ေစ်းထဲလာေရာက္လည္ပတ္သူေတြက အစားအေသာက္ေတြ အဆမတန္ေကြၽးလြန္းလို႔ အဝလြန္ၿပီးဒုကၡေရာက္ေနတဲ့ ေမ်ာက္ေလး

ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕ရဲ႕ Min Buri ေစ်းမွာ႐ွိတဲ့ 3 ႏွစ္သားအရြယ္ ‘ေဂၚဇီလာ’ အမည္႐ွိတဲ့ ေမ်ာက္ေလးဟာ အက်ႌေလးဝတ္ထားၿပီး ဝတုတ္ေနတဲ့ကိုယ္လံုးေလးနဲ႔မို႔ ေစ်းသို့လာေရာက္လည္ပတ္သူေတြအၾကား ေရပန္းစားလ်က္႐ွိပါတယ္ ။ေမ်ာက္ေလးရဲ႕ သခင္ျဖစ္သူ Manop ရဲ႕ေျပာျပခ်က္အရ အရင္ပိုင္႐ွင္ကေမ်ာက္ေလးကိုေစ်းမွာ စြန္႔ပစ္ခဲ့တာျဖစ္ၿပီး ၊ Manop က ေခၚယူကာ ေသေသခ်ာခ်ာေလး ေကြၽးေမြးေစာင့္ေ႐ွာက္ထားတာပါ ။ Manop က ေနအိမ္မွာေမ်ာက္ေလးကို ထားရစ္ခဲ့ရင္ အထီးက်န္မွာစိုးရိမ္လို႔ ယခုလိုေစ်းထဲေခၚလာၿပီး ႀကိဳးေလးနဲ႔ခ်ည္ထားခဲ့ရတာျဖစ္ေၾကာင္း သိရပါတယ္ ။

ဒါေၾကာင့္ ေစ်းထဲလာေရာက္လည္ပတ္သူက ေမ်ာက္ေလး ကိုေတြ႔ၿပီး အစားအေသာက္ေတြေကြၽးေမြးခဲ့ၾကတာပါ ။ ငယ္ရြယ္စဥ္ကတည္းက လူေတြနဲ႔အတူေနလာခဲ့လို႔ ေမ်ာက္ေလး ‘ေဂၚဇီလာ’ ဟာ ေတာထဲမွာ ကိုယ္တိုင္အစာထြက္႐ွာႏိုင္ျခင္းမ်ိဳး မတတ္ေတာ့ပါဘူး ။ ပံုမွန္ ေမ်ာက္ေလးရဲ႕ ကိုယ္အေလးခ်ိန္က 8kg သာ႐ွိရမွာျဖစ္ေပမဲ့ ေဂၚဇီလာရဲ႕ကိုယ္အေလးခ်ိန္မွာေတာ့ 20kg ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ Manop က ေဂၚဇီလာကို မနက္တိုင္းေခၚၿပီး ေလ့က်င့္ခန္းလုပ္ေစခဲ့ေပမဲ့လည္း ကိုယ္အေလးခ်ိန္က်သြားျခင္းမ်ိဳးမ႐ွိပါဘူး ။ ဒါေၾကာင့္ Manop အေနနဲ႔ အဝလြန္ၿပီးဒုကၡေရာက္ေနတဲ့ ေဂၚဇီလာ ေမ်ာက္ေလးကို ဒီထက္ပိုဂ႐ုတစိုက္ ေကြၽးေမြးျပဳစုေစာင့္ေ႐ွာက္ဖို႔ ေမ်ွာ္လင့္မိပါတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရဲ့ Min Buri ဈေးမှာရှိတဲ့ 3 နှစ်သားအရွယ် ‘ဂေါ်ဇီလာ’ အမည်ရှိတဲ့ မျောက်လေးဟာ အင်္ကျီလေးဝတ်ထားပြီး ဝတုတ်နေတဲ့ကိုယ်လုံးလေးနဲ့မို့ ဈေးသို့လာရောက်လည်ပတ်သူတွေအကြား ရေပန်းစားလျက်ရှိပါတယ် ။မျောက်လေးရဲ့ သခင်ဖြစ်သူ Manop ရဲ့ပြောပြချက်အရ အရင်ပိုင်ရှင်ကမျောက်လေးကိုဈေးမှာ စွန့်ပစ်ခဲ့တာဖြစ်ပြီး ၊ Manop က ခေါ်ယူကာ သေသေချာချာလေး ကျွေးမွေးစောင့်ရှောက်ထားတာပါ ။ Manop က နေအိမ်မှာမျောက်လေးကို ထားရစ်ခဲ့ရင် အထီးကျန်မှာစိုးရိမ်လို့ ယခုလိုဈေးထဲခေါ်လာပြီး ကြိုးလေးနဲ့ချည်ထားခဲ့ရတာဖြစ်ကြောင်း သိရပါတယ် ။

ဒါကြောင့် ဈေးထဲလာရောက်လည်ပတ်သူက မျောက်လေး ကိုတွေ့ပြီး အစားအသောက်တွေကျွေးမွေးခဲ့ကြတာပါ ။ ငယ်ရွယ်စဉ်ကတည်းက လူတွေနဲ့အတူနေလာခဲ့လို့ မျောက်လေး ‘ဂေါ်ဇီလာ’ ဟာ တောထဲမှာ ကိုယ်တိုင်အစာထွက်ရှာနိုင်ခြင်းမျိုး မတတ်တော့ပါဘူး ။ ပုံမှန် မျောက်လေးရဲ့ ကိုယ်အလေးချိန်က 8kg သာရှိရမှာဖြစ်ပေမဲ့ ဂေါ်ဇီလာရဲ့ကိုယ်အလေးချိန်မှာတော့ 20kg ဖြစ်ကြောင်း သိရှိရပါတယ် ။ Manop က ဂေါ်ဇီလာကို မနက်တိုင်းခေါ်ပြီး လေ့ကျင့်ခန်းလုပ်စေခဲ့ပေမဲ့လည်း ကိုယ်အလေးချိန်ကျသွားခြင်းမျိုးမရှိပါဘူး ။ ဒါကြောင့် Manop အနေနဲ့ အဝလွန်ပြီးဒုက္ခရောက်နေတဲ့ ဂေါ်ဇီလာ မျောက်လေးကို ဒီထက်ပိုဂရုတစိုက် ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ မျှော်လင့်မိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment