ကေလးငယ္ႏွစ္ဦးနဲ႔အတူ 7နာရီခန္႔ ေရခ်ိဳးခန္းထဲ ပိတ္မိေနခဲ့တဲ့အျဖစ္ကို ေဝမ်ွခဲ့တဲ့မိခင္

ကိုယ့္ကိုအႏၱရာယ္ကေန ကာကြယ္ဖို႔တပ္ဆင္ထားတဲ့အရာက တစ္ခါတစ္ေလကိုယ့္ကိုျပန္ၿပီး ဒုကၡေရာက္ေစတတ္တဲ့အျဖစ္မ်ိဳးကိုျမင္ေယာင္ၾကည့္လိုက္ပါ ။ တကယ့္ကို ေၾကာက္မက္ဖြယ္ေကာင္းလြန္းလွပါတယ္ ။မေလး႐ွားႏိုင္ငံက Safra Hussain အမည္႐ွိတဲ့ မိခင္တစ္ဦးဟာ 7 နာရီခန္႔ ကေလးႏွစ္ေယာက္နဲ႔အတူ ေရခ်ိဳးခန္းထဲ ပိတ္မိေနခဲ့တဲ့အေၾကာင္းကိုေဝမ်ွခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ သူမဟာ ကေလးႏွစ္ေယာက္ကို ေရခ်ိဳးေပးေနတုန္း ေရခ်ိဳးခန္းရဲ႕အတြင္းဖက္ကတံခါးက ေသာ့ခတ္သြားခဲ့ၿပီး ေလာက္စ္က့် သြားခဲ့တာကို သတိထားမိခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမကိုယ္တိုင္စိတ္ကို တည္ၿငိမ္ေနေစဖို႔ ကေလးေတြကို ဆပ္ျပာရည္နဲ႔ ေဆာ့ကစားေစခဲ့ပါတယ္ ။ သူမမွာ႐ွိတဲ့အားနဲ႔ တံခါးကိုေစာင့္ဖြင့္ၿပီး ၊ သဘတ္ေတြနဲ႔ လက္ကိုင္ကိုဆြဲဖြင့္ခဲ့ေပမဲ့လည္း လံုးဝေလာက့္က်ေနခဲ့တာပါ ။ ထိုအခ်ိန္မွာ သူမဆီမွာ ဖုန္းလည္း႐ွိမေနခဲ့ပါဘူး ။

ကေလးငယ္ေတြရဲ႕လက္ နဲ႔ ေျခေထာက္ေတြက ေအးခဲၿပီး ျပာႏွံႏွံျဖစ္လာခဲ့ခ်ိန္မွာေတာ့ သူမအေတာ္ေလးစိုးရိမ္ခဲ့ၿပီး ေရေႏြးဖြင့္ေပးခဲ့ရပါတယ္ ။သူမရဲ႕သမီးေလးက ဗိုက္ဆာတယ္လို႔ ေျပာဆိုလာခဲ့ခ်ိန္မွာေတာ့ သူမဟာ ကေလးငယ္ေတြကို ေရေတြသာတိုက္ခဲ့ရပါတယ္ ။ ပင္ပန္းလာခဲ့ၿပီး အိပ္ေမာက်ခ်င္ခဲ့တဲ့အထိ ျဖစ္လာခဲ့ၿပီး ၊ မ်က္လံုးေတြ မွိတ္ထားခ်င္ခဲ့ၾကတဲ့အထိပါ ။

ကံေကာင္းစြာနဲ႔ သူမရဲ႕ခင္ပြန္းျဖစ္သူက ပံုမွန္ Facebook stories မွာ update လုပ္ေလ့႐ွိတဲ့ သူမက ဘာ post မွ မတင္ခဲ့လို႔ စိတ္ထဲတစ္ခုခုျဖစ္ေနၿပီဆိုၿပီး ခံစားရလာကာ ဇနီးကို ဖုန္အႀကိမ္ႀကိမ္ဆက္ခဲ့ပါေတာ့တယ္ ။ သူမက ဖုန္းမကိုင္လို႔ သမီးႀကီးရဲ႕ေက်ာင္းဆီသို႔ လိုက္သြားခဲ့ခ်ိန္မွာေတာ့ သမီးေက်ာင္းမလာမွန္း သိသြားခဲ့ၿပီး ခင္ပြန္းျဖစ္သူမွာ ေနအိမ္သို႔ေျပးျပန္ခဲ့ပါတယ္ ။ ေနအိမ္ေရာက္ခဲ့ခ်ိန္မွ ဇနီး နဲ႔ ကေလးေတြ ေရခ်ိဳးခန္းထဲပိတ္မိေနမွန္းသိခဲ့ၿပီး ေသာ့နဲ႔တံခါးကိုဖြင့္ခဲ့ေပမဲ့လည္း အဆင္မေျပလို႔ ေနာက္ဆံုးေဆာင့္ကန္ကာတံခါးဖ်က္ၿပီး ဖြင့္ခဲ့ရေၾကာင္းသိရပါတယ္ ။ အႀကီးဆံုးသမီးမွာေတာ့ ယခုအခ်ိန္ထိ ေရခ်ိဳးခန္းထဲ မဝင္ရဲဘဲ ေၾကာက္လန္႔ေနေၾကာင္း သူမတို႔ရဲ႕အျဖစ္အပ်က္ကို social media ေပၚမွာေဝမ်ွသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ကိုယ့်ကိုအန္တရာယ်ကနေ ကာကွယ်ဖို့တပ်ဆင်ထားတဲ့အရာက တစ်ခါတစ်လေကိုယ့်ကိုပြန်ပြီး ဒုက္ခရောက်စေတတ်တဲ့အဖြစ်မျိုးကိုမြင်ယောင်ကြည့်လိုက်ပါ ။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပါတယ် ။မလေးရှားနိုင်ငံက Safra Hussain အမည်ရှိတဲ့ မိခင်တစ်ဦးဟာ 7 နာရီခန့် ကလေးနှစ်ယောက်နဲ့အတူ ရေချိုးခန်းထဲ ပိတ်မိနေခဲ့တဲ့အကြောင်းကိုဝေမျှခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ သူမဟာ ကလေးနှစ်ယောက်ကို ရေချိုးပေးနေတုန်း ရေချိုးခန်းရဲ့အတွင်းဖက်ကတံခါးက သော့ခတ်သွားခဲ့ပြီး လောက်စ်ကျ့ သွားခဲ့တာကို သတိထားမိခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမကိုယ်တိုင်စိတ်ကို တည်ငြိမ်နေစေဖို့ ကလေးတွေကို ဆပ်ပြာရည်နဲ့ ဆော့ကစားစေခဲ့ပါတယ် ။ သူမမှာရှိတဲ့အားနဲ့ တံခါးကိုစောင့်ဖွင့်ပြီး ၊ သဘတ်တွေနဲ့ လက်ကိုင်ကိုဆွဲဖွင့်ခဲ့ပေမဲ့လည်း လုံးဝလောက့်ကျနေခဲ့တာပါ ။ ထိုအချိန်မှာ သူမဆီမှာ ဖုန်းလည်းရှိမနေခဲ့ပါဘူး ။

ကလေးငယ်တွေရဲ့လက် နဲ့ ခြေထောက်တွေက အေးခဲပြီး ပြာနှံနှံဖြစ်လာခဲ့ချိန်မှာတော့ သူမအတော်လေးစိုးရိမ်ခဲ့ပြီး ရေနွေးဖွင့်ပေးခဲ့ရပါတယ် ။သူမရဲ့သမီးလေးက ဗိုက်ဆာတယ်လို့ ပြောဆိုလာခဲ့ချိန်မှာတော့ သူမဟာ ကလေးငယ်တွေကို ရေတွေသာတိုက်ခဲ့ရပါတယ် ။ ပင်ပန်းလာခဲ့ပြီး အိပ်မောကျချင်ခဲ့တဲ့အထိ ဖြစ်လာခဲ့ပြီး ၊ မျက်လုံးတွေ မှိတ်ထားချင်ခဲ့ကြတဲ့အထိပါ ။

ကံကောင်းစွာနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူက ပုံမှန် Facebook stories မှာ update လုပ်လေ့ရှိတဲ့ သူမက ဘာ post မှ မတင်ခဲ့လို့ စိတ်ထဲတစ်ခုခုဖြစ်နေပြီဆိုပြီး ခံစားရလာကာ ဇနီးကို ဖုန်အကြိမ်ကြိမ်ဆက်ခဲ့ပါတော့တယ် ။ သူမက ဖုန်းမကိုင်လို့ သမီးကြီးရဲ့ကျောင်းဆီသို့ လိုက်သွားခဲ့ချိန်မှာတော့ သမီးကျောင်းမလာမှန်း သိသွားခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ နေအိမ်သို့ပြေးပြန်ခဲ့ပါတယ် ။ နေအိမ်ရောက်ခဲ့ချိန်မှ ဇနီး နဲ့ ကလေးတွေ ရေချိုးခန်းထဲပိတ်မိနေမှန်းသိခဲ့ပြီး သော့နဲ့တံခါးကိုဖွင့်ခဲ့ပေမဲ့လည်း အဆင်မပြေလို့ နောက်ဆုံးဆောင့်ကန်ကာတံခါးဖျက်ပြီး ဖွင့်ခဲ့ရကြောင်းသိရပါတယ် ။ အကြီးဆုံးသမီးမှာတော့ ယခုအချိန်ထိ ရေချိုးခန်းထဲ မဝင်ရဲဘဲ ကြောက်လန့်နေကြောင်း သူမတို့ရဲ့အဖြစ်အပျက်ကို social media ပေါ်မှာဝေမျှသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကေလးငယ္ႏွစ္ဦးနဲ႔အတူ 7နာရီခန္႔ ေရခ်ိဳးခန္းထဲ ပိတ္မိေနခဲ့တဲ့အျဖစ္ကို ေဝမ်ွခဲ့တဲ့မိခင္"

Leave a comment

Your email address will not be published.


*