တစ္အိမ္တည္းအတူေနတဲ့ သူငယ္ခ်င္းေသသြားမွန္းမသိဘဲ 4ရက္အၾကာအတူေနထိုင္ခဲ့သူ

လူေသအေလာင္းနဲ႔ 4ရက္ခန္႔အတူတူေနတယ္ဆိုေတာ့ ေတာ္ေတာ္ေလးကိုအံ့ၾသမိပါတယ္ ။ ဘာလို႔ပဲျဖစ္ျဖစ္ အနံ႔အသက္ဆိုးေတာ့ရမွာဆိုေပမဲ့လည္း 4ရက္အၾကာမွ သိတယ္ဆိုေတာ့ ေတာ္ေတာ္ေလးကိုဆိုးဝါးတဲ့အနံ႔ရမွ သတိထားမိပံုရပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Kota Kinabalu ၿမိဳ႕မွာေနထိုင္တဲ့ အသက္20 အရြယ္မိန္းကေလးဟာ သူမနဲ႔အတူတစ္အိမ္တည္းအတူေနထိုင္တဲ့ မိန္းကေလးရဲ႕အခန္းထဲမွ ပုပ္ေစာ္နံ႔လြန္းတဲ့အနံ႔ရ႐ွိခဲ့လို႔ ညေန 4နာရီအခ်ိန္မွာ ရဲဌာနသို႔တိုင္ၾကားခဲ့ပါတယ္ ။ 10မိနစ္အၾကာမွာေတာ့ ရဲအရာ႐ွိေတြေရာက္႐ွိလာၿပီး စစ္ေဆးၾကည့္ခဲ့ရာ ေသဆံုးၿပီး 4ရက္ခန္႔ၾကာျမင့္ေနၿပီျဖစ္တဲ့ လူေသအေလာင္းကို ေတြ႔႐ွိခဲ့ရပါတယ္ ။

ေသဆံုးသြားခဲ့တဲ့ မိန္းကေလးမွာ အသက္ 27ႏွစ္အရြယ္ ေက်ာင္းဆရာမျဖစ္ၿပီး ၊ တစ္အိမ္တည္းအတူေနတဲ့မိန္းကေလးရဲ႕ေျပာျပခ်က္အရ သူမဟာအခန္းျပင္မထြက္လာတာ 3ရက္ခန္႔႐ွိေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ရဲအရာ႐ွိေတြ အဆိုပါအခင္ျဖစ္ပြားရာေနအိမ္သို႔ေရာက္႐ွိၿပီး အခန္းတံခါးဖြင့္လိုက္ခ်ိန္မွာေတာ့ အနံ႔အသက္ဟာမခံႏိုင္ေလာက္ေအာင္ ဆိုးဝါးလြန္းၿပီး အခန္းထဲမွေသဆံုးေနတဲ့မိန္းကေလးအေလာင္းကို ေတြ႔႐ွိခဲ့ၾကတာပါ ။ ထို႔ျပင္ အေလာင္းေကာင္၏ေဘးပတ္ပတ္လည္တြင္ ေသြးမ်ားစြာျဖင့္ၾကမ္းျပင္ေပၚ လဲက်ေနခဲ့တာပါ ။ သူမဟာ ကိုယ့္ဘာသာကို လဲက်သြားခဲ့ပံုရပါတယ္ ။

