ဓာတ်ပုံထဲကထက် ပိုဝနေလို့ ပထမဆုံးချိန်တွေ့ချိန်မှာ ထားရစ်ခံခဲ့ရတဲ့အပြင် လောင်ပြောင်ခြင်းကိုပါခံခဲ့ရတဲ့ မိန်းကလေးအဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက အမည်မဖော်လိုတဲ့ Instagram အသုံးပြုသူတစ်ဦးဟာ မိန်းကလေးတစ်ယောက်ရဲ့ပထမဆုံးချိန်းတွေ့တဲ့နေ့က ဆိုးဆိုးဝါးဝါးအတွေ့အကြုံမျိုးဖြစ်ခဲ့တာကိုရေးသားထားတဲ့စာတွေကို screenshot ရိုက်ပြီးနောက် သူ၏ Twitter ပေါ်မှာ ပြန်လည်ဝေမျှခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါကောင်လေးနဲ့ ကောင်မလေးဟာ Twitter ပေါ်မှာတွေ့ရှိခဲ့ကြပြီးနောက်ပေါင်း ဖုန်းနံပတ်အပြန်အလှန်လဲလည်ခဲ့ကြပြီး 5လ နီးပါးခန့် အမြဲစကားပြောဆိုခဲ့ကြပြီးနောက် တစ်ရက်မှာတော့ကောင်လေးဟာ ကောင်မလေးနှင့် အပြင်မှာ ချိန်းတွေ့လိုကြောင်း တောင်းဆိုခဲ့ပါတယ် ။ တောင်းဆိုခဲ့ပြီးနောက် ကောင်လေးဟာစပြီး သူမကိုညစ်ညမ်းသောစကားများပြောဆိုလာခဲ့ပေမဲ့လည်း ကောင်မလေးဟာ စနောက်နေခဲ့တာလို့သာတွေးထင်ပြီး ကောင်လေးနဲ့အပြင်မှာ တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ် ။ ထို့ကြောင့် နှစ်ယောက်သားချိန်းတွေ့ဖို့သဘောတူခဲ့ကြပြီး ကောင်လေးက ကောင်မလေးကိုလာခေါ်မည်ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

နောက်နေ့ ကောင်လေးဟာ ကောင်မလေးကိုလာကြိုခဲ့ချိန်မှာတော့ သူမကိုအကြိမ်ပေါင်းများစွာဖုန်းဆက်ပြီး ဘယ်မှာရှိလဲဆိုကာ မေးမြန်းခဲ့ပေမဲ့လည်း အမှန်တကယ်တော့ ကောင်မလေးဟာသူ၏ကားရှေ့မှာ ရပ်နေခဲ့တာဖြစ်ပြီး မမှတ်မိနိုင်အောင်ဖြစ်နေခဲ့ပါတယ် ။ ကားပေါ်လည်းရောက်ရော နှစ်ယောက်သား တိတ်ဆိတ်နေခဲ့ပြီး ကောင်မလေးမှာတော့ ကောင်လေးကရှက်နေတယ်လို့သာ တွေးထင်ခဲ့ပါတယ် ။ တစ်နေရာအရောက်မှာတော့ ကောင်လေးဟာကားပေါ်ကဆင်းပြီး ကောင်မလေးကို ခဏစောင့်နေနော် ၊ ငါစားစရာတစ်ချို့ ဝယ်ချင်လို့ ဆိုပြီးပြောဆိုခဲ့ပါတယ် ။ ထို့နောက်မကြာခင်ကားစီပြန်ရောက်လာပြီး 5မိနစ်အကြာမှာတော့ ကောင်မလေးကို မှာထားတဲ့စားစရာတွေသွားယူပေးလို့ရမလား ဆိုပြီးပြောခဲ့ပါတယ် ။ သူမကလည်း ကောင်လေးပြောဆိုသမျှမညည်းညူ ဘဲ လုပ်ပေးခဲ့ပေမဲ့လည်း မမျှော်လင့်ထားတဲ့အချိန်မှာ ကောင်လေးဟာကားပေါ်ကနေ သူမရဲ့အိတ်ကိုပစ်ချပြီး ကားမောင်းထွက်သွားခဲ့ပါတယ် ။ ထို့နောက် သူမပြန်ရောက်လာချိန် မြေပြင်ပေါ်ကျနေတဲ့သူမရဲ့အိတ်ကိုမြင်တွေ့ခဲ့ပြီး ကောင်းလေးကိုဖုန်းဆက်ခေါ်ခဲ့ပေမဲ့ လုံးဝကိုဖုန်းမကိုင်ခဲ့တော့ပါဘူး ။

အဆိုပါ လုပ်ရပ်မျိုးသူမတစ်ခါးမှ မကြုံတွေ့ခဲ့ရတဲ့အတွက် အတော်လေးကို အံ့သြထိတ်လန့်သွားခဲ့ပါတယ် ။ ထို့နောက် ကောင်လေးဟာ သူမကို ” တောင်းပန်ပါတယ် မင်းကဓာတ်ပုံထဲမှာ ပိန်ပေမဲ့လည်း အပြင်မှာဝတယ်…hahaha..နောက်မှာ ကျန်ခဲ့ရတော့ ပျော်ရဲ့လား ” ဆိုပြီးစာရေးသား ပေးပို့ခဲ့ပါတယ် ။ သူမဟာ အသည်းကွဲခဲ့ရတဲ့အပြင် တစ်ကြိမ်တည်းမှာပါ အတော်လေး စိတ်ထိခိုက်နာကျင်ခဲ့ရကြောင်း ၊ သူမ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့မိပေမဲ့ သူမဘာလို့ယခုလို အဖြစ်မျိုးကြုံရတာလဲ ၊ သူမအတော်လေးစိတ်ပျက်ပြီး အတော်လေးငိုချင်ခဲ့ကြောင်းလည်း ရေးသားပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဓာတ်ပုံထဲကထက် ပိုဝနေလို့ ပထမဆုံးချိန်တွေ့ချိန်မှာ ထားရစ်ခံခဲ့ရတဲ့အပြင် လောင်ပြောင်ခြင်းကိုပါခံခဲ့ရတဲ့ မိန်းကလေးအဖြစ်"

Leave a comment

Your email address will not be published.


*