မွေးစားမိဘတွေသတိမထားခင် ကျောင်းရှေ့မှာ ကလေးကိုသွားပြန်ခိုးခဲ့တဲ့ မိခင်အရင်း(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စိတ်ကူးကြည့်ပါ သင်ဟာသင့်ရဲ့ကလေးကိုကျောင်းရှေ့မှာ သွားကြိုဖို့လုပ်နေတုန်း ကလေးငယ်ရဲ့အော်ဟစ်ပြီး အကူအညီတောင်းနေသံကိုကြားလိုက်မယ်ဆိုရင် ချက်ချင်းပဲအဆိုပါနေရာကိုရောက်သွားပြီး ချက်ချင်းကူညီမိကြမှာပါ ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ မလေးရှားနိုင်ငံ Sekolah Kebangsaan Cyberjaya မူလန်းကျောင်းရှေ့မှာ ရပ်စောင့်နေခဲ့ကြတဲ့ ကျောင်းသားမိဘတွေဟာလည်း အဆိုပါအဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။

အဆိုပါအဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့တာဖြစ်ပြီး video ထဲမှာတော့ ကျောင်းသားမိဘတွေဟာ ကလေးငယ်ကိုပွေ့ချီပြီးအတင်းလုပြေးနေတဲ့ ကလေးငယ်ရဲ့မိခင်အရင်းလို့ယူဆရတဲ့အမျိုးသမီးကို ဝိုင်းပြီးတားမြစ်ခဲ့ကြပါတယ် ။ သတင်းအချက်အလက်အရ ကလေးငယ်ကို စာချုပ်စာတမ်းတွေနဲ့အမှန်တကယ်ကို မွေးစားထားတဲ့ မွေးစားမိဘတွေက စောင့်ရှောက်နေခဲ့တာပါ ။ သို့ပေမဲ့လည်း ကလေးငယ်ရဲ့မိခင်းအရင်က ကလေးငယ်ကိုပြန်ခိုးဖို့လုပ်ခဲ့ပြီး ကလေးငယ်ကလုံးဝမလိုက်ချင်ပဲ အော်ဟစ်နေခဲ့တာကို video ထဲမှာကြားရမှာပါ ။ ထို့ကြောင့် ကျောင်းသားတွေရဲ့မိဘအုပ်စုက အဆိုပါအမျိုးသမီး ကလေးငယ်ကိုမခေါ်သွားနိုင်အောင် အတင်းဝိုင်းဝန်းကာကွယ်ပေးနေခဲ့ကြတာပါ ။

ကံကောင်းစွာနဲ့ပဲ အဆိုပါနေရာသို့ရဲအရာရှိများရောက်ရှိလာခဲ့ပြီး အခြေအနေတည်ငြိမ်အောင်ပြုလုပ်ပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသမီးဟာ ကလေးငယ်ရဲ့မိခင်အရင်းဆိုပေမဲ့လည်း ကလေးငယ်ကိုစာချုပ်စာတမ်းတွေနဲ့ မွေးစားထားတဲ့မွေးစားမိဘတွေရှိနေတဲ့အတွက် အဆိုပါအမျိုးသမီးဟာ ကလေးငယ်ပြန်ပေးဆွဲမှုနှင့် ထိုက်သင့်တဲ့ပြစ်ဒဏ်မျိုးချမှတ်ခံရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မွေးစားမိဘတွေသတိမထားခင် ကျောင်းရှေ့မှာ ကလေးကိုသွားပြန်ခိုးခဲ့တဲ့ မိခင်အရင်း(ရုပ်သံ)"

Leave a comment

Your email address will not be published.


*