ကေလးငယ္ရဲ႕ဖိနပ္ျပဳတ္က်သြားလို႔ ကိုယ္တိုင္ဖိနပ္ေကာက္ၿပီး ျပန္ေပးခဲ့တဲ့ ဘဲေလး (႐ုပ္သံ)

ဘယ္လိုတိရစာၦန္ပဲျဖစ္ျဖစ္ ေလ့က်င့္သင္ၾကားေပးရင္ လူေတြအတိုင္း နားလည္သေဘာေပါက္ႏိုင္ၾကပါတယ္ ။ ဒီ video ေလးကိုေတာ့ ဖိလစ္ပိုင္ႏိုင္ငံမွာ႐ိုက္ကူးထားခဲ့တာ့ျဖစ္ၿပီး ၊ အေတာ္ေလးကို ေရပန္းစားလြန္းတဲ့ video ေလးလည္းျဖစ္ပါတယ္ ။ Video ထဲမွာေတာ့ ဖိနပ္ျပဳတ္က်သြားခဲ့တဲ့ေကာင္ေလးကို ဖိနပ္ျပန္ေကာက္ေပးၿပီး စိတ္႐ွည္လက္႐ွည္ ဘဲေလးတစ္ေကာင္က ကူညီေပးခဲ့တာပါ ။ ဘဲေလးက ဖိနပ္ကိုေကာက္ေပမဲ့လည္း အႀကိမ္ႀကိမ္ျပန္ျပဳတ္က်ေနခဲ့လို႔ အခ်ိန္အေတာ္ေလး ယူခဲ့ရပါတယ္ ။ ဖိနပ္ျပန္ေပးႏိုင္ဖို႔ ဘဲေလးက လံုးဝလက္မေလ်ွာ့ခဲ့ပါတယ္ ။ အဆိုပါေကာင္ေလးက ဘဲေလးရဲ႕ ပိုင္႐ွင္မဟုတ္ခဲ့ပါဘူး ။ လမ္းက ဘဲေလးအတြက္ ေတာင္ေစာင္းေလးလိုျဖစ္ေနၿပီး အႀကိမ္ႀကိမ္ေလ်ွာက်ေနေပမဲ့ လက္မေလ်ွာ့ဘဲေကာင္ေလးကို ကူညီေပးခဲ့တဲ့ ဘဲေလးရဲ႕လုပ္ရပ္ေၾကာင့္ video ႐ိုက္ကူးသူကိုယ္တိုင္က အံ့အားသင့္ခဲ့ရေၾကာင္း ေျပာျပခဲ့ပါေသးတယ္ ။

.

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဘယ်လိုတိရစ္ဆာန်ပဲဖြစ်ဖြစ် လေ့ကျင့်သင်ကြားပေးရင် လူတွေအတိုင်း နားလည်သဘောပေါက်နိုင်ကြပါတယ် ။ ဒီ video လေးကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာရိုက်ကူးထားခဲ့တာ့ဖြစ်ပြီး ၊ အတော်လေးကို ရေပန်းစားလွန်းတဲ့ video လေးလည်းဖြစ်ပါတယ် ။ Video ထဲမှာတော့ ဖိနပ်ပြုတ်ကျသွားခဲ့တဲ့ကောင်လေးကို ဖိနပ်ပြန်ကောက်ပေးပြီး စိတ်ရှည်လက်ရှည် ဘဲလေးတစ်ကောင်က ကူညီပေးခဲ့တာပါ ။ ဘဲလေးက ဖိနပ်ကိုကောက်ပေမဲ့လည်း အကြိမ်ကြိမ်ပြန်ပြုတ်ကျနေခဲ့လို့ အချိန်အတော်လေး ယူခဲ့ရပါတယ် ။ ဖိနပ်ပြန်ပေးနိုင်ဖို့ ဘဲလေးက လုံးဝလက်မလျှော့ခဲ့ပါတယ် ။ အဆိုပါကောင်လေးက ဘဲလေးရဲ့ ပိုင်ရှင်မဟုတ်ခဲ့ပါဘူး ။ လမ်းက ဘဲလေးအတွက် တောင်စောင်းလေးလိုဖြစ်နေပြီး အကြိမ်ကြိမ်လျှောကျနေပေမဲ့ လက်မလျှော့ဘဲကောင်လေးကို ကူညီပေးခဲ့တဲ့ ဘဲလေးရဲ့လုပ်ရပ်ကြောင့် video ရိုက်ကူးသူကိုယ်တိုင်က အံ့အားသင့်ခဲ့ရကြောင်း ပြောပြခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment