ညစာအဖြစ် ချက်ပြုတ်မဲ့ပွတ်ပွတ်ဆူနေတဲ့ဟင်းအိုးထဲနေ လွတ်မြောက်နိုင်အောင် ကြိုးစားရုန်းကန်ခဲ့တဲ့ ပုဇွန် (ရုပ်သံ)



Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဒီ video လေးကိုတော့ တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ ရိုက်ကူးခဲ့တာပါ ။ ညစာအဖြစ်ထည့်ချက်မဲ့ ပွတ်ပွတ်ဆူနေတဲ့ဟင်းအိုးကနေ အဆိုပါရေချိုပုဇွန်တစ်ကောင်ဟာ ဟင်းအိုးရဲ့အစွန်တစ်ဖက်ကနေ လွတ်မြောက်ဟာ ကြိုးစားရုန်းကန်နေခဲ့တာပါ ။ သို့ပေမဲ့လည်း သူ့ရဲ့လက်တစ်ဖက်ဟာ ဟင်းအိုးထဲရောက်နင့်နေပြီး မတင်ဖို့ အင်အားမလုံလောက်တော့လို့ ကျန်လက်တစ်ဖက်နဲ့ ဟင်းအိုးထဲကလက်တစ်ဖက်ကို ဖြတ်ထုတ်ပစ်ခဲ့ပါတယ် ။ အဆိုပါ video ဟာ online ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ အဆိုပါရေချိုပုဇွန်ကို လွတ်ပေးကြဖို့တောင်းဆိုလာကြပါတယ် ။

အဆိုပါ video ကိုရိုက်ကူးနေခဲ့တဲ့အမျိုးသားကလည်း ပုဇွန်ကိုမစားရက်တော့ဘဲ ဆိုင်ရှင်ကိုခွင့်တောင်ကာ အိမ်သို့ယူပြန်ခဲ့ပြီး ငါးကန်လေးထဲမှာ ထည့်မွေးခဲ့ပါတယ် ။ အသက်တစ်ချောင်းက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို video ထဲက ပုဇွန်လေးက သူ့ရဲ့အသက်ကတန်ဖိုးရှိကြောင်း သက်သေပြလိုက်တာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment