လူအများလေးစားအားကျရတဲ့ Relationship ပုံစံမျိုးကြောင့် နာမည်ကြီးနေခဲ့တဲ့ လူငယ်စုံတွဲ



.

.

.

Jasmine (Mckzone Daily)

Source : noonecares

Unicode

ကိုယ့်ရဲ့ခက်ခဲတဲ့အချိန် ၊ အောင်မြင်တဲ့အချိန်တွေကို အတူဖြတ်ကျော်ပေးမဲ့ လက်တွဲဖော်မျိုးကို ပိုင်ဆိုင်ရရင် အတော့်ကို ကံ့ကောင်းတယ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း Rose Marie နဲ့ John Patrick အမည်ရှိတဲ့စုံတွဲရဲ့ အချစ်ဇာတ်လမ်းလေးဟာ လူအတော်အများကို အားကျစေခဲ့ပါတယ် ။ သူတို့နှစ်ဦးဟာ ပညာရေး ၊ အလုပ်အကိုင် နဲ့ relationship ကို ချိန်ငြိပြီး ရှေ့ဆက်ခဲ့ကြသူတွေပါ ။2012 ခုနှစ်က စားသောက်ဆိုင်တစ်ခုမှာ အလုပ်အတူလုပ်ကိုင်ရင်း ရင်းနှီးခဲ့တာပါ ။ အလုပ်လုပ်ကိုင်နေတဲ့အချိန် ပညာရေးအတွက်လည်း တစ်ဦးနဲ့တစ်ဦး အားပေးနေခဲ့ကြတာပါ ။ စားသောက်ဆိုင်မှာ တစ်နှစ်လောက်လုပ်ကိုင်ခဲ့ပြီးနောက် စုံတွဲများဖြစ်ခဲ့ကြကာ ၊ မကြာခင်မှာပဲ Rose က အလုပ်ကနေထွက်ခဲ့ပေမဲ့ သူတို့ရဲ့ဆက်ဆံရေးမှာတော့ ထိခိုက်မှုမျိုး မရှိခဲ့ပါဘူး ။

အလုပ်ကြိုးစားရင် John ဟာ ပြီးခဲ့တဲ့နှစ်က ဘွဲ့ရရှိခဲ့ပါတယ် ။ အဆိုပါအချိန်တုန်းက Rose လည်း သူ့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ရှိနေပေခဲ့ပါတယ် ။ မကြာခင်မှာဘဲ Rose လည်း ဘွဲ့ရရှိခဲ့ပါတယ် ။ သူတို့စုံတွဲက ဘာကိစ္စပဲဖြစ်နေပါစေ သူတို့နှစ်ဦးကြား ဆက်ဆံရေးကိုအထိမခံကြပါဘူး ။အချိန်တိုင်း နှစ်ယောက်အတူ အလုပ်ကြိုးစားပြီး ၊ ပညာရေးပိုင်းကိုပါ အထိအခိုက်မခံကြတဲ့ သူတို့ရဲ့ပုံစံကို လူအတော်အများက လေးစားအားကျလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူအများလေးစားအားကျရတဲ့ Relationship ပုံစံမျိုးကြောင့် နာမည်ကြီးနေခဲ့တဲ့ လူငယ်စုံတွဲ"

Leave a comment

Your email address will not be published.


*