.
.
.
JRose (Mckzone Daily)
Source : dailymail
Unicode
Queensland ကမ်းခြေမှာ တွေ့ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတဲ့ ပင်လယ်သတ္တဝါကြောင့် အင်တာနက်ပေါ်ကလူတွေကို ရှုပ်ထွေးစေခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ၊ နိုအာမြို့က Sunshine coast အမျိုးသမီးတစ်ဦးဟာ ကြောက်မက်ဖွယ်အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။”ဒီငါးအမျိုးအစားကို ဘယ်သူသိသလဲ? ဒီနေ့မနက် မြောက်ပိုင်းကမ်းခြေမှာ ငါဒီဟာကို တွေ့လိုက်တယ်” ဆိုပြီး သူမ ဒေသခံ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။ကြည့်ရှုသူတွေက ဒီအကောင်က Flathead လား ဒါမှမဟုတ် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ကျောက်ငါးဖြစ်နိုင်မလားဆိုပြီး စဝေစဝါဖြစ်နေကြပါတယ်။မျက်လုံးတွေက ဦးခေါင်းထိပ်မှာရှိပြီး အလွန်ပါးလွှာတဲ့ အံသွားတွေနဲ့ ပြည့်နှက်နေပါတယ်။ကြည့်ရှုသူတွေက “ဒါက ငါ့ရည်းစားဟောင်းပါ။ဟိုတခါတုန်းက သူ့ကိုပင်လယ်ထဲပစ်လိုက်တာလေ”စတဲ့ ရယ်စရာမှတ်ချက်လေးတွေ ပေးနေကြပါတယ်။Stagazers မျိုးစိတ် ၂၀ ခန့်ကို သြစတြေးလျရေမှာ တွေ့နိုင်ပါတယ်။Macquarie တက္ကသိုလ်က ဇီဝသိပ္ပံဌာနမှ ပါမောက္ခ Culum Brown ဟာ ၎င်းသတ္တဝါဟာ Stagazer ငါးအမျိုးအစားဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
JRose (Mckzone Daily)
Be the first to comment on "ကြောက်စရာကောင်းတဲ့သွားများနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်ငါး"