မဂၤလာေဆာင္ပြဲမွာ ကိုယ္တိုင္ျပဳလုပ္ထားတဲ့ စကၠဴဂါဝန္နဲ႔သာ ဝတ္ဆင္ၿပီး မဂၤလာေဆာင္ခဲ့တဲ့ သတို႔သမီး

မဂၤလာေဆာင္ပြဲကိုစီစဥ္တာက အရမ္းကိုဗ်ာမ်ားၿပီး အကုန္က်ေတြလည္း အမ်ားႀကီးအကုန္ခံရပါတယ္။ သို႔ေပမဲ့လည္း ပါးနပ္တဲ့ သတို႔သမီးတစ္ဦးက သူမရဲ႕ မဂၤလာေဆာင္ေန႔မွာ ေငြေၾကးအမ်ားႀကီးမကုန္ေအာင္ အထူးေကာင္းမြန္တဲ့ နည္းကို စီမံခဲ့ပါတယ္။ သူမဟာ ပြဲတက္ဂါဝန္ကို စကၠဴနဲ႔ အမိုက္စား ျပဳလုပ္ဖန္တီးခဲ့တာပါ။

ဖိလစ္ပိုင္ႏိုင္ငံ၊ Quezon ၿမိဳ႕မွာ ေနထိုင္တဲ့ Maricel Capinig Abano အမည္ရွိ ကေလးအေမဟာ Ronald Lucena Mata အမည္ရွိ အမ်ိဳးသားတစ္ဦးနဲ႔ ႐ုတ္တရက္မဂၤလာေဆာင္ပြဲ စီစဥ္ခဲ့တာေၾကာင့္ ေငြေၾကးေတြလုံလုံေလာက္ေလာက္မရွိခဲ့ရာမွ သတို႔သမီးက ပြဲတက္ဂါဝန္အတြက္ သူမႏွစ္သက္တဲ့ပုံစံကို စကၠဴနဲ႔သာ ျပဳလုပ္လိုက္တာပါ။ စိတ္ဝင္စားစရာေကာင္းစြာနဲ႔ အဲ့ဒီ ဝတ္စုံကို ၃ရက္တည္းအခ်ိန္ယူျပဳလုပ္ရပါတယ္။ Maricel က သူမရဲ႕ ဂါဝန္ဒီဇိုင္းေတြဟာ သုံးရက္အေတာအတြင္းၿပီးတာက သူမသူငယ္ခ်င္းေတြ ကူညီခဲ့လို႔ ဒီလိုလ်င္လ်င္ျမန္ျမန္နဲဲ့ၿပီးရတာပါဆိုၿပီး ဝန္ခံေျပာဆိုခဲ့ပါတယ္။ ဝတ္စုံနဲ႔ လိုက္ဖက္တဲ့ ဦးထုပ္လည္းပါၿပီး ပါးနပ္တဲ့သတို႔သမီးရဲ႕ ပန္းစည္းေလးက ေရာင္စုံကာလာစကၠဴေတြနဲ႔သာ ျပဳလုပ္ထားတာပါ။ ဝတ္စုံေလးဟာ ကမာၻတစ္ဝန္းက Netizen တို႔ရဲ႕ အျမင္အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ Maricel က သူ႔ရဲ႕သူငယ္ခ်င္းေတြအတြက္ေရာ မိသားစုေတြအတြက္ပါ စကၠဴေတြနဲ႔ အလွဆင္ေပးခဲ့ပါတယ္။ သူမရဲ႕ သမီးေလးက စကၠဴနဲ႔ ျပဳလုပ္ထား စကတ္ေလးကို ဝတ္ဆင္ထားပါတယ္။

ဒါဆိုရင္ ခင္ဗ်ားရဲ႕မဂၤလာေဆာင္ပြဲေရာက္ရင္ ေငြအေျမာက္အျမား ကုန္က်ခံစရာမလိုဘဲ သူမလို လွပတဲ့ စကၠဴဂါဝန္ေလးနဲ႔ဘဲ မဂၤလာေဆာင္ႏိုင္ပါၿပီေနာ္။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

