ဟင်းပွဲအော်ဒါမှာပြီး နောက်ဆုံးမှအော်ဒါပြန်ဖျက်ခဲ့တဲ့ Customer ကြောင့် ဟင်းချက်နေရင်း ဝမ်းနည်းငိုကြွေးနေခဲ့တဲ့ အမျိုးသား



Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ရဲ့ ဟင်းချက်နေရင်း ငိုကြွေးနေခဲ့တဲ့ video ဖိုင်ဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ အကြောင်းကတော့ Customer တစ်ဦးဟာ အဆိုပါအမျိုးသားထံ ဟင်းပွဲပေါင်း 60 မှာယူခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဟင်းတွေချက်ပြုတ်ပြီးစီးတော့မဲ့ အချိန်ကျမှ အော်ဒါကိုဖျက်သိမ်းပစ်ခဲ့တဲ့ customer ရဲ့ လုပ်ရပ်ကြောင့် အဆိုပါအမျိုးသားဟာ ဝမ်းနည်းငိုကြွေးခဲ့ရပါတယ် ။ ဘာလို့လည်းဆိုတော့ အဆိုပါအမျိုးသားဟာ အိမ်နီးချင်းတွေထံ ငွေချေးငှါးပြီး ဟင်းအမျိုးအမယ်တွေဝယ်ယူကာ ချက်ပြုတ်ခဲ့လို့ပါပဲ ။

အမြတ်မရခဲ့တဲ့အပြင် အကြွေးတွေပါတင်သွားခဲ့လို့ ဝမ်းနည်းနေတာပါ ။ သို့ပေမဲ့ အော်ဒါဖျက်ခဲ့တဲ့ဟင်းပွဲတွေကို ဘုရားကျောင်းမှာလှူဒါန်းဖို့ ဆက်လက်ကြိုးစားပြီး ချက်ပြုတ်နေခဲ့ပါတယ် ။ Video ရိုက်ကူးခဲ့သူကတော့ အော်ဒါမှာယူခဲ့တဲ့ Customer အနေနဲ့ ဟင်းဖိုးငွေအရင်း ပြန်ပေးဖို့နဲ့ ၊အခြားသူတွေလည်း အဆိုပါအမျိုးသားထံ ဟင်းတွေမှာယူပြီး သူ့ရဲ့စီးပွားရေးအနည်းငယ် ကောင်းမွန်လာအောင် ကူညီပေးဖို့ ရည်ရွယ်ပြီး ရိုက်ကူးဝေမျှခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment