မိခင်က ပုခက်ထဲမှာ ကလေးငယ်ကိုတမှေးအိပ်အောင်သိပ်နေစဉ် အနီးသို့ရောက်လာခဲ့တဲ့ မြွေကြီးကြောင့် ထိတ်လန့်ခဲ့ရတဲ့အဖြစ် (ရုပ်သံ)


.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဒီအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး CCTV ကနေ မှတ်တမ်းရယူနိုင်ခဲ့တာပါ ။ ဗီယက်နမ်နိုင်ငံဟာ မြန်မာ နှင့် ထိုင်းနိုင်ငံတို့လို့ မြွေတွေပေါများလွန်းပါတယ် ။ ဒီတစ်ခေါက်မှာလည်း အမျိုးသမီးတစ်ဦးဟာ အိမ်ထဲမှာရှိတဲ့ ပုခက်လေးမှာ သူမရဲ့ကလေးကို တစ်ရေးအိပ်အောင်သိပ်နေခဲ့တာပါ ။ အစပိုင်းမှာ အိမ်ထဲထိဝင်လာပြီး သူမတို့ သားအမိ အနီးသို့ ဦးခေါင်းထောင်ပြီးရောက်လာခဲ့တဲ့ မြွေကို လုံးဝသတိမထားမိပါဘူး ။ သူမမြွေကြီးကို တွေ့လိုက်ချိန်မှ ထိတ်လန့်သွားခဲ့ပြီး ပုခက်ထဲက ကလေးငယ်အမြန်ပွေ့ချီကာ အိပ်ခန်းအတွင်းသို့ ပြေးဝင်ခဲ့ပါတော့တယ် ။ အချိန်အနည်းငယ်အကြာမှာတော့ မြွေကြီးက သူ၏လာရာလမ်းအတိုင်း တံခါးပေါက်ကနေ အပြင်သို့ ပြန်ထွက်ခွာသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိခင်က ပုခက်ထဲမှာ ကလေးငယ်ကိုတမှေးအိပ်အောင်သိပ်နေစဉ် အနီးသို့ရောက်လာခဲ့တဲ့ မြွေကြီးကြောင့် ထိတ်လန့်ခဲ့ရတဲ့အဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*