ရဲအရာ႐ွိေတြစံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူမ မိသားစုေတြရဲ႕ေျပာျပခ်က္အရ သူမမွာႏွလံုးေရာဂါ႐ွိေနခဲ့ၿပီး ႏွလံုးေဖာက္၍႐ုတ္တရက္ေစဆံုးသြားခဲ့ပံုရပါတယ္ ။ ထို႔အျပင္ သူမ အခန္းထဲကေန အျပင္မထြက္တာ 3ရက္႐ွိၿပီဆိုတဲ့အခ်က္က သူမဟာ ႐ုတ္တရက္ေသဆံုးသြားခဲ့တာျဖစ္ေၾကာင္း ရဲအရာ႐ွိမ်ားက ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္ ။ ထို႔အျပင္ သူမ၏႐ုပ္အေလာင္းကို Queen Elizabeth Hospital သို႔ပို႔ေဆာင္ခဲ့ၿပီး ေသဆံုးမႈျဖစ္စဥ္ အေသးစိတ္ကိုစစ္ေဆးေဖာ္ထုတ္မည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူသေအလောင်းနဲ့ 4ရက်ခန့်အတူတူနေတယ်ဆိုတော့ တော်တော်လေးကိုအံ့သြမိပါတယ် ။ ဘာလို့ပဲဖြစ်ဖြစ် အနံ့အသက်ဆိုးတော့ရမှာဆိုပေမဲ့လည်း 4ရက်အကြာမှ သိတယ်ဆိုတော့ တော်တော်လေးကိုဆိုးဝါးတဲ့အနံ့ရမှ သတိထားမိပုံရပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kota Kinabalu မြို့မှာနေထိုင်တဲ့ အသက်20 အရွယ်မိန်းကလေးဟာ သူမနဲ့အတူတစ်အိမ်တည်းအတူနေထိုင်တဲ့ မိန်းကလေးရဲ့အခန်းထဲမှ ပုပ်စော်နံ့လွန်းတဲ့အနံ့ရရှိခဲ့လို့ ညနေ 4နာရီအချိန်မှာ ရဲဌာနသို့တိုင်ကြားခဲ့ပါတယ် ။ 10မိနစ်အကြာမှာတော့ ရဲအရာရှိတွေရောက်ရှိလာပြီး စစ်ဆေးကြည့်ခဲ့ရာ သေဆုံးပြီး 4ရက်ခန့်ကြာမြင့်နေပြီဖြစ်တဲ့ လူသေအလောင်းကို တွေ့ရှိခဲ့ရပါတယ် ။

သေဆုံးသွားခဲ့တဲ့ မိန်းကလေးမှာ အသက် 27နှစ်အရွယ် ကျောင်းဆရာမဖြစ်ပြီး ၊ တစ်အိမ်တည်းအတူနေတဲ့မိန်းကလေးရဲ့ပြောပြချက်အရ သူမဟာအခန်းပြင်မထွက်လာတာ 3ရက်ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။ ရဲအရာရှိတွေ အဆိုပါအခင်ဖြစ်ပွားရာနေအိမ်သို့ရောက်ရှိပြီး အခန်းတံခါးဖွင့်လိုက်ချိန်မှာတော့ အနံ့အသက်ဟာမခံနိုင်လောက်အောင် ဆိုးဝါးလွန်းပြီး အခန်းထဲမှသေဆုံးနေတဲ့မိန်းကလေးအလောင်းကို တွေ့ရှိခဲ့ကြတာပါ ။ ထို့ပြင် အလောင်းကောင်၏ဘေးပတ်ပတ်လည်တွင် သွေးများစွာဖြင့်ကြမ်းပြင်ပေါ် လဲကျနေခဲ့တာပါ ။ သူမဟာ ကိုယ့်ဘာသာကို လဲကျသွားခဲ့ပုံရပါတယ် ။

ရဲအရာရှိတွေစုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ သူမ မိသားစုတွေရဲ့ပြောပြချက်အရ သူမမှာနှလုံးရောဂါရှိနေခဲ့ပြီး နှလုံးဖောက်၍ရုတ်တရက်စေဆုံးသွားခဲ့ပုံရပါတယ် ။ ထို့အပြင် သူမ အခန်းထဲကနေ အပြင်မထွက်တာ 3ရက်ရှိပြီဆိုတဲ့အချက်က သူမဟာ ရုတ်တရက်သေဆုံးသွားခဲ့တာဖြစ်ကြောင်း ရဲအရာရှိများက ကောက်ချက်ချခဲ့ကြပါတယ် ။ ထို့အပြင် သူမ၏ရုပ်အလောင်းကို Queen Elizabeth Hospital သို့ပို့ဆောင်ခဲ့ပြီး သေဆုံးမှုဖြစ်စဉ် အသေးစိတ်ကိုစစ်ဆေးဖော်ထုတ်မည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တစ္အိမ္တည္းအတူေနတဲ့ သူငယ္ခ်င္းေသသြားမွန္းမသိဘဲ 4ရက္အၾကာအတူေနထိုင္ခဲ့သူ"

Leave a comment

Your email address will not be published.


*