အသက် 94 နှစ်အရွယ်မှာ ကလေးရခဲ့ပြီး ‘ကမ္ဘာ့အသက်အကြီးဆုံး ဖခင်’ ဆိုပြီး သတ်မှတ်ခံထားရတဲ့ ကလေးနှစ်ယောက်ဖခင်

Mr Ragav အမည်ရှိတဲ့ အိန္နိယနိုင်ငံက အဘိုးအိုဟာ အသက် 94 နှစ်အရွယ် မှာ အသက် 60 အရွယ်ဇနီးသည် Shakuntala နဲ့အတူ သားလေးမွေးဖွားနိုင်ခဲ့လို့ ကမ္ဘာ့အသက်အကြီးဆုံးဖခင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။ Mr Ragav ကတော့ သူ့ရဲ့စံချိန်ကို သူကိုယ်တိုင်ပြန်ချိုးဖောက်နိုင်ခဲ့ပါတယ် ။ အဲတာကတော့ အသက် 96 နှစ်အရွယ်မှာ နောက်ထပ်သားငယ်လေးတစ်ဦးကို ထပ်ပြီး မွေးဖွားပေးနိုင်ခဲ့လို့ပါပဲ ။ သို့ပေမဲ့လည်း သူတို့ရဲ့ဘဝကို ထင်ထားသလို မဖြစ်လာဘဲ ကံဆိုးမှုတွေစပြီး ကြုံတွေ့ခဲ့ရပါတယ် ။ အဲတာကတော့ တစ်ရက်မှာ ဇနီးဖြစ်သူက နေမကောင်းလို့ သားကြီးနဲ့အတူ အနီးဆုံးဆေးရုံဖို့ သွားရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ် ။ 30 km ဘတ်စ်ကားခရီးသွားခဲ့ရလို့ သူမအတော်လေး ပင်ပန်းခဲ့ပြီး လူတွေရှုပ်ထွေးလွန်းတဲ့ ဘတ်စ်ကားဂိတ်မှာ သားလေးကိုလက်မောင်းပေါ်မှာပွေ့ဖက်ထားပြီး အိပ်မောကျသွားခဲ့ပါတယ် ။

သို့ပေမဲ့လည်း သူမနိုးထလာခဲ့ချိန်မှာတော့ သားလေးကိုလုံးဝမတွေ့ရှိတော့ပါဘူး ။ အချိန်အတော်ကြာ လိုက်လံရှာဖွေခဲ့ပေမဲ့လည်း သားကြီးကိုလုံးဝပြန်ရှာမတွေ့တော့လို့ လင်မယားနှစ်ယောက်လုံး ကလေးစိတ်နဲ့ ခက်ခဲပင်ပန်းလာခဲ့ကြပါတယ် ။ တစ်ရက်မှာတော့ အဘိုးအို သူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့ချိန် ဇနီး နဲ့ သားငယ်လေးကို မတွေ့ရှိတော့ပါဘူး ။ သေချာတာကတော့ ဇနီးက သားငယ်လေးကိုခေါ်ပြီး သူ့ကိုစွန့်ခွာသွားခဲ့တာပါ ။ မိသားစု ပျက်စီးဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် အဘိုးအိုဟာ မစားနိုင် ၊ မသောက်နိုင်ဖြစ်ခဲ့ပြီး တစ်ရက်မှာတော့ အိပ်ယာဘေးမှာ ဆေးလိပ်သောက်နေရင်း မီးလောင်ကျွမ်းခဲ့လို့ အိမ်ပတ်ဝန်းကျင်က ကူညီကယ်ဆယ်ပေးခဲ့ပေမဲ့လည်း မီးလောင်ကျွမ်းတဲ့ဒဏ်ရာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ် ။

.

.

.

.

.

Jasmine (Mckzone Daily)

Source : dailymail

Zawgyi



Jasmine (Mckzone Daily)

Be the first to comment on "အသက် 94 နှစ်အရွယ်မှာ ကလေးရခဲ့ပြီး ‘ကမ္ဘာ့အသက်အကြီးဆုံး ဖခင်’ ဆိုပြီး သတ်မှတ်ခံထားရတဲ့ ကလေးနှစ်ယောက်ဖခင်"

Leave a comment

Your email address will not be published.


*