မ်က္လံုးကန္းသြားတဲ့အထိ မ်က္စိထဲစကၠဴ စေလးေတြထိုးထည့္ၿပီး ေက်ာင္းတြင္းအႏိုင္က်င့္ခံခဲ့ရတဲ့ မိန္းကေလး

ေက်ာင္းတြင္းအႏိုင္က်င့္တယ္ဆိုတာက ျဖစ္႐ိုးျဖစ္စဥ္ဆိုေပမဲ့လည္း ေပါ့ေပါ့တန္တန္ထားလို႔မရပါဘူး ။ တစ္ခ်ိဳ႕အႏိုင္က်င့္ခံခဲ့ရတဲ့ကေလးငယ္ေတြဆိုရင္ ႐ုပ္ပိုင္းဆိုင္ရာ ႏွင့္ စိတ္ပိုင္းဆိုင္ရာေတြပါ ထိခိုက္တတ္တဲ့အျပင္ ေနာက္ဆံုးအသက္ေသဆံုးတဲ့အထိပါျဖစ္တတ္လို႔ပါပဲ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံမွာ႐ွိတဲ့ အသက္7ႏွစ္အရြယ္ေကာင္မေလးဟာ အတန္းေဖာ္ ေယာက်ၤားေလး 3ေယာက္ရဲ႕အျမဲလိုလို အႏိုင္က်င့္ႏွိပ္စက္ျခင္းကိုခံခဲ့ရပါတယ္ ။ ပံုမွန္ေက်ာင္းတြင္းအႏိုင္က်င့္တာက သိပ္ၿပီးမဆိုးဝါးဘူးဆိုေပမဲ့လည္း ယခုေဖာ္ျပမဲ့ေကာင္ေလးေတြကေတာ့ အႏိုင္က်င့္တာထက္ လြန္ကဲၿပီးႏွိပ္စက္ညင္းပန္းတဲ့လုပ္ရပ္မ်ိဳးအထိျဖစ္ေနခဲ့ပါတယ္ ။

ျဖစ္စဥ္မွာေတာ့ သူမဟာ ေကာင္းေလးႏွစ္ေယာက္ရဲ႕ ေျခေထာက္ေတြ ၊ လက္ေတြ ဖမ္းဆုပ္ထားျခင္းကိုခံခဲ့ရတဲ့အျပင္ ၊ ေနာက္ထပ္ေကာင္းေလးတစ္ေယာက္မွာတဲ့ သူ၏အိမ္စာစာရြက္ေတြကို အစိတ္စိတ္အမႊာမႊာဆုပ္ျဖဲၿပီး ရက္ရက္စက္စက္ သူမရဲ႕မ်က္ခြံေအာက္ဖက္ေတြထဲ အစေပါင္းမ်ားစြာထိုးထည့္ခဲ့ပါတယ္ ။ထို႔ေၾကာင့္ ၿပီးခဲ့တဲ့ September 28 ရက္ေန႔မွာ ေကာင္မေလးရဲ႕မိခင္ျဖစ္သူဟာ သူမရဲ႕သမီးမ်က္လံုးထဲမွာ စကၠဴ အပိုင္းအစေတြမ်ားစြာ႐ွိေနတာကို သတိထားမိခဲ့ပါတယ္ ။ သမီးျဖစ္သူကို ေမးျမန္းခဲ့ခ်ိန္မွာေတာ့ သမီးျဖစ္သူဟာ ေက်ာင္းတြင္းအျမဲအႏိုင္က်င့္ခံေနရတာကို သိ႐ွိသြားခဲ့ပါတယ္ ။

ထို႔ေနာက္ သူမကို Zhengzhou ၿမိဳ႕ႏွင့္ Beijing ၿမိဳ႕ေတြမွာ႐ွိတဲ့ ေဆးရံုသို႔ေခၚသြားၿပီး စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဆရာဝန္မ်ားကသူတို႔ရဲ႕သက္တမ္းတစ္ေလ်ွာက္ယခုကဲ့သို႔ျဖစ္စဥ္မ်ိဳး မၾကံဳဖူးေၾကာင္း ေယာက္တိုင္းကေျပာဆိုခဲ့ၾကပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ ကေလးငယ္ရဲ႕မ်က္လံုးထဲမွ စာရြက္အပိုင္းအစေပါင္းအေျမာက္အျမား ဖယ္ထုတ္ခဲ့ရလို႔ျဖစ္ပါတယ္ ။ ထို႔အျပင္ အဆိုပါေကာင္မေလးဟာ ယခုကဲ့သို႔အႏိုင္က်င့္ခံခဲ့ရတဲ့လုပ္ရပ္မ်ားကို ေန႔တိုင္းခံစားခဲ့ရပံုရပါတယ္ ။ ဆရာဝန္မ်ားက သူမရဲ႕မ်က္လံုးထဲမွာ စကၠဴ အပိုင္းအစမ်ားမည္မ်ွက်န္႐ွိေနေသးေၾကာင္း မသိႏိုင္ေၾကာင္းႏွင့္ သူမရဲ႕အျမင္အာရံုေၾကာကိုအေတာ္လည္း ထိခိုက္သြားခဲ့ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။

