ဇနီးကို ချစ်မဝနိုင်တဲ့အကြည့်မျိုးနဲ့စိုက်ကြည့်နေခဲ့တဲ့ အဘိုးအို


Jasmine (Mckzone Daily)

Source : noonecares

Unicode

ယနေ့ခေတ် လူအတော်များများက အချစ်စစ်ဟာ ရှားပါးလွန်းတယ် ၊ အချိန်အတော်ကြာ ချစ်ဖို့ဆိုရင် ခက်ခဲလွန်းတယ်လို့ တွေးထင်ကြမှာပါ ။ သို့ပေမဲ့လည်း ဖိလစ်ပိုင်နှစ်ငံက အဘိုး၊အဘွား စုံတွဲကတော့ သူတို့ရဲ့အချစ်ကမပြောင်းလဲပဲ အမြဲလတ်ဆတ်နေဆဲ ဆိုတာကို ဒီဓာတ်ပုံကဖော်ပြပေးလိုက်တာပါပဲ ။ ဇနီးကို ကြည့်နေခဲ့တဲ့ အဘိုးရဲ့မျက်ဝန်းက အဓိပ္ပါယ်တွေ အတော်လေးကိုပြည့်စုံလွန်းလှပါတယ် ။ အဘိုးအဘွားနှစ်ဦးဟာ Mc Donald ဆိုင်လေးထဲမှာ ထိုင်နေခဲ့ကြတာပါ ။ ၎င်းတို့စုံတွဲရဲ့ ပုံရိပ်လေးကို Al Oliver Reyes Alonzo အမည်နဲ့ အမျိုးသားက ဓာတ်ပုံရိုက်ကူးခဲ့ပြီး Facebook စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့ရင်း အတော်လေးကို ရေပန်းစားခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံဖြစ်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment