လျှို့ဝှက်ထောက်လှမ်းရေးသမားလိုမျိုး ဘယ်သူမှမမြင်အောင် ကျောင်းလစ်ပြေးခဲ့ကြတဲ့ ကျောင်းသားလေးတွေ (ရုပ်သံ)
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
ခေတ်ကာလတွေသာပြောင်းသွားမယ်..ဒါပေမဲ့ ကျောင်းသားတွေတိုင်းလိုလိုကတော့ ဘဝမှာတစ်ကြိမ်တစ်ခါလောက်တော့ ကျောင်းလစ်ပြေးဖူးကြမှာပါ ။ ကိုယ်တွေက အသက်ကြီးသွားလို့ အခုခေတ်ကျောင်းသားလေးတွေက ကိုယ်တွေလိုမဟုတ်ဘူးလို့ ထင်ပေမဲ့လည်း ကျောင်းသားတိုင်းကတော့ အတူတူပါပဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ ကျောင်းတစ်ကျောင်းက ကျောင်းသားလေး 2ယောက်ဟာ ကျောင်းလစ်ပြေးခဲ့ပုံရပြီးနောက် ကျောင်းထဲသို့ဘယ်သူမှမရိတ်မိအောင် ၊ ကျောင်းပုတင်းပေါက်မှန်ကနေ ဘယ်သူမှမမြင်အောင် နှစ်ယောက်သားလေးဖက်ကုန်းလေးသွားနေခဲ့တဲ့ ရုပ်သံကို ဒေသခံတစ်ဦးကအမိအရရိုက်ယူထားခဲ့ပြီးနောက် We are Malaysians ဆိုတဲ့ Facebook စာမျက်နှာကနေပြန်လည်ဝေမျှခဲ့လို့ လူကြည့်များနေလျက်ရှိပါတယ် ။
Video ထဲမှာတော့ ကျောင်းသားလေးနှစ်ယောက်ဟာ စြင်္ကံလမ်းကနေ ၎င်းတို့၏သူငယ်ချင်းများရှိရာနေရာသို့ ဘယ်သူမှမမြင်အောင် လေးဖက်ကုန်းလေးသွားနေခဲ့ကြတာပါ ။ အရှေ့ဖက်ဆုံးက ကောင်လေးဟာ အရင်ရောက်နင့်ပြီး ဘယ်သူမှမမြင်အောင် နံရံကိုကပ်ပြီး မတ်တပ်ရပ်ခဲ့ပါတယ် ။ ထို့အပြင် ကြောက်ကြောက်လန့်လန့်ဖြင့် သူ၏အနောက်ဖက်တွင်ရှိနေသော သူငယ်ချင်းကိုအမြန်လာဖို့ခေါ်ကာ ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်နေခဲ့ပါတယ် ။
သို့ပေမဲ့လည်း အနောက်မှာကျန်နေတဲ့ သူငယ်ချင်းကိုစောင့်ကြည့်ပေးရမဲ့အစား ဘာမှမဖြစ်သလိုနှင့် သူ၏ဦးထုပ်ကိုဆောင်းပြီး အခြားသူငယ်ချင်းအနားသို့ ထွက်သွားခဲ့ပါတော့တယ် ။ အဆိုပါ Video လေးဟာ လူတိုင်းရဲ့ငယ်ဘဝကို ပြန်အမှတ်ရစေခဲ့တဲ့အတွက် ပြန်လည်ဝေမျှသူများ အများအပြားရှိခဲ့ကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "လျှို့ဝှက်ထောက်လှမ်းရေးသမားလိုမျိုး ဘယ်သူမှမမြင်အောင် ကျောင်းလစ်ပြေးခဲ့ကြတဲ့ ကျောင်းသားလေးတွေ (ရုပ်သံ)"
Leave a comment
Your email address will not be published.
*