အစားအစာမျိုချဖို့ခက်ခဲတဲ့ရောဂါဝေဒနာမျိုးခံစားနေရတဲ့သမီးငယ်ကို ကိုယ်တိုင်ပါးစပ်နဲ့ဝါးပြီးခွံကျွေးလေ့ရှိတဲ့ ဖခင်ရဲ့ရင်နင့်ဖွယ်အဖြစ်


.

.

.

.

Jasmine (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ငှက်မကြီးတွေက အသိုက်ထဲမှာရှိတဲ့ ဆာလောင်နေတဲ့ ငှက်ပေါက်လေးတွေကို သူမရှာဖွေထားတဲ့ပိုးကောင်တွေကို ပါးစပ်ထဲငုံထားပြီး ဒါမှမဟုတ် ကိုက်ချီလာပြီး ပါးစပ်နဲ့အစာကျွေးတာမျိုး မြင်ဖူးတွေ့ဖူးကြမှာပါ ။ ဒီတစ်ခေါက်လည်း ထိုနည်းတူပါပဲ ။ Wang Zhihua အမည်ရှိတဲ့ဖခင်ဟာ အဲ့တုန်းက အသက် 2 နှစ်သာရှိသေးတဲ့ သူ့ရဲ့သမီးငယ်လေးကို ငှက်မကြီးတွေအစာရှာကျွေးတဲ့နည်းလမ်းအတိုင်းသုံးပြီး သမီးလေးကိုအစာကျွေးရလို့ပါပဲ ။ သမီးငယ်ဟာ မျိုချဖို့ခက်ခဲတဲ့ရောဂါဝေဒနာတစ်မျိုးကိုခံစားနေရတာပါ ။ သေးငယ်တဲ့အစားအစာတွေကိုတောင် မမျိုချနိုင်လို့ ၊ မကြခဏ ပြန်အန်ထွက်ခဲ့ရတဲ့အထိပါပဲ ။ဒါကြောင့် ဖခင် Wang Zhihua က သမီးကိုအစာကျွေးဖို့ နေ့စဉ် အကြိမ်အရေအတွက်မြောက်များစွာအစာကိုကြေညှက်နေအောင်ဝါးပြီး ယခုလို ပါးစပ်နဲ့ သမီးကိုအစာ ခွံရတဲ့အထိပါပဲ ။ ရက်ပေါင်းများစွာ သမီးငယ်အပေါ် မငြိုငြင်ဘဲ ကြိုးစားကုသပေးနေတဲ့ ဖခင်တစ်ယောက်ရဲ့မေတျာဟာ အတော့်ကိုကြီးမြတ်လွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အစားအစာမျိုချဖို့ခက်ခဲတဲ့ရောဂါဝေဒနာမျိုးခံစားနေရတဲ့သမီးငယ်ကို ကိုယ်တိုင်ပါးစပ်နဲ့ဝါးပြီးခွံကျွေးလေ့ရှိတဲ့ ဖခင်ရဲ့ရင်နင့်ဖွယ်အဖြစ်"

Leave a comment

Your email address will not be published.


*