မင်္ဂလာဆောင်ပွဲကိုစီစဉ်တာက အရမ်းကိုဗျာများပြီး အကုန်ကျတွေလည်း အများကြီးအကုန်ခံရပါတယ်။ သို့ပေမဲ့လည်း ပါးနပ်တဲ့ သတို့သမီးတစ်ဦးက သူမရဲ့ မင်္ဂလာဆောင်နေ့မှာ ငွေကြေးအများကြီးမကုန်အောင် အထူးကောင်းမွန်တဲ့ နည်းကို စီမံခဲ့ပါတယ်။ သူမဟာ ပွဲတက်ဂါဝန်ကို စက္ကူနဲ့ အမိုက်စား ပြုလုပ်ဖန်တီးခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့မှာ နေထိုင်တဲ့ Maricel Capinig Abano အမည်ရှိ ကလေးအမေဟာ Ronald Lucena Mata အမည်ရှိ အမျိုးသားတစ်ဦးနဲ့ ရုတ်တရက်မင်္ဂလာဆောင်ပွဲ စီစဉ်ခဲ့တာကြောင့် ငွေကြေးတွေလုံလုံလောက်လောက်မရှိခဲ့ရာမှ သတို့သမီးက ပွဲတက်ဂါဝန်အတွက် သူမနှစ်သက်တဲ့ပုံစံကို စက္ကူနဲ့သာ ပြုလုပ်လိုက်တာပါ။ စိတ်ဝင်စားစရာကောင်းစွာနဲ့ အဲ့ဒီ ဝတ်စုံကို ၃ရက်တည်းအချိန်ယူပြုလုပ်ရပါတယ်။ Maricel က သူမရဲ့ ဂါဝန်ဒီဇိုင်းတွေဟာ သုံးရက်အတောအတွင်းပြီးတာက သူမသူငယ်ချင်းတွေ ကူညီခဲ့လို့ ဒီလိုလျင်လျင်မြန်မြန်နဲဲ့ပြီးရတာပါဆိုပြီး ဝန်ခံပြောဆိုခဲ့ပါတယ်။ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဦးထုပ်လည်းပါပြီး ပါးနပ်တဲ့သတို့သမီးရဲ့ ပန်းစည်းလေးက ရောင်စုံကာလာစက္ကူတွေနဲ့သာ ပြုလုပ်ထားတာပါ။ ဝတ်စုံလေးဟာ ကမ္ဘာတစ်ဝန်းက Netizen တို့ရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Maricel က သူ့ရဲ့သူငယ်ချင်းတွေအတွက်ရော မိသားစုတွေအတွက်ပါ စက္ကူတွေနဲ့ အလှဆင်ပေးခဲ့ပါတယ်။ သူမရဲ့ သမီးလေးက စက္ကူနဲ့ ပြုလုပ်ထား စကတ်လေးကို ဝတ်ဆင်ထားပါတယ်။

ဒါဆိုရင် ခင်ဗျားရဲ့မင်္ဂလာဆောင်ပွဲရောက်ရင် ငွေအမြောက်အမြား ကုန်ကျခံစရာမလိုဘဲ သူမလို လှပတဲ့ စက္ကူဂါဝန်လေးနဲ့ဘဲ မင်္ဂလာဆောင်နိုင်ပါပြီနော်။

Jasmine (Mckzone Daily)

Be the first to comment on "မဂၤလာေဆာင္ပြဲမွာ ကိုယ္တိုင္ျပဳလုပ္ထားတဲ့ စကၠဴဂါဝန္နဲ႔သာ ဝတ္ဆင္ၿပီး မဂၤလာေဆာင္ခဲ့တဲ့ သတို႔သမီး"

Leave a comment

Your email address will not be published.


*