ရဲတစ္ဦးရဲ႕ေနအိမ္ကိုေဖာက္ထြင္းခိုးယူမႈျပဳလုပ္ေနတုန္း ပင္ပန္းလြန္းလို႔ အိပ္ေမာက်သြားခဲ့တဲ့ သူခိုးရဲ႕အျဖစ္

ထိုင္းႏိုင္ငံက သူခိုးတစ္ဦးရဲ႕အျဖစ္ကေတာ့ တစ္ကယ့္ကို သမိုင္းဝင္လို႔ သတ္မွတ္ရေလာက္တဲ့အထိပါပဲ ။ ဒီတစ္ေခါက္မွာလည္း အသက္ 22 ႏွစ္အ႐ြယ္ ထိုင္းႏိုင္ငံက သူခိုးတစ္ဦးဟာ အိမ္တြင္းေဖာက္ထြင္းမႈျပဳလုပ္ေနရင္း အိပ္ေမာက်သြားခဲ့လို႔ အဖမ္းခံခဲ့ရပါတယ္ ။ ကံဆိုးစြာနဲ႔ပဲ အိမ္ပိုင္ရွင္ဟာ ရဲအရာရွိတစ္ဦးျဖစ္ေနၿပီး ၊ အဆိုပါသူခိုးက ရဲအရာရွိရဲ႕ သမီးျဖစ္သူအိပ္ယာအတြင္းမွာ အိပ္ေမာက်သြားခဲ့တာပါ ။ ျဖစ္စဥ္ကေတာ့ ည 2 နာရီအခ်ိန္မွာ သူခိုးက ေနအိမ္အတြင္းသို႔ ေဖာက္ထြင္းဝင္ေရာက္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ရဲအရာရွိက အိပ္ေမာက်ေနခဲ့တာပါ ။ ရဲအရာရွိႏိုးထလာခဲ့ခ်ိန္မွာေတာ့ သမီးျဖစ္သူက ေနအိမ္မွာမရွိေပမဲ့ ၊ သမီးျဖစ္သူရဲ႕အခန္းထဲက လူရွိေနသလိုခံစားေနရလို႔ သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သမီးရဲ႕အိပ္ယာမွာ သူခိုးက အိပ္ေမာက်ေနခဲ့တာကို ေတြ႕ရွိခဲ့ရတာပါ ။

ရဲအရာရွိက အဆိုပါသူခိုးကိုေအာ္ဟစ္လိုက္ခ်ိန္မွာေတာ့ သူခိုးဟာအိပ္ခ်င္မူးတူးနဲ႔ ဇေဝဇဝါႏိုးထလာခဲ့ပါေတာ့တယ္ ။ အဆိုပါသူခိုးမွာေတာ့ ေဖာက္ထြင္းမႈ ၊ က်ဴးေက်ာ္ဝင္ေရာက္မႈတို႔နဲ႔ တရားစြဲဆိုခံထားရေၾကာင္း သိရွိရပါတယ္ ။ အဆိုပါသူခိုးမွာေတာ့ အိပ္ေရးဝသြားၿပီလို႔ေတာ့ ေျပာရမွာပါပဲ ။

.

.

.

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ထိုင်းနိုင်ငံက သူခိုးတစ်ဦးရဲ့အဖြစ်ကတော့ တစ်ကယ့်ကို သမိုင်းဝင်လို့ သတ်မှတ်ရလောက်တဲ့အထိပါပဲ ။ ဒီတစ်ခေါက်မှာလည်း အသက် 22 နှစ်အရွယ် ထိုင်းနိုင်ငံက သူခိုးတစ်ဦးဟာ အိမ်တွင်းဖောက်ထွင်းမှုပြုလုပ်နေရင်း အိပ်မောကျသွားခဲ့လို့ အဖမ်းခံခဲ့ရပါတယ် ။ ကံဆိုးစွာနဲ့ပဲ အိမ်ပိုင်ရှင်ဟာ ရဲအရာရှိတစ်ဦးဖြစ်နေပြီး ၊ အဆိုပါသူခိုးက ရဲအရာရှိရဲ့ သမီးဖြစ်သူအိပ်ယာအတွင်းမှာ အိပ်မောကျသွားခဲ့တာပါ ။ ဖြစ်စဉ်ကတော့ ည 2 နာရီအချိန်မှာ သူခိုးက နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ရဲအရာရှိက အိပ်မောကျနေခဲ့တာပါ ။ ရဲအရာရှိနိုးထလာခဲ့ချိန်မှာတော့ သမီးဖြစ်သူက နေအိမ်မှာမရှိပေမဲ့ ၊ သမီးဖြစ်သူရဲ့အခန်းထဲက လူရှိနေသလိုခံစားနေရလို့ သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ သမီးရဲ့အိပ်ယာမှာ သူခိုးက အိပ်မောကျနေခဲ့တာကို တွေ့ရှိခဲ့ရတာပါ ။

ရဲအရာရှိက အဆိုပါသူခိုးကိုအော်ဟစ်လိုက်ချိန်မှာတော့ သူခိုးဟာအိပ်ချင်မူးတူးနဲ့ ဇဝေဇဝါနိုးထလာခဲ့ပါတော့တယ် ။ အဆိုပါသူခိုးမှာတော့ ဖောက်ထွင်းမှု ၊ ကျူးကျော်ဝင်ရောက်မှုတို့နဲ့ တရားစွဲဆိုခံထားရကြောင်း သိရှိရပါတယ် ။ အဆိုပါသူခိုးမှာတော့ အိပ်ရေးဝသွားပြီလို့တော့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ရဲတစ္ဦးရဲ႕ေနအိမ္ကိုေဖာက္ထြင္းခိုးယူမႈျပဳလုပ္ေနတုန္း ပင္ပန္းလြန္းလို႔ အိပ္ေမာက်သြားခဲ့တဲ့ သူခိုးရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*