ခ်စ္သူကို ပိုက္ဆံပန္းစည္းလက္ေဆာင္ေပးျခင္းက ပိုက္ဆံေတြကိုပ်က္စီးဆံုး႐ႈံးေစေၾကာင္း ေဝမ်ွခဲ့တဲ့မိန္းကေလး

ေခတ္ကာလအရ ခ်စ္သူကို ပန္းစည္းအစစ္ထက္ ၊ ပိုက္ဆံပန္းစည္းမ်ိဳး လက္ေဆာင္ေပးျခင္းက အေတာ္ေလးကို ေရပန္းစားေနတာပါ ။ သို႔ေပမဲ့လည္း Jovion အမည္နဲ႔ Facebook အသံုးျပဳသူကေတာ့ လက္ေဆာင္ပိုက္ဆံပန္းစည္းရ႐ွိခဲ့ေပမဲ့လည္း မေပ်ာ္ရႊင္ႏိုင္ခဲ့တဲ့သူမရဲ႕အျဖစ္ကို ေဝမ်ွသြားခဲ့ပါတယ္ ။ အေၾကာင္းမွာေတာ့ အဆိုပါပန္းစည္းကို လက္ေဆာင္ရၿပီး ႏွစ္လေလာက္ သူမဟာပိုက္ဆံကိုမျဖဳတ္ပဲ ဒီအတိုင္းထားခဲ့တာပါ ။ ေနာက္ပိုင္းပိုက္ဆံေတြျဖဳတ္တဲ့အခ်ိန္မွာ ႏွင္းဆီပန္းပံုစံပိုက္ဆံေတြကိုေခါက္ထားတဲ့အတြက္ ပိုက္ဆံေတြကက်ိဳးေၾကေနၿပီး ၊ ပိုက္ဆံတစ္ရြက္နဲ႔တစ္ရြက္ဟာလည္း ေကာ္ေတြနဲ႔ကပ္ထားတဲ့အတြက္ ျဖဳတ္ယူဖို႔ခက္ခဲခဲ့ၿပီး ပိုက္ဆံေတြပ်က္စီးခဲ့ရေၾကာင္း ေဝမ်ွခဲ့ပါတယ္ ။ ႏွင္းဆီပြင့္ပံုစံထက္ အျခာပံုစံမ်ိဳးေခါက္မယ္ဆိုရင္ေတာ့ ပိုက္ဆံေတြပ်က္စီးမႈ သိပ္႐ွိမွာမဟုတ္ဘူးလို႔ သူမက အၾကံေပးခဲ့ပါတယ္ ။

သူမအေနနဲ႔ ပိုက္ဆံပန္းစည္းရ႐ွိမႈကိုမေပ်ာ္ရႊင္ေၾကာင္း ၊ ပန္းစည္းလုပ္ေပးတဲ့သူကလည္း ပိုက္ဆံေတြေခါက္ရၿပီး ၊ လက္ခံရ႐ွိသူကလည္း ပိုက္ဆံေတြျပန္ျဖဳတ္ရကာ ၊ တန္ဆာခေတြလည္း ေပးရေၾကာင္း ၊ ထို႔ေၾကာင့္ ဒီအတိုင္း လက္ေဆာင္အေနနဲ႔ ပိုက္ဆံကိုသာ သီးသန္႔ေပးလိုက္တာက ပို၍ေကာင္းေၾကာင္း သူမရဲ႕အေျခအေနကိုေဝမ်ွခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ခေတ်ကာလအရ ချစ်သူကို ပန်းစည်းအစစ်ထက် ၊ ပိုက်ဆံပန်းစည်းမျိုး လက်ဆောင်ပေးခြင်းက အတော်လေးကို ရေပန်းစားနေတာပါ ။ သို့ပေမဲ့လည်း Jovion အမည်နဲ့ Facebook အသုံးပြုသူကတော့ လက်ဆောင်ပိုက်ဆံပန်းစည်းရရှိခဲ့ပေမဲ့လည်း မပျော်ရွှင်နိုင်ခဲ့တဲ့သူမရဲ့အဖြစ်ကို ဝေမျှသွားခဲ့ပါတယ် ။ အကြောင်းမှာတော့ အဆိုပါပန်းစည်းကို လက်ဆောင်ရပြီး နှစ်လလောက် သူမဟာပိုက်ဆံကိုမဖြုတ်ပဲ ဒီအတိုင်းထားခဲ့တာပါ ။ နောက်ပိုင်းပိုက်ဆံတွေဖြုတ်တဲ့အချိန်မှာ နှင်းဆီပန်းပုံစံပိုက်ဆံတွေကိုခေါက်ထားတဲ့အတွက် ပိုက်ဆံတွေကကျိုးကြေနေပြီး ၊ ပိုက်ဆံတစ်ရွက်နဲ့တစ်ရွက်ဟာလည်း ကော်တွေနဲ့ကပ်ထားတဲ့အတွက် ဖြုတ်ယူဖို့ခက်ခဲခဲ့ပြီး ပိုက်ဆံတွေပျက်စီးခဲ့ရကြောင်း ဝေမျှခဲ့ပါတယ် ။ နှင်းဆီပွင့်ပုံစံထက် အခြာပုံစံမျိုးခေါက်မယ်ဆိုရင်တော့ ပိုက်ဆံတွေပျက်စီးမှု သိပ်ရှိမှာမဟုတ်ဘူးလို့ သူမက အကြံပေးခဲ့ပါတယ် ။

သူမအနေနဲ့ ပိုက်ဆံပန်းစည်းရရှိမှုကိုမပျော်ရွှင်ကြောင်း ၊ ပန်းစည်းလုပ်ပေးတဲ့သူကလည်း ပိုက်ဆံတွေခေါက်ရပြီး ၊ လက်ခံရရှိသူကလည်း ပိုက်ဆံတွေပြန်ဖြုတ်ရကာ ၊ တန်ဆာခတွေလည်း ပေးရကြောင်း ၊ ထို့ကြောင့် ဒီအတိုင်း လက်ဆောင်အနေနဲ့ ပိုက်ဆံကိုသာ သီးသန့်ပေးလိုက်တာက ပို၍ကောင်းကြောင်း သူမရဲ့အခြေအနေကိုဝေမျှခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment