Night Club ထဲမွာ ကေလးေမြးခဲ့တဲ့ 19ႏွစ္အရြယ္မိန္းကေလးေၾကာင့္ ကေလးငယ္ရ႐ွိခဲ့တဲ့ ခံစားခြင့္ေလး

Night Club ဆိုတာက အျဖစ္အပ်က္မ်ိဳးစံုျဖစ္ပြားေလ့႐ွိတဲ့အျပင္ တစ္ခ်ိဳ႕ေသာသူေတြအတြက္က်ေတာ့လည္း အခ်စ္႐ွာေဖြေတြ႔႐ွိခဲ့တဲ့ ေနရာေလးျဖစ္ပါတယ္ ။ ဒီတစ္ေခါက္မွာေတာ့ ျပင္သစ္ႏိုင္ငံ Toulouse ၿမိဳ႕မွာ႐ွိတဲ့ night club တစ္ခုမွာ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ဟာ အလည္လာရင္းနဲ႔ ကေလးေမြးခဲ့တဲ့အျဖစ္အပ်က္မ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ပါတယ္ ။ ၎အျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ November 11ရက္ေန႔က မနက္ခင္းေနမထြက္ခင္ အခ်ိန္ကျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။ အဆိုပါမိန္းကေလးဟာ သူမရဲ႕ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ night club သို႔သြားေရာက္ခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ သူမသူငယ္ခ်င္းေတြရဲ႕ ဖိတ္ေခၚမႈေတြေၾကာင့္ ေရာက္ခဲ့တာျဖစ္ေပမဲ့လည္း သူမဟာမည္သည့္အရက္ေသစာမ်ိဳးကိုမွ ေသာက္စားခ်င္းမ်ိဳးမျပဳလုပ္ခဲ့ပါဘူး ။

မနက္ 5:30 အခ်ိန္ ၊ club ပိတ္ေတာ့မည့္အခ်ိန္ေရာက္ေတာ့ အဆိုပါမိန္းကေလးဟာ သူမရဲ႕ဗိုက္အေတာ္ေလးကိုနာက်င္ေနၿပီး လမ္းလံုးဝမေလ်ွာက္ႏိုင္ေတာ့ေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ Club manager ရဲ႕ေျပာျပခ်က္အရ ” အဲ့အခ်ိန္တုန္းက လူေတြသိပ္မ႐ွိေတာ့ဘူး ၊ club ရဲ႕လံုျခဳံေရးတစ္ေယာက္က ကြၽန္ေတာ့္ကိုလာေခၚတယ္ ၊ ၿပီးေတာ့ အေရးႀကီးလို႔ဆိုၿပီးေျပာေတာ့ ကြၽန္ေတာ္လိုက္ၾကည့္ခဲ့ခ်ိန္မွာေတာ့ သူမကေလးေမြးေနတာကို ေတြ႔ခဲ့ပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

