နားအတွင်းပိုင်းက မခံမရပ်နိုင်အောင် နာကျင်လွန်းလို့စစ်ဆေးခဲ့ချိန်မှ အဆိပ်ပြင်းလွန်းတဲ့အင်းဆက်ပိုးကောင် ​တွေ့ရှိခဲ့ရတဲ့အဖြစ်


.

.

.
.

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးဟာ သူမရဲ့နားအတွင်းပိုင်းမှာ တစ်စုံတစ်ခု ရှိနေပြီး ကိုက်ဖြတ်နေသလို ခံစားနေခဲ့ရတာပါ ။ ဒါကြောင့် သူမဟာ ဆရာဝန်ထံသို့သွားရောက်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ချိန်မှာတော့ သူမရဲ့နားအတွင်းပိုင်းမှာ အသက်ရှင်နေတဲ့ အင်းဆက်ပိုးကောင်ကို တွေ့ရှိခဲ့ပါတော့တယ် ။ အဆိုပါအင်းဆက်ပိုးကောင်ဟာ ပိုးယားနှင့် အတော်လေးကိုဆင်တူပြီး သူမရဲ့နားပေါက်နံရံပတ်ပတ်လည်က အသားစတွေကို ကိုက်ဖြတ်စားသောက်နေခဲ့တာပါ ။ ဆရာဝန်ကလည်းချက်ချင်းပဲ အဆိုပါပိုးကောင်ကို နားပေါက်အတွင်းမှ ဖယ်ရှားပေးခဲ့ပါတယ် ။ အဆိုပါ အင်းဆက်ပိုးကောင်ဟာ အဆိပ်ပြင်းတဲ့အကောင်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment