ကားနောက်တွဲမှာ လိုက်ခိုစီးပြီးနောက် အသက်လုပြေးနေခဲ့တဲ့အမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကားလမ်းမကြီးပေါ်မှာ အဖြစ်အပျက်မျိုးစုံကိုမြင်ဖူး ၊ တွေ့ဖူးကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်အဖြစ်အပျက်မှာတော့ မလေးရှားနိုင်ငံက လမ်းမကြီးတစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ ကုန်တင်ကားကြီး၏နောက်တွဲမှာ လိုက်ခိုစီးခဲ့တဲ့အဖြစ်အပျက်ဟာ လူအများကိုအတော်လေး စိတ်ဝင်စားစေခဲ့ပါတယ် ။

We are Malaysisans ဆိုတဲ့ Facebook စာမျက်နှာက အဆိုပါအဖြစ်အပျက် video ကိုဝေမျှခဲ့တာဖြစ်ပြီး Video ထဲမှာတော့ အင်္ကျီဗလာနဲ့အမျိုးသားဟာ ကားနောက်ဖက်မှာ အတင်လိုက်ခိုစီးပြီးနောက် ၊ ကားဟာ လမ်းအကွေ့လေးနားရောက်လို့ အရှိန်လျော့လိုက်ချိန်မှာတော့ ကားပေါ်ကနေ ဆင်းပြေးပြီး အသက်လုပြီးပြေးနေသလို လုံးဝကိုကြောက်ကြောက်လန့်လန့်နှင့် အလျင်အမြန်ထွက်ပြေးသွားခဲ့ပါတယ် ။

ထို့ကြောင့် အချို့သောသူများက အဆိုပါအမျိုးသားဟာ ဝရမ်းပြေးတစ်ယောက်ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြတဲ့အပြင် ၊ အချို့သောသူများကတော့ အဆိုပါအမျိုးသားဟာ နိုင်ငံခြားသာဖြစ်နေ၍ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းနှင့်ရဲအရာရှိများက လိုက်ဖမ်းနေ၍ ထွက်ပြေးနေရတာဖြစ်ကြောင်း မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားဟာ ရာဇဝတ်သားဖြစ်နေရင်တော့ ယခု video က ရဲအရာရှိအတွက် အထောက်အကူတော့ဖြစ်မှာပါ ။ ဝရမ်းပြေးသမား မဖြစ်ဖို့ပဲ မျှော်လင့်ရမှာပေါ့လေ ။

Jasmine (Mckzone Daily)

Be the first to comment on "ကားနောက်တွဲမှာ လိုက်ခိုစီးပြီးနောက် အသက်လုပြေးနေခဲ့တဲ့အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*