Club ရဲ႕ဝန္ထမ္းမ်ားက လူနာတင္ယာဥ္ေခၚခဲ့ေပမဲ့လည္း အဆိုပါမိန္းကေလးက Club ထဲတြင္သာကေလးေမြးေတာ့မယ္ဆိုတာ သိေနခဲ့ပါတယ္ ။ ထို႔ေနာက္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႔သို႔ ဖုန္းျဖင့္ဆက္သြယ္ၿပီးေနာက္ club ရဲ႕ဝန္ထမ္းမ်ားက ကေလးေမြးဖြားႏိုင္ဖို႔ကူညီးေပးခဲ့ၾကပါတယ္ ။ အခ်ိန္ခဏအၾကာမွာမွ လူနာတင္ကားေရာက္႐ွိလာၿပီး ကေလးႏွင့္မိခင္ကို ေဆးရံုသို႔ေခၚေဆာင္သြားခဲ့ၾကပါတယ္ ။ ထို႔အျပင္ ကေလးႏွင့္မိခင္တို႔မွာ က်န္းမာေရးအေျခအေနေကာင္းမြန္လ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ကေလးေမြးဖြားၿပီးေနာက္ Club ရဲ႕မန္ေနဂ်ာက ကေလးငယ္အသက္ 16ႏွစ္ျပည့္ၿပီးေနာက္ပိုင္ တစ္ဘဝလံုး club အတြင္းသို႔အခမဲ့ ဝင္ေရာက္ႏိုင္ေၾကာင္းႏွင့္ ကေလးငယ္ဟာမိဘနဲ႔အတူလာမယ္ဆိုရင္ေတာ့ ဘယ္အသက္အရြယ္ပဲျဖစ္ျဖစ္ Club အတြင္းဝင္ေရာက္ႏိုင္ေၾကာင္း ေၾကျငာခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Night Club ဆိုတာက အဖြစ်အပျက်မျိုးစုံဖြစ်ပွားလေ့ရှိတဲ့အပြင် တစ်ချို့သောသူတွေအတွက်ကျတော့လည်း အချစ်ရှာဖွေတွေ့ရှိခဲ့တဲ့ နေရာလေးဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာတော့ ပြင်သစ်နိုင်ငံ Toulouse မြို့မှာရှိတဲ့ night club တစ်ခုမှာ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဟာ အလည်လာရင်းနဲ့ ကလေးမွေးခဲ့တဲ့အဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ခဲ့ပါတယ် ။ ၎င်းအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ November 11ရက်နေ့က မနက်ခင်းနေမထွက်ခင် အချိန်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ အဆိုပါမိန်းကလေးဟာ သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် night club သို့သွားရောက်ခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် သူမသူငယ်ချင်းတွေရဲ့ ဖိတ်ခေါ်မှုတွေကြောင့် ရောက်ခဲ့တာဖြစ်ပေမဲ့လည်း သူမဟာမည်သည့်အရက်သေစာမျိုးကိုမှ သောက်စားချင်းမျိုးမပြုလုပ်ခဲ့ပါဘူး ။

မနက် 5:30 အချိန် ၊ club ပိတ်တော့မည့်အချိန်ရောက်တော့ အဆိုပါမိန်းကလေးဟာ သူမရဲ့ဗိုက်အတော်လေးကိုနာကျင်နေပြီး လမ်းလုံးဝမလျှောက်နိုင်တော့ကြောင်းပြောဆိုခဲ့ပါတယ် ။ Club manager ရဲ့ပြောပြချက်အရ ” အဲ့အချိန်တုန်းက လူတွေသိပ်မရှိတော့ဘူး ၊ club ရဲ့လုံခြုံရေးတစ်ယောက်က ကျွန်တော့်ကိုလာခေါ်တယ် ၊ ပြီးတော့ အရေးကြီးလို့ဆိုပြီးပြောတော့ ကျွန်တော်လိုက်ကြည့်ခဲ့ချိန်မှာတော့ သူမကလေးမွေးနေတာကို တွေ့ခဲ့ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

Club ရဲ့ဝန်ထမ်းများက လူနာတင်ယာဉ်ခေါ်ခဲ့ပေမဲ့လည်း အဆိုပါမိန်းကလေးက Club ထဲတွင်သာကလေးမွေးတော့မယ်ဆိုတာ သိနေခဲ့ပါတယ် ။ ထို့နောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် club ရဲ့ဝန်ထမ်းများက ကလေးမွေးဖွားနိုင်ဖို့ကူညီးပေးခဲ့ကြပါတယ် ။ အချိန်ခဏအကြာမှာမှ လူနာတင်ကားရောက်ရှိလာပြီး ကလေးနှင့်မိခင်ကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြပါတယ် ။ ထို့အပြင် ကလေးနှင့်မိခင်တို့မှာ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရှိရပါတယ် ။ ကလေးမွေးဖွားပြီးနောက် Club ရဲ့မန်နေဂျာက ကလေးငယ်အသက် 16နှစ်ပြည့်ပြီးနောက်ပိုင် တစ်ဘဝလုံး club အတွင်းသို့အခမဲ့ ဝင်ရောက်နိုင်ကြောင်းနှင့် ကလေးငယ်ဟာမိဘနဲ့အတူလာမယ်ဆိုရင်တော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် Club အတွင်းဝင်ရောက်နိုင်ကြောင်း ကြေငြာခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Night Club ထဲမွာ ကေလးေမြးခဲ့တဲ့ 19ႏွစ္အရြယ္မိန္းကေလးေၾကာင့္ ကေလးငယ္ရ႐ွိခဲ့တဲ့ ခံစားခြင့္ေလး"

Leave a comment

Your email address will not be published.


*