ဆင္းရဲေပမဲ့ စာေတာ္လြန္းလို႔ဆုရခဲ့တဲ့ သားျဖစ္သူကို အေႂကြေစ့ေလးေတြနဲ႔ ဖုန္းဝယ္ၿပီး ဆုခ်ခဲ့တဲ့ မိခင္

မိဘေတြဟာ မတူညီတဲ့ပံုစံေတြနဲ႔ သူတို႔ရဲ႕သားသမီးေတြကို ဆုခ်တတ္ၾကပါတယ္ ။မၾကာေသးခင္က သားေလးအတြက္ ဖုန္းတစ္လံုးဝယ္ေပးခဲ့တဲ့ မိခင္ရဲ႕အျဖစ္ဟာ social media ေပၚမွာ အေတာ္ေလးကို ပ်ံ့ႏွံလို႔႐ွိေနပါတယ္ ။အေၾကာင္းကေတာ့ 11 grade အတန္းမွာ ထိပ္ဆံုးရခဲ့တဲ့သားျဖစ္သူကို မိခင္ျဖစ္သူက ဖုန္းအသစ္တစ္လံုးဝယ္ေပးခဲ့တာပါ ။ သို႔ေပမဲ့လည္း ခက္ခဲလြန္းလွတဲ့မိသားစုအေျခအေနေၾကာင့္ စုေဆာင္းထားတဲ့ အေႂကြေစ့ေလးေတြနဲ႔ ဖုန္းဆိုင္အထိ မိခင္ျဖစ္သူက ကိုယ္တိုင္သြားဝယ္ေပးခဲ့တာပါ ။ မိခင္ျဖစ္သူကေတာ့ အိမ္႐ွင္မအလုပ္သာ လုပ္ေနၿပီး ၊ ဖခင္ျဖစ္သူကေတာ့ ေရာ္ဘာဆိုင္တစ္ခုမွာ ဝန္ထမ္းအျဖစ္ ဝင္ေရာက္လုပ္ကိုင္ေနခဲ့တာပါ ။

သားျဖစ္သူအတြက္ ဖုန္းတစ္လံုးဝယ္ေပးဖို႔ေတာင္ ခက္ခဲလြန္းတဲ့အေျခအေနဆိုေပမဲ့ ၊ လိမၼာၿပီး စာေတာ္လြန္းတဲ့သားကို မိဘအေနနဲ႔ ဆုခ်ခ်င္ခဲ့ၾကတာပါ ။ အဆိုပါ ဖုန္းေလးက သားျဖစ္သူရဲ႕ ပထမဆံုးေသာ ဖုန္းေလးတစ္လံုးျဖစ္လာမွာပါ ။သားျဖစ္သူရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို အေရာက္သြားႏိုင္ဖို႔ ၊ စိတ္ဓာတ္မက်သြားေအာင္ အျပံဳးမပ်က္ပံ့ပိုးေပးၾကတဲ့ မိဘေတြလို႔ေျပာရမွာပါပဲေလ ။

Jasmine (Mckzone Daily)

Source : noonecares

Unicode

မိဘတွေဟာ မတူညီတဲ့ပုံစံတွေနဲ့ သူတို့ရဲ့သားသမီးတွေကို ဆုချတတ်ကြပါတယ် ။မကြာသေးခင်က သားလေးအတွက် ဖုန်းတစ်လုံးဝယ်ပေးခဲ့တဲ့ မိခင်ရဲ့အဖြစ်ဟာ social media ပေါ်မှာ အတော်လေးကို ပျံ့နှံလို့ရှိနေပါတယ် ။အကြောင်းကတော့ 11 grade အတန်းမှာ ထိပ်ဆုံးရခဲ့တဲ့သားဖြစ်သူကို မိခင်ဖြစ်သူက ဖုန်းအသစ်တစ်လုံးဝယ်ပေးခဲ့တာပါ ။ သို့ပေမဲ့လည်း ခက်ခဲလွန်းလှတဲ့မိသားစုအခြေအနေကြောင့် စုဆောင်းထားတဲ့ အကြွေစေ့လေးတွေနဲ့ ဖုန်းဆိုင်အထိ မိခင်ဖြစ်သူက ကိုယ်တိုင်သွားဝယ်ပေးခဲ့တာပါ ။ မိခင်ဖြစ်သူကတော့ အိမ်ရှင်မအလုပ်သာ လုပ်နေပြီး ၊ ဖခင်ဖြစ်သူကတော့ ရော်ဘာဆိုင်တစ်ခုမှာ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့တာပါ ။

သားဖြစ်သူအတွက် ဖုန်းတစ်လုံးဝယ်ပေးဖို့တောင် ခက်ခဲလွန်းတဲ့အခြေအနေဆိုပေမဲ့ ၊ လိမ္မာပြီး စာတော်လွန်းတဲ့သားကို မိဘအနေနဲ့ ဆုချချင်ခဲ့ကြတာပါ ။ အဆိုပါ ဖုန်းလေးက သားဖြစ်သူရဲ့ ပထမဆုံးသော ဖုန်းလေးတစ်လုံးဖြစ်လာမှာပါ ။သားဖြစ်သူရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ ၊ စိတ်ဓာတ်မကျသွားအောင် အပြုံးမပျက်ပံ့ပိုးပေးကြတဲ့ မိဘတွေလို့ပြောရမှာပါပဲလေ ။

Jasmine (Mckzone Daily)

  • Leave a Comment