မိသားစုထံ ပိုက္ဆံျပန္ပို႔ႏိုင္ေအာင္ ထမင္းကိုသေရစာမုန္႔နဲ႔ေရာစားၿပီး ေခြၽတာေနခဲ့တဲ့ အမ်ိဳးသား

ဖခင္တစ္ေယာက္ျဖစ္လာခဲ့ၿပီဆိုရင္ မိသားစုဝင္ေတြကို ေထာက္ပံ့ေကြၽးေမြးႏိုင္ဖို႔ အေတာ္ေလးကို ႐ုန္းကန္လႈပ္႐ွားၾကရမွာပါ ။ ဒီတစ္ေခါက္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံ ၊ Cotabato ၿမိဳ႕မွာ လံုျခံဳေရးဝန္ထမ္းအေနနဲ႔ အလုပ္လုပ္ကိုင္ေနခဲ့တဲ့အမ်ိဳးသားဟာ မိသားစုဝင္ေတြထံ ပိုက္ဆံပို႔ေပးႏိုင္ဖို႔ ထမင္းကို ေစ်းသက္သာလြန္းတဲ့မုန္႔ထုပ္ေလးနဲ႔ ေရာၿပီး စားေနခဲ့တဲ့ ဓာတ္ပံုေလးေတြဟာ social media ေပၚမွာ အေတာ္လူေျပာမ်ားလ်က္႐ွိပါတယ္ ။

မိသားစုကိုေထာက္ပံ့ေပးႏိုင္ဖို႔ အခုလိုက်န္းမာေရးနဲ႔ မညီၫြတ္တဲ့အစားအေသာက္ေတြစားေနရတာဆိုေပမဲ့ ၊ ေျမးတစ္ဦးမွာေတာ့ ေကာလိပ္ေက်ာင္းတက္ေတာ့မွာမို႔ ေနာက္ပိုင္း ေငြေရးေၾကးေရးနဲ႔ပက္သက္ၿပီး စိုးရိမ္ပူပန္ဖို႔ မလိုအပ္ေတာ့ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္ ။ အိမ္ေထာင္ဦးစီးတစ္ေယာက္ရဲ႕တာဝန္က အေတာ္ေလးကို ခက္ခဲတယ္ဆိုတာ ဒီဓာတ္ပံုေလးက ေဖာ္ျပေပးလိုက္တာပါပဲ ။

Jasmine (Mckzone Daily)

Source : noonecares

Unicode

ဖခင်တစ်ယောက်ဖြစ်လာခဲ့ပြီဆိုရင် မိသားစုဝင်တွေကို ထောက်ပံ့ကျွေးမွေးနိုင်ဖို့ အတော်လေးကို ရုန်းကန်လှုပ်ရှားကြရမှာပါ ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ ၊ Cotabato မြို့မှာ လုံခြုံရေးဝန်ထမ်းအနေနဲ့ အလုပ်လုပ်ကိုင်နေခဲ့တဲ့အမျိုးသားဟာ မိသားစုဝင်တွေထံ ပိုက်ဆံပို့ပေးနိုင်ဖို့ ထမင်းကို ဈေးသက်သာလွန်းတဲ့မုန့်ထုပ်လေးနဲ့ ရောပြီး စားနေခဲ့တဲ့ ဓာတ်ပုံလေးတွေဟာ social media ပေါ်မှာ အတော်လူပြောများလျက်ရှိပါတယ် ။

မိသားစုကိုထောက်ပံ့ပေးနိုင်ဖို့ အခုလိုကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေစားနေရတာဆိုပေမဲ့ ၊ မြေးတစ်ဦးမှာတော့ ကောလိပ်ကျောင်းတက်တော့မှာမို့ နောက်ပိုင်း ငွေရေးကြေးရေးနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်ဖို့ မလိုအပ်တော့ကြောင်းလည်း ပြောပြခဲ့ပါတယ် ။ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်က အတော်လေးကို ခက်ခဲတယ်ဆိုတာ ဒီဓာတ်ပုံလေးက ဖော်ပြပေးလိုက်တာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment