အာဟာရချို့တဲ့ပြီး ဦးနှောက်ဉာဏ်ချို့ယွင်းနေတဲ့ကလေးငယ်ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးစားခဲ့တဲ့ 24 နှစ်အရွယ် မိန်းမလှလေး



.

.

.

.

.

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Pham Thanh Tam အမည်ရှိတဲ့ မိန်းမငယ်လေးဟာ အာဟာရချို့တဲ့ပြီး ဦးနှောက်ဉာဏ်ချို့ယွင်းနေတဲ့ 14 လသားအရွယ် ၊ ကိုယ်အလေးချိန် 3.5 kg သာရှိတဲ့ ကလေးငယ်ကို မွေးစားခဲ့ပါတယ် ။ Thanh Tam ဟာ Thi Thuy Thi Nhi အမည်ရှိတဲ့ အဆိုပါကလေးငယ်ကို မြင်မြင်ချင်းမှာပင် ချစ်ခင်သနားခဲ့ပြီး မွေးစားဖို့ဆုံးဖြတ်ခဲ့တာပါ ။ Thanh Tam ဟာ သူမရဲ့အလှအပကြောင့် အင်တာနက်မှာ လူအတော်အများရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရသူဖြစ်ပြီး အစပိုင်းမှာတော့ လူအချို့က သူမဟာ နာမည်ကျော်ကြားချင်လို့ ကလေးမွေးစားခဲ့တာဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း အဆိုပါအချိန်က Thanh Tam ဟာ အသက် 24 နှစ်အရွယ်သာရှိသေးတဲ့ မိန်းမငယ်လေးပါ ။ သူမရဲ့အချိန်တွေကို ကလေးငယ်အား ပြုစုပျိုးထောင်ဖို့အတွက်နဲ့ အချိန်ကုန်ဆုံးခဲ့သူပါ ။ ကလေးငယ်ဟာ မိဘအရင်းတွေရဲ့လက်ထဲမှာ ယခုလိုအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရလို့ Thanh Tam ဟာ သူမဘယ်လိုလုပ်ရမယ် ၊ ပန်းတိုင်ရောက်အောင် ကလေးငယ်ကို ဘယ်လိုပြုစုရမယ်ဆိုပြီး သိရှိနေခဲ့သူပါ ။ နှစ်တွေကြာလာတော့ ကလေးငယ်ဟာ သာမှန်ကလေးတွေကို ကျန်းမာပျော်ရွှင်တဲ့ကလေးဖြစ်နေခဲ့ပါပြီ ။ လက်ရှိအချိန်မှာ Thanh Tam လည်း အိမ်ထောင်ကျသွားခဲ့ပြီဖြစ်လို့ ကလေးငယ်ဟာ ဖခင် ရရှိခဲ့ပြီး ၊ ပျော်ရွှင်စရာမိသားစုမှ ကလေးငယ်တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။

Jasmine (Mckzone Daily)

  • Leave a Comment