ႏွစ္အေတာ္ၾကာေပ်ာက္ဆုံးေနခဲ့တဲ့ခင္ပြန္းကို TikTok video ကေနတဆင့္ ျပန္ဆုံဆည္းႏိုင္ခဲ့တဲ့ အမ်ိဳးသမီး

ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့အမ်ိဳးသမီးတစ္ဦးဟာ ႏွစ္ေပါင္း 11 ႏွစ္ခန႔္ေပ်ာက္ဆုံးေနခဲ့တဲ့ ခင္ပြန္းျဖစ္သူနဲ႔ TikTok video ကေနတဆင့္ျပန္ရွာေတြ႕ႏိုင္ခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ TikTok အသုံးျပဳသူတစ္ဦးဟာ သူတို႔ရဲ႕အိမ္အနီးအနားဝန္းက်င္မွာ လည္ပတ္သြားလာေနတဲ့ အိမ္ယာမဲ့တစ္ဦးအတြက္ေဆြးမ်ိဳးေတာ္စပ္သူေတြကို ရွာေဖြေပးႏိုင္မဲ့ ရည္႐ြယ္ခ်က္နဲ႔ TikTok video ႐ိုက္ကူးၿပီးေဝမွ်ခဲ့တာပါ ။အဆိုပါ video ဟာ ျပန္လည္ေဝမွ်သူအမ်ားအျပားရွိခဲ့ၿပီး တိုက္ဆိုင္စြာနဲ႔ အမ်ိဳးသမီးတစ္ဦးက သူတို႔ထံဆက္သြယ္လာခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသမီးရဲ႕ ေျပာျပခ်က္အရ video ထဲမွ အမ်ိဳးသားဟာ အခ်ိန္အေတာ္ၾကာေပ်ာက္ဆုံးေနခဲ့တဲ့ သူမရဲ႕ခင္ပြန္းျဖစ္သူႏွင့္ဆင္တူေၾကာင္း ႏွင့္ သူမရဲ႕ခင္ပြန္းဓာတ္ပုံကိုပါ ေပးပို႔လာခဲ့ပါတယ္ ။

ထို႔အျပင္ TikTok video ႐ိုက္ကူးေပးသူထံ အဆိုပါအမ်ိဳးသားရဲ႕ ရင္ဘတ္မွ တက္တူး ကိုစစ္ေဆးေပးဖို႔ပါ ေတာင္းဆိုခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ အဆိုပါအမ်ိဳးသားရဲ႕ရင္ဘတ္မွာ တက္တူး ရွိေနခဲ့ပါတယ္ ။ အတည္ျပဳခ်က္ရတာနဲ႔ အဆိုပါအမ်ိဳးသမီးဟာ TikTok video ႐ိုက္ကူးခဲ့သူရဲ႕ေနအိမ္သို႔ ခ်က္ခ်င္းသြားေရာက္ခဲ့ၿပီး သူမရဲ႕ခင္ပြန္းသည္နဲ႔ ျပန္လည္ဆုံဆည္းခြင့္ရရွိခဲ့ပါတယ္ ။ သူမရဲ႕ခင္ပြန္းသည္ဟာ စိတ္အေျခအေနမတည္ၿငိမ္သူတစ္ေယာက္ျဖစ္ေနခဲ့ၿပီး ေပ်ာက္ဆုံးေနခဲ့တာ 11 ႏွစ္ခန႔္ရွိေနသူျဖစ္ေၾကာင္း သိရွိရပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးဟာ နှစ်ပေါင်း 11 နှစ်ခန့်ပျောက်ဆုံးနေခဲ့တဲ့ ခင်ပွန်းဖြစ်သူနဲ့ TikTok video ကနေတဆင့်ပြန်ရှာတွေ့နိုင်ခဲ့ပါတယ် ။ အကြောင်းကတော့ TikTok အသုံးပြုသူတစ်ဦးဟာ သူတို့ရဲ့အိမ်အနီးအနားဝန်းကျင်မှာ လည်ပတ်သွားလာနေတဲ့ အိမ်ယာမဲ့တစ်ဦးအတွက်ဆွေးမျိုးတော်စပ်သူတွေကို ရှာဖွေပေးနိုင်မဲ့ ရည်ရွယ်ချက်နဲ့ TikTok video ရိုက်ကူးပြီးဝေမျှခဲ့တာပါ ။အဆိုပါ video ဟာ ပြန်လည်ဝေမျှသူအများအပြားရှိခဲ့ပြီး တိုက်ဆိုင်စွာနဲ့ အမျိုးသမီးတစ်ဦးက သူတို့ထံဆက်သွယ်လာခဲ့ပါတယ် ။ အဆိုပါအမျိုးသမီးရဲ့ ပြောပြချက်အရ video ထဲမှ အမျိုးသားဟာ အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့ခင်ပွန်းဖြစ်သူနှင့်ဆင်တူကြောင်း နှင့် သူမရဲ့ခင်ပွန်းဓာတ်ပုံကိုပါ ပေးပို့လာခဲ့ပါတယ် ။

ထို့အပြင် TikTok video ရိုက်ကူးပေးသူထံ အဆိုပါအမျိုးသားရဲ့ ရင်ဘတ်မှ တက်တူး ကိုစစ်ဆေးပေးဖို့ပါ တောင်းဆိုခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ အဆိုပါအမျိုးသားရဲ့ရင်ဘတ်မှာ တက်တူး ရှိနေခဲ့ပါတယ် ။ အတည်ပြုချက်ရတာနဲ့ အဆိုပါအမျိုးသမီးဟာ TikTok video ရိုက်ကူးခဲ့သူရဲ့နေအိမ်သို့ ချက်ချင်းသွားရောက်ခဲ့ပြီး သူမရဲ့ခင်ပွန်းသည်နဲ့ ပြန်လည်ဆုံဆည်းခွင့်ရရှိခဲ့ပါတယ် ။ သူမရဲ့ခင်ပွန်းသည်ဟာ စိတ်အခြေအနေမတည်ငြိမ်သူတစ်ယောက်ဖြစ်နေခဲ့ပြီး ပျောက်ဆုံးနေခဲ့တာ 11 နှစ်ခန့်ရှိနေသူဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment