အသက်အရွယ် 61 နှစ်လောက်ကွာတဲ့ အဖွားအိုနဲ့ ကောင်ငယ်လေးတို့ရဲ့ “wedding photo” ဟာ တရုတ်ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားခဲ့ပြီးနာမည်ကြီးသွားခဲ့ပါတယ်။သို့ပေမဲ့လည်း ၎င်းအကြောင်းအရာရဲ့ နောက်ကွယ်မှာ အဖွားအိုဟာ အကြင်နာတရားပြည့်ဝတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး လမ်းပေါ်က မိဘမဲ့ကလေးငယ်တွေကိုပြုစုစောင့်ရှောက်ရင်း ဘဝကိုကုန်ဆုံးစေခဲ့ကြောင်း သိရှိရပါတယ်။
“Wedding Photo”ထဲက အဖွားအိုဟာ အသက် 85 နှစ်နဲ့ Tang လို့အမည်ရှိပြီး ကောင်လေးငယ်ကတော့ အသက် 24 နှစ်အရွယ် Zhang ဆိုတဲ့နာမည်နဲ့ မီးသတ်သမားတစ်ယောက် ဖြစ်ပါတယ်။Zhang ရဲ့ပြောဆိုချက်အရ Tang အမည်ရှိ အဖွားအိုဟာ ဆေးရုံအနီးအနားက ထားရင့်ခံခဲ့ရတဲ့ ကလေးငယ်တွေကို ကျွေးမွေးပြုစုပေးခဲ့တာပါ။သူမပြုစုပျိုးထောင်လိုက်တဲ့ကလေးငယ်တွေ ကြီးပင်းလာတဲ့အခါ သူတို့ရဲ့ဘဝကောင်းကောင်းမွန်မွန်နေထိုင်နိုင် ဖို့အတွက်ဆိုပြီး တက္ကသိုလ် တွေ၊ မွေးစားတဲ့သူတွေဆီကို ပို့ဆောင်ပေး ခဲ့ပါတယ်။
.
ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းနေတဲ့ နို့စို့ကလေးငယ်တွေကို Taugက သူမရဲ့ တရားဝင်ကလေးအဖြစ် ကျွေးမွေးပြုစုခဲ့တာပါ။ Zhang ဟာ Taug အမည်ရှိအဖွားအို မွေးစားခဲ့တဲ့ကလေးငယ်တွေထဲက ခြောက်ရောက်မြောက်ကလေးငယ်တစ်ဦးဘဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ 24 နှစ်တုန်းက Zhang ဆိုတဲ့ ကလေးငယ်ကို ကယ်တင်လိုက်တဲ့အချိန်မှာ Tang အသက်က 61 နှစ်ရှိခဲ့ပါပြီ။ Zhang အရွယ်ရောက်လာတော့ အဖွားအိုနဲ့ သူမရဲ့ခင်ပွန်းသည်က အခက်အခဲတွေကြုံတွေ့လာခဲ့ပါတယ်။
.
အဲ့ဒီလိုနဲ့ Zhang အထက်တန်းကျောင်းတက်ရောက်နိုင်ဖို့အတွက် မီးသတ်သမားအဖွဲ့သားတွေက ထောက်ပံ့မှုပေးခဲ့တာပါ။အထက်တန်းကျောင်းပြီးတော့ သူကောလိပ်ကျောင်းတက်ခွင့်ရခဲ့ပေမဲ့ အဆင်မပြေမှုကြောင့် Zhang က စစ်တပ်ထဲဝင်ဖို့ ရွေးချယ်လိုက်ရာမှာ မီးသတ်သမားတွေက သူကောလိပ်တက်နိုင်ဖို့ ပြန်လည်ထောက်ပံ့ခဲ့ပြီး ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။နောက်တော့ Zhang က မီးသတ်အဖွဲ့ကို ဆက်သွယ်ခဲ့ပြီး မီးသတ်အလုပ်ကို ဝင်လုပ်ခဲ့ပါတယ်။ အဲ့ဒီအလုပ်က သူအတွက် အ ပင်ပန်းခံရတယ် ဆိုပေမဲ့လည်း သူတခါမှစိတ်မကောင်းတာတို့ ဝမ်းနည်းတာတို့မရှိခဲ့ဖူးပါဘူး။ “ကျွန်တော့်ရဲ့အဖွားက ကျွန်တော့်ကို ဒုတိယဘဝ ပေးခဲ့တယ်။ မီးသတ်အဖွဲ့တွေက ကျွန်တော့်ကိုကူညီခဲ့ပြီး တတိယဘဝကိုပါပေးခဲ့သေးတာပါ။” ဆိုပြီး Zhang က ဆိုခဲ့ပါတယ်။
.
အခုဆိုရင် Zhang က သူ့ရဲ့အဖွားနဲ့ အားလပ်ရက်အချိန်တွေဆို အပြင်တွေထွက်လည်ကြပါတယ်။ Zhang ရဲ့ ပြောဆိုချက်အရ သူ့အဖွားဟာ ငယ်ငယ်တုန်းကဆို အလှအပတွေကြိုက်နှစ်သက်ပေမဲ့ သူမရဲ့မိသားစုတွေ၊ ကလေးတွေကိုပြုစုနေရတာကြောင့် သူမမှာ အခွင့်အရေးမရှိခဲ့ပါဘူး။သူမရဲ့ဘဝမှာ မင်္ဂလာဆောင်ဝတ်စုံဆိုတာ တစ်ခါမှ မဝတ်ဖူးတာအမှန်ပါ။တစ်နေ့မှာတော့ Zhang က သူ့ရဲ့အဖွားနဲ့ အဖိုးအတွက်ဆိုပြီး အံ့သြစရာဖြစ်တဲ့ wedding photoshoot တစ်ခုကို စီစဉ်ခဲ့ရာ ကံမကောင်းစွာဘဲ သူ့ရဲ့အဖိုးအိုက ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့် ဓာတ်ပုံရိုက်ကူးဖို့ အဆင်မပြေခဲ့ပါဘူး။ဒါကြောင့် Zhangက ယူနီးဖောင်းဝတ်စုံဝတ်ပြီး သူ့အဖွားနဲ့ ဓာတ်ပုံရိုက်ဖို့ဆုံးဖြတ်လိုက်တာပါ။ “အဖွားအဲ့ဒီဓာတ်ပုံကြည့်လိုက်တဲ့အခါတွေဆို သူရှက်သလိုခံစားရပေမဲ့ ပျော်နေခဲ့ပါတယ်” လို့ Zhang ကပြောခဲ့ပါတယ်။
Mia (Mckzone Daily)
Source : worldofbuzz
Be the first to comment on "အသက်အရွယ်အရမ်းကွာတဲ့ အဖွားအိုနဲ့အတူ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ကူးခဲ့လို့ လူတွေရဲ့အထင်လွဲခြင်းခံခဲ့ရတဲ့ ၂၄နှစ်ကောင်လေး"