Unicorn အရုပ်လေးကို လိုချင်လွန်းလို့ ဆိုင်ထဲအကြိမ်ကြိမ်ဝင်ခိုးခဲ့တဲ့ လမ်းဘေးခွေးလေး



Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

အမေရိကန်နိုင်ငံ North Carolina ပြည်နယ်မှာရှိတဲ့ ကုန်စုံဆိုင်တစ်ခုမှ unicorn အရုပ်လေးကို လမ်းဘေးခွေးထီးတစ်ကောင်က ခိုးယူခဲ့ကြောင်း လက်ပူးလက်ကြပ် ဖမ်းမိခဲ့တဲ့ ဆိုင်ရှင်ကပြောပြခဲ့ပါတယ် ။ ဆိုင်ပိုင်ရှင်ရဲ့ပြောပြချက်အရ ခွေးလေးက အဆိုပါအရုပ်လေးကိုဘဲ 5 ကြိမ်ခန့်ခိုးယူခဲ့သောကြောင့် နောက်ဆုံး လမ်းဘေးတိရစ္ဆာန်တွေကို ကူညီကယ်တင်ပေးတဲ့အဖွဲ့သို့ ဆက်သွယ်တိုင်ကြားခဲ့ရပါတယ် ။ အဆိုပါ အဖွဲ့အစည်းမှ တာဝန်ရှိသူများရောက်ရှိလာခဲ့ချိန်မှာတော့ ခွေးလေးကို နှင်ထုတ်ပစ်မဲ့အစား အဆိုပါ unicorn ရုပ်လေးကို ခွေးလေးအတွက် ဝယ်ပေးခဲ့ပြီး ၊ ခွေးလေးကိုပါ ကယ်တယ်စောင့်ရှောက်ပေးဖို့ ခေါ်ဆောင်သွားခဲ့ကြပါတယ် ။

နောက်ပိုင်း အဆိုပါဂေဟာက ခွေးလေးကို Sisu လို့အမည်ပေးခဲ့ပြီး ခွေးလေးရဲ့ အကြောင်းကို social media ပေါ် ဝေမျှပေးခဲ့ပါတယ် ။ နောက်တစ်ရက်မှာဘဲ ခွေးလေးကို မွေးစားမည့်သူများရောက်ရှိလာခဲ့ပြီး ခွေးလေးကတော့ သူ့ရဲ့ unicorn အရုပ်လေးနဲ့အတိုင် မိသားစုအသစ်ဆီသို့ ကံကောင်းစွာရောက်ရှိသွားခဲ့ရပါတယ် ။ သမိုင်းဝင် ချစ်ဖို့အကောင်းဆုံး ခွေးသူခိုးလေးအဖြစ် လူအတော်အများက Sisu ကို သတ်မှတ်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Unicorn အရုပ်လေးကို လိုချင်လွန်းလို့ ဆိုင်ထဲအကြိမ်ကြိမ်ဝင်ခိုးခဲ့တဲ့ လမ်းဘေးခွေးလေး"

Leave a comment

Your email address will not be published.


*