“အင်စတာဂရမ်အကောင့်” ကိုဖွင့်တဲ့ QR code ကို တက်တူးထိုးလိုက်တဲ့ Influencer တစ်ဦး



JRose (Mckzone Daily)

Source : worldofbuzz

Unicode

အချို့သော Social Media Influencer တွေဟာ Follower အများအပြားရရှိဖို့နဲ့ နာမည်ကြီးကျော်ကြားဖို့အတွက် ထူးကဲဆန်းကျယ်တဲ့အရာတွေကိုဖန်တီးလေ့ရှိကြပါတယ်။အခု Mauricio Gomez လို့အမည်ရှိတဲ့ Influencer တစ်ဦးကတော့ သူ့ရဲ့ Instagram Account ကိုဖွင့်တဲ့ QR code ကို သူ့ရဲ့ လည်တိုင်နောက်ဘက်မှာတက်တူးအနေနဲ့ထိုးထားတဲ့ပုံကို တင်လိုက်တဲ့အခါ ကမ္ဘာတစ်ဝှမ်းက Netizen တွေရဲ့ အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။အများအားဖြင့် လူတွေက သူ့ကို La Liendra လို့သိကြပါတယ်။

La Liendra ဟာ QR code ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို Follower 5.4 သန်းလောက်ရှိတဲ့သူ့ရဲ့ Instagram မှာ Video လေးနဲ့တင်ပြခဲ့ပါတယ်။ Video ထဲမှာ La Liendra ဟာ သူ့ရဲ့ လည်တိုင်နောက်ဘက်မှာ QR code တက်တူးပုံကိုဓာတ်ပုံရိုက်နိုင်ဖို့ pose ပေးပြီး နောက်လူတစ်ယောက်က သူ့ရဲ့ဖုန်းကင်မရာနဲ့ QR code ကို Scan ဖတ်လိုက်ပါတယ်။စက္ကန့် အနည်းငယ်လောက်ကြာတော့ Instagram page ကိုဖွင့်ဖို့ Message ဝင်လာပါတယ်။အဲ့ဒီ Video ကိုသူ့ရဲ့ Follower တွေတွေ့ပြီးတော့ တစ်ချို့က အံ့သြသွားကြပြီး၊တစ်ချို့ကြတော့းလှောင်ပြောင်ကြတာတွေလည်းရှိပါတယ်။ဒါပေမဲ့ ကံဆိုးတာက QR code ဟာ ကြာကြာအလုပ်မလုပ်ခဲ့ပါဘူး။ La Liendra ဟာသူ့ရဲ့ Social Media content အတွက် Porsche ပြိုင်ကားကိုငှားယူပြီးနောက် QR code တက်တူးဟာအလုပ်မလုပ်တော့တာကို ပလက်စတစ်ခွဲစိတ်ဆရာဝန်နဲ့ သူ့ရဲ့သူငယ်ချင်း Carlos Ramos ကိုပြောပြခဲ့ပါတယ်။သူ့ရဲ့ တက်တူးဟာ မသန့်ရှင်းတော့တာကြောင့် QR code ကို Scan ဖတ်လို့မရတာ နဲ့ သူ့ရဲ့ Skin တွေပြောင်းလဲသွားတာကြောင့် လို့ထင်ပါတယ်။

JRose (Mckzone Daily)

Be the first to comment on "“အင်စတာဂရမ်အကောင့်” ကိုဖွင့်တဲ့ QR code ကို တက်တူးထိုးလိုက်တဲ့ Influencer တစ်ဦး"

Leave a comment

Your email address will not be published.


*