ေသဆံုးေၾကာင္း ေၾကညာခဲ့ၿပီးမွ ေနာက္ဆံုး ရင္ခြဲရံုအတြင္းမွာ ႏိုးထလာခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္ ( ႐ုပ္သံ)

Kenya ႏိုင္ငံမွာ​ေနထိုင္တဲ့ အသက္ 32 ႏွစ္အရြယ္ Peter Kigen အမည္႐ွိတဲ့အမ်ိဳးသားဟာ ဝမ္းဗိုက္ေရာဂါနဲ႔ပက္သက္ၿပီး သူ႔ရဲ႕ေနအိမ္မွာ မူးေမ့လဲသြားခဲ့ၿပီးေနာက္ ၊ မိသားစုဝင္ေတြက ေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ေဆးရံုသို႔ေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ ဆရာဝန္က Peter Kigen ဟာအသက္မ႐ွိေတာ့ေၾကာင္း ႏွင့္ ေသဆံုးေၾကာင္း စာရြက္စာတန္းေတြမွာ အခ်က္အလက္ေတြျဖည့္ေပးဖို႔ Peter ရဲ႕ ညီျဖစ္သူကို ေျပာဆိုလာခဲ့ပါတယ္ ။ ေနာက္ၿပီး Peter ရဲ႕ ႐ုပ္အေလာင္းကို ရင္ခြဲရံုသို႔ ပို႔ေဆာင္ခဲ့ပါတယ္ ။ 4 နာရီအၾကာမွာေတာ့ ရင္ခြဲရံုက ဝန္ထမ္းျဖစ္သူက Peter ရဲ႕ ႐ုပ္အေလာင္းမွ ေသြးေတြကိုေဖာက္ထုတ္ဖို႔ ေရာက္႐ွိလာခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ Peter ႏိုးထေနေၾကာင္း ရင္ခြဲရံုမွဝန္ထမ္းက ေတြ႔႐ွိသြားခဲ့ၿပီး အထိတ္တလန္႔ျဖစ္ခဲ့ၾကပါတယ္ ။

Peter ရဲ႕ညီျဖစ္သူမွာလည္း ေသခ်ာစစ္ေဆးျခင္းမ႐ွိဘဲ ေသဆံုးေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့တဲ့ဆရာဝန္ရဲ႕လုပ္ရပ္ကို အေတာ္ေလးအံ့ၾသၿပီး စိတ္ဆိုးေဒါသထြက္ခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္ ။ Peter ကိုယ္တိုင္ကလည္း သူဘယ္ကိုေရာက္လို႔ ေရာက္ေနမွန္းမသိဘဲ သတိေမ့ေနခ်ိန္ အဆိုပါေၾကညာခ်က္မ်ိဳးထုတ္ျပန္ခံရလို႔ ထိတ္လန္႔မိေၾကာင္း ဘုရားသခင္ရဲ႕ ကယ္တင္ေပးမႈေၾကာင့္သာ အသက္႐ွင္ခြင့္ရ႐ွိခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ဆရာဝန္ျဖစ္သူမွာလည္း သူ႔ရဲ႕ေပါ့ဆလြန္းတဲ့လုပ္ရပ္ေၾကာင့္ ေနာင္တရမိေၾကာင္း ေတာင္းပန္ခဲ့ပါတယ္ ။ အဆိုပါျဖစ္ရပ္ဟာ ကင္ညာႏိုင္ငံရဲ႕ ျပည္တြင္းသာမက ျပည္ပမွာပါ အေတာ္ေလးထိတ္လန္႔ေစခဲ့တဲ့ ျဖစ္ရပ္တစ္ခုလို႔ သတ္မွတ္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

Kenya နိုင်ငံမှာနေထိုင်တဲ့ အသက် 32 နှစ်အရွယ် Peter Kigen အမည်ရှိတဲ့အမျိုးသားဟာ ဝမ်းဗိုက်ရောဂါနဲ့ပက်သက်ပြီး သူ့ရဲ့နေအိမ်မှာ မူးမေ့လဲသွားခဲ့ပြီးနောက် ၊ မိသားစုဝင်တွေက ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ဆေးရုံသို့ရောက်ရှိခဲ့ချိန်မှာတော့ ဆရာဝန်က Peter Kigen ဟာအသက်မရှိတော့ကြောင်း နှင့် သေဆုံးကြောင်း စာရွက်စာတန်းတွေမှာ အချက်အလက်တွေဖြည့်ပေးဖို့ Peter ရဲ့ ညီဖြစ်သူကို ပြောဆိုလာခဲ့ပါတယ် ။ နောက်ပြီး Peter ရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပါတယ် ။ 4 နာရီအကြာမှာတော့ ရင်ခွဲရုံက ဝန်ထမ်းဖြစ်သူက Peter ရဲ့ ရုပ်အလောင်းမှ သွေးတွေကိုဖောက်ထုတ်ဖို့ ရောက်ရှိလာခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Peter နိုးထနေကြောင်း ရင်ခွဲရုံမှဝန်ထမ်းက တွေ့ရှိသွားခဲ့ပြီး အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ် ။

Peter ရဲ့ညီဖြစ်သူမှာလည်း သေချာစစ်ဆေးခြင်းမရှိဘဲ သေဆုံးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ဆရာဝန်ရဲ့လုပ်ရပ်ကို အတော်လေးအံ့သြပြီး စိတ်ဆိုးဒေါသထွက်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။ Peter ကိုယ်တိုင်ကလည်း သူဘယ်ကိုရောက်လို့ ရောက်နေမှန်းမသိဘဲ သတိမေ့နေချိန် အဆိုပါကြေညာချက်မျိုးထုတ်ပြန်ခံရလို့ ထိတ်လန့်မိကြောင်း ဘုရားသခင်ရဲ့ ကယ်တင်ပေးမှုကြောင့်သာ အသက်ရှင်ခွင့်ရရှိခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

ဆရာဝန်ဖြစ်သူမှာလည်း သူ့ရဲ့ပေါ့ဆလွန်းတဲ့လုပ်ရပ်ကြောင့် နောင်တရမိကြောင်း တောင်းပန်ခဲ့ပါတယ် ။ အဆိုပါဖြစ်ရပ်ဟာ ကင်ညာနိုင်ငံရဲ့ ပြည်တွင်းသာမက ပြည်ပမှာပါ အတော်လေးထိတ်လန့်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုလို့ သတ်မှတ်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment