ဖိနပ္တစ္ဖက္နဲ႔ အပီအျပင္ pose ေပးကာ Selfies ဓာတ္ပံုေတြ႐ိုက္ေနၾကတဲ့ မူႀကိဳကေလးငယ္ေတြရဲ႕ (႐ုပ္သံ)

ကေလးေတြအေတာ္မ်ားမ်ားကေတာ့ လူႀကီးေတြျပဳမူတဲ့ အျပဳအမႈေတြအတိုင္လိုက္လံတုပၿပီး ေဆာ့ကစားတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ဖုန္းေတြ ၊ iPads ေတြနဲ႔ ႀကီးျပင္လာခဲ့ၾကတဲ့ ကေလးငယ္ေတြရဲ႕အျပဳအမႈ ေဆာ့ကစားတဲ့ ပံုစံကလည္း အေတာ္ခ်စ္ဖို႔ ေကာင္းလြန္းလွပါတယ္ ။ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ ကေလးမေလးႏွစ္ေယာက္ဟာ ဖိနပ္တစ္ဖက္ကို ဖုန္းတစ္ခုလို အပီအျပင္အသံုးျပဳၿပီး selfies ႐ုိက္ခဲ့ၾကတဲ့ video ေလးဟာ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။

Video ထဲမွာေတာ့ ကေလးမေလးႏွစ္ေယာက္ဟာ ဖိနပ္တစ္ဖက္ကို ဖုန္းတစ္ခုလိုေထာင္ၿပီး အပီအျပင္ Selfies ဆြဲေနခဲ့ၾကပါတယ္ ။ ၾကည့္ရတာေတာ့ ကေလးငယ္ေတြဟာ သူတို႔ရဲ႕မိဘေတြကို အတုယူၿပီး လိုက္လံတုပေနပံုရပါတယ္ ။ အျပာေရာင္ ဝက္႐ုပ္ေလးပါတဲ့ဖိနပ္ကို ကိုင္ေဆာ့ေနၾကတာပါ ။ သူတို႔ရဲ႕မ်က္ႏွာေပၚမွာလည္း ခ်စ္ဖို႔ေကာင္းလြန္းတဲ့ အျပံဳေတြ ေပၚလြင္ထင္ဟက္လြန္းပါတယ္ ။ အျပာေရာင္ ဂါဝန္ေလးနဲ႔ ကေလးမက အဆိုပါဖိနပ္ကို လွမ္းယူၿပီး အျဖဴေရာင္ဂါဝန္ေလးနဲ႔ သူငယ္ခ်င္းကို ဓာတ္ပံု႐ိုက္ေပးခဲ့ပါတယ္ ။ ဂါဝန္အျဖဴေရာင္နဲ႔ ကေလးမေလးမွာလည္း အပီအျပင္ pose ေပးေနခဲ့တာပါ ။

အဆိုပါ အျပာေရာင္ဖိနပ္ေလးက ေဘးထိုင္ခံုမွာထိုင္ေနတဲ့ ပန္းေရာင္အက်ႌနဲ႔ကေလးရဲ႕ ဖိနပ္ျဖစ္ေလာက္ပါတယ္ ။ ၾကည့္ရတာေတာ့ ဖိနပ္ေတြကို ေမ့ၿပီးတစ္ေယာက္တစ္ဖက္စီ စီးထားပံုရပါတယ္ ။ အဆိုပါ video ေလးကို ၾကည့္လိုက္ရင္ျဖင့္ ရင္ထဲေပါ့ပါးၿပီး သူတို႔ေလးေတြနဲ႔အတူ ေပ်ာ္ရႊင္မႈကို ခံစားမိၾကမွာပါ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ကလေးတွေအတော်များများကတော့ လူကြီးတွေပြုမူတဲ့ အပြုအမှုတွေအတိုင်လိုက်လံတုပပြီး ဆော့ကစားတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဖုန်းတွေ ၊ iPads တွေနဲ့ ကြီးပြင်လာခဲ့ကြတဲ့ ကလေးငယ်တွေရဲ့အပြုအမှု ဆော့ကစားတဲ့ ပုံစံကလည်း အတော်ချစ်ဖို့ ကောင်းလွန်းလှပါတယ် ။ ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးမလေးနှစ်ယောက်ဟာ ဖိနပ်တစ်ဖက်ကို ဖုန်းတစ်ခုလို အပီအပြင်အသုံးပြုပြီး selfies ရိုက်ခဲ့ကြတဲ့ video လေးဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

Video ထဲမှာတော့ ကလေးမလေးနှစ်ယောက်ဟာ ဖိနပ်တစ်ဖက်ကို ဖုန်းတစ်ခုလိုထောင်ပြီး အပီအပြင် Selfies ဆွဲနေခဲ့ကြပါတယ် ။ ကြည့်ရတာတော့ ကလေးငယ်တွေဟာ သူတို့ရဲ့မိဘတွေကို အတုယူပြီး လိုက်လံတုပနေပုံရပါတယ် ။ အပြာရောင် ဝက်ရုပ်လေးပါတဲ့ဖိနပ်ကို ကိုင်ဆော့နေကြတာပါ ။ သူတို့ရဲ့မျက်နှာပေါ်မှာလည်း ချစ်ဖို့ကောင်းလွန်းတဲ့ အပြုံတွေ ပေါ်လွင်ထင်ဟက်လွန်းပါတယ် ။ အပြာရောင် ဂါဝန်လေးနဲ့ ကလေးမက အဆိုပါဖိနပ်ကို လှမ်းယူပြီး အဖြူရောင်ဂါဝန်လေးနဲ့ သူငယ်ချင်းကို ဓာတ်ပုံရိုက်ပေးခဲ့ပါတယ် ။ ဂါဝန်အဖြူရောင်နဲ့ ကလေးမလေးမှာလည်း အပီအပြင် pose ပေးနေခဲ့တာပါ ။

အဆိုပါ အပြာရောင်ဖိနပ်လေးက ဘေးထိုင်ခုံမှာထိုင်နေတဲ့ ပန်းရောင်အင်္ကျီနဲ့ကလေးရဲ့ ဖိနပ်ဖြစ်လောက်ပါတယ် ။ ကြည့်ရတာတော့ ဖိနပ်တွေကို မေ့ပြီးတစ်ယောက်တစ်ဖက်စီ စီးထားပုံရပါတယ် ။ အဆိုပါ video လေးကို ကြည့်လိုက်ရင်ဖြင့် ရင်ထဲပေါ့ပါးပြီး သူတို့လေးတွေနဲ့အတူ ပျော်ရွှင်မှုကို ခံစားမိကြမှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "ဖိနပ္တစ္ဖက္နဲ႔ အပီအျပင္ pose ေပးကာ Selfies ဓာတ္ပံုေတြ႐ိုက္ေနၾကတဲ့ မူႀကိဳကေလးငယ္ေတြရဲ႕ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*