ပိုၿပီးဆိုးဝါးတာကေတာ့ ေကာင္မေလးတက္ေရာက္ေနေသာေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီးမွာ ကေလးငယ္ေတြဟာ အသက္ 7ႏွစ္ ႏွင့္ 8ႏွစ္အရြယ္ေတြသာ ႐ွိေသးတဲ့အတြက္ ဆိုးဝါးတဲ့ရည္ရြယ္ခ်က္မ်ိဳးမ႐ွိပဲ ၊ အေပ်ာ္သေဘာသာ စေနာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ မည္သို႔ပင္ျဖစ္ေစကာမူ ယခုလုပ္ရပ္မွာ အလြန္ဆိုးဝါးလြန္း၍ အႏိုင္က်င့္ခဲ့ၾကတဲ့ေကာင္ေလးမ်ားမွာလည္း ထိုက္သင့္တဲ့ျပစ္ဒဏ္မ်ိဳး ခ်မွတ္ခံရသင့္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျောင်းတွင်းအနိုင်ကျင့်တယ်ဆိုတာက ဖြစ်ရိုးဖြစ်စဉ်ဆိုပေမဲ့လည်း ပေါ့ပေါ့တန်တန်ထားလို့မရပါဘူး ။ တစ်ချို့အနိုင်ကျင့်ခံခဲ့ရတဲ့ကလေးငယ်တွေဆိုရင် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်တတ်တဲ့အပြင် နောက်ဆုံးအသက်သေဆုံးတဲ့အထိပါဖြစ်တတ်လို့ပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံမှာရှိတဲ့ အသက်7နှစ်အရွယ်ကောင်မလေးဟာ အတန်းဖော် ယောင်္ကျားလေး 3ယောက်ရဲ့အမြဲလိုလို အနိုင်ကျင့်နှိပ်စက်ခြင်းကိုခံခဲ့ရပါတယ် ။ ပုံမှန်ကျောင်းတွင်းအနိုင်ကျင့်တာက သိပ်ပြီးမဆိုးဝါးဘူးဆိုပေမဲ့လည်း ယခုဖော်ပြမဲ့ကောင်လေးတွေကတော့ အနိုင်ကျင့်တာထက် လွန်ကဲပြီးနှိပ်စက်ညင်းပန်းတဲ့လုပ်ရပ်မျိုးအထိဖြစ်နေခဲ့ပါတယ် ။

ဖြစ်စဉ်မှာတော့ သူမဟာ ကောင်းလေးနှစ်ယောက်ရဲ့ ခြေထောက်တွေ ၊ လက်တွေ ဖမ်းဆုပ်ထားခြင်းကိုခံခဲ့ရတဲ့အပြင် ၊ နောက်ထပ်ကောင်းလေးတစ်ယောက်မှာတဲ့ သူ၏အိမ်စာစာရွက်တွေကို အစိတ်စိတ်အမွှာမွှာဆုပ်ဖြဲပြီး ရက်ရက်စက်စက် သူမရဲ့မျက်ခွံအောက်ဖက်တွေထဲ အစပေါင်းများစွာထိုးထည့်ခဲ့ပါတယ် ။ထို့ကြောင့် ပြီးခဲ့တဲ့ September 28 ရက်နေ့မှာ ကောင်မလေးရဲ့မိခင်ဖြစ်သူဟာ သူမရဲ့သမီးမျက်လုံးထဲမှာ စက္ကူ အပိုင်းအစတွေများစွာရှိနေတာကို သတိထားမိခဲ့ပါတယ် ။ သမီးဖြစ်သူကို မေးမြန်းခဲ့ချိန်မှာတော့ သမီးဖြစ်သူဟာ ကျောင်းတွင်းအမြဲအနိုင်ကျင့်ခံနေရတာကို သိရှိသွားခဲ့ပါတယ် ။

ထို့နောက် သူမကို Zhengzhou မြို့နှင့် Beijing မြို့တွေမှာရှိတဲ့ ဆေးရုံသို့ခေါ်သွားပြီး စစ်ဆေးခဲ့ချိန်မှာတော့ ဆရာဝန်များကသူတို့ရဲ့သက်တမ်းတစ်လျှောက်ယခုကဲ့သို့ဖြစ်စဉ်မျိုး မကြုံဖူးကြောင်း ယောက်တိုင်းကပြောဆိုခဲ့ကြပါတယ် ။ ဘာလို့လည်းဆိုတော့ ကလေးငယ်ရဲ့မျက်လုံးထဲမှ စာရွက်အပိုင်းအစပေါင်းအမြောက်အမြား ဖယ်ထုတ်ခဲ့ရလို့ဖြစ်ပါတယ် ။ ထို့အပြင် အဆိုပါကောင်မလေးဟာ ယခုကဲ့သို့အနိုင်ကျင့်ခံခဲ့ရတဲ့လုပ်ရပ်များကို နေ့တိုင်းခံစားခဲ့ရပုံရပါတယ် ။ ဆရာဝန်များက သူမရဲ့မျက်လုံးထဲမှာ စက္ကူ အပိုင်းအစများမည်မျှကျန်ရှိနေသေးကြောင်း မသိနိုင်ကြောင်းနှင့် သူမရဲ့အမြင်အာရုံကြောကိုအတော်လည်း ထိခိုက်သွားခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

ပိုပြီးဆိုးဝါးတာကတော့ ကောင်မလေးတက်ရောက်နေသောကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှာ ကလေးငယ်တွေဟာ အသက် 7နှစ် နှင့် 8နှစ်အရွယ်တွေသာ ရှိသေးတဲ့အတွက် ဆိုးဝါးတဲ့ရည်ရွယ်ချက်မျိုးမရှိပဲ ၊ အပျော်သဘောသာ စနောက်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ မည်သို့ပင်ဖြစ်စေကာမူ ယခုလုပ်ရပ်မှာ အလွန်ဆိုးဝါးလွန်း၍ အနိုင်ကျင့်ခဲ့ကြတဲ့ကောင်လေးများမှာလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်မျိုး ချမှတ်ခံရသင့်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မ်က္လံုးကန္းသြားတဲ့အထိ မ်က္စိထဲစကၠဴ စေလးေတြထိုးထည့္ၿပီး ေက်ာင္းတြင္းအႏိုင္က်င့္ခံခဲ့ရတဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*