒို တို့ သူငယ်ချင်းကောင်းနှစ်ယောက်ဟာ အီတလီရဲ့ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် ပျော်ရွှင်မှုတွေ ပေးစွမ်းခဲ့ပါတယ်။”သူတို့တွေက အရမ်းချစ်ခင်ကြပြီး အမြဲတမ်းအတူဆော့ကစားကြတယ်” လို့ Sechi က Dodoမှာ ပြောကြားခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာက ဖူလင်း နဲ့ လီယိုနာဒို တို့ရဲ့ အချိန်က မကြာသေးခင်ကဘဲ အဆုံးသတ် ရောက်လာခဲ့ပါတယ်။သို့ပေမဲ့လည်း သူတို့ရဲ့ ချစ်ချင်း‌မေတ္တာဟာ ဆက်လက်တည်ရှိနေပါတယ်။ပြီးခဲ့တဲ့လမှာ လီယိုနာဒို ဟာ နာမကျန်းမှုနဲ့ အသက်သေဆုံးခဲ့ပါတယ်။လီယိုနာဒို ဆေးရုံးတက်နေတဲ့အတောအတွင်းမှာ သူ့ရဲ့မိသားစုတွေက ဖူလင်းကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။”ကားတစ်စီးချဥ်းကပ်လာတိုင်း ဖူလင်းက ငါ့အဖေကားလို့ထင်ပြီး တံခါးဝကို အမြဲပြေးသွားခဲ့တယ်”လို့ Sechi က ပြောခဲ့ပါတယ်။ဖူလင်းခွေးလေးအနားကို လီယိုနာဒိုထွက်ခွာပြီးတဲ့နောက် ခွေးကလေးက သူငယ်ချင်းတွေ ထပ်မရှာတော့ပါဘူး။လီယိုနာဒိုရဲ့ စျာပနာ အခမ်းအနားအပြီးမှာ Sechi က သူမရဲ့သားနဲ့အတူ သင်္ချိုင်းကို ပန်းသွားပို့ခဲ့ပါတယ်။သူတို့ရောက်တဲ့အချိန်မှာ ဖူလင်းခွေးကလေး ရောက်ရှိနေတာကို တွေ့တော့ အံ့သြသွားခဲ့ရပါတယ်။မယုံနိုင်စရာကောင်းလောက်အောင် ဖူလင်းဟာ လီယိုနာဒိုဂူဆီကို ကျေးလက်ဒေသမှ ၂မိုင်နီးပါးလောက် လမ်းလျှောက်လာခဲ့ပါတယ်။ဖူလင်းဟာ တစ်ပတ်လောက် မတွေ့ရတဲ့ လီယိုနာဒို ဟာ အခုဒီမှာရောက်နေတာကို နားလည်းပုံရပါတယ်။”သင်္ချိုင်းဂူနားမှာ ဖူးလင်းကို တွေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။သူ့ကို အသုဘမှာလည်းမတွေ့ဘူး။သူကိုဘယ်မှာရှာရမယ်ဆိုတာလည်း ကျွန်မမသိခဲ့ဘူး” လို့ Sechi ကပြောခဲ့ပါတယ်။သို့ပေမဲ့လည်း ဖူလင်းကို လီယိုနာဒိုရဲ့ ဂူနားမှာ တွေ့ရှိခဲ့ပါတယ်။နောက်နေ့တွေလည်း အိမ်နီးချင်းတွေက ဖူလင်းခွေးကလေးဟာ သူ့ရဲ့ မိတ်ဆွေဆီ သွားလည်နေတာကို တွေ့မြင်ခဲ့ပါတယ်။”ဖူလင်းကနေ့တိုင်း အဲ့ဒီ သင်္ချိုင်းဆီကို သွားတာထင်တယ်” လို့ Sechi က ပြောပါတယ်။အဲ့ဒီလိုနဲ့ Sechi ဟာ ဖူလင်းကို သူမနဲ့ အတူ‌နေထိုင်ရန် အတူတကွ ဝမ်းနည်းပူဆွေးရန် နဲ့ မိသားစုတစ်စုအနေဖြင့် ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးရန် ဘဝသစ်ကို ပြောင်းရွှေ့လိုက်ပါတယ်။

JRose (Mckzone Daily)

Be the first to comment on "၂မိုင္ေလာက္ကြာေဝးတဲ့ သခင္ရဲ႕ သခ်ႋဳင္းဂူကို ေန႔စဥ္ေနတိုင္း လာ‌ေရာက္လည္ခဲ့တဲ့ ေခြးကေလး"

Leave a comment

Your email address will not be published.


*