ကေလးငယ္ခႏၶာကိုယ္အရြယ္ေလာက္႐ွိတဲ့ ဧရာမဖားႀကီးကို ဖမ္းဆီးႏိုင္ခဲ့တဲ့အမ်ိဳးသား

Solomon ကြၽန္းစုရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ Honiara ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 35 ႏွစ္အရြယ္ Jimmy Hugo အမည္႐ွိတဲ့အမ်ိဳးသားဟာ ၿမိဳ႕အျပင္ ေတာရြာဖက္မွာ ေတာဝက္ကို အမဲလိုက္ရင္း ခ်ံဳပုတ္အနီးမွာ ဧရာမဖားႀကီး တစ္ေကာင္ကိုဖမ္းမိခဲ့ပါတယ္ ။ အဆိုပါ ဖားႀကီးကို ခ်ီမလိုက္ရင္ျဖင့္ အ႐ွည္မွာ ကေလးငယ္တစ္ေယာက္ ခႏၶာကိုယ္ေလာက္႐ွိၿပီး အေလးခ်ိန္ 1kg ခန္႔႐ွိေၾကာင္း သိရပါတယ္ ။ ေဒသခံေတြကေတာ့ အဆိုပါဖားမ်ိဳးစိပ္ကို bush chicken လို႔ေခၚဆိုၾကပါတယ္ ။ အေၾကာင္းကေတာ့ အဆိုပါဖားေတြဟာ ကြၽန္းေပၚမွာ ၾကက္ေတြထက္ပိုၿပီး အေတြ႔ရမ်ားလို႔ပါ ။သို႔ေပမဲ့လည္း ဖမ္းရခက္ခဲတဲ့ ဖားမ်ိဳးစိပ္ျဖစ္ၿပီး ေဒသခံေတြကေတာ့ စားေသာက္ဖို႔အတြက္ အဆိုပါဖားမ်ိဳးစိပ္ကို အမဲလိုက္ေလ့႐ွိၾကပါတယ္ ။ကမာၻ့အႀကီးဆံုးဖားမ်ိဳးစိပ္ကို အဆိုပါ Solomon Islands ကြၽန္းစုအနီးမွာ အျမဲေတြ႔႐ွိရေလ့႐ွိပါတယ္ ။ လက္႐ွိအခ်ိန္မွာေတာ့ အဆိုပါဖားမ်ိဳးစိပ္ကို ေတြ႔႐ွိမႈ သိသိသာသာေလ်ာ့က်လာပါတယ္ ။ အေၾကာင္းကေတာ့ လူေတြျမစ္ေခ်ာင္အနီးမွာ chemical ဓာတ္ေတြပါဝင္တဲ့ဆပ္ျပာေတြနဲ႔ အဝတ္ေလ်ွာ္ဖြတ္ေလ့႐ွိေသာေၾကာင့္ ဖားမ်ိဳးစိပ္ရဲ႕ အေရျပားေတြဟာ အထိအ႐ွမခံႏိုင္ေတာ့တဲ့အဆံုး မ်ိဳးပြားမႈနည္းပါးလာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

Solomon ကျွန်းစုရဲ့မြို့တော်ဖြစ်တဲ့ Honiara မြို့မှာနေထိုင်တဲ့ အသက် 35 နှစ်အရွယ် Jimmy Hugo အမည်ရှိတဲ့အမျိုးသားဟာ မြို့အပြင် တောရွာဖက်မှာ တောဝက်ကို အမဲလိုက်ရင်း ချုံပုတ်အနီးမှာ ဧရာမဖားကြီး တစ်ကောင်ကိုဖမ်းမိခဲ့ပါတယ် ။ အဆိုပါ ဖားကြီးကို ချီမလိုက်ရင်ဖြင့် အရှည်မှာ ကလေးငယ်တစ်ယောက် ခန္ဓာကိုယ်လောက်ရှိပြီး အလေးချိန် 1kg ခန့်ရှိကြောင်း သိရပါတယ် ။ ဒေသခံတွေကတော့ အဆိုပါဖားမျိုးစိပ်ကို bush chicken လို့ခေါ်ဆိုကြပါတယ် ။ အကြောင်းကတော့ အဆိုပါဖားတွေဟာ ကျွန်းပေါ်မှာ ကြက်တွေထက်ပိုပြီး အတွေ့ရများလို့ပါ ။သို့ပေမဲ့လည်း ဖမ်းရခက်ခဲတဲ့ ဖားမျိုးစိပ်ဖြစ်ပြီး ဒေသခံတွေကတော့ စားသောက်ဖို့အတွက် အဆိုပါဖားမျိုးစိပ်ကို အမဲလိုက်လေ့ရှိကြပါတယ် ။ကမ္ဘာ့အကြီးဆုံးဖားမျိုးစိပ်ကို အဆိုပါ Solomon Islands ကျွန်းစုအနီးမှာ အမြဲတွေ့ရှိရလေ့ရှိပါတယ် ။ လက်ရှိအချိန်မှာတော့ အဆိုပါဖားမျိုးစိပ်ကို တွေ့ရှိမှု သိသိသာသာလျော့ကျလာပါတယ် ။ အကြောင်းကတော့ လူတွေမြစ်ချောင်အနီးမှာ chemical ဓာတ်တွေပါဝင်တဲ့ဆပ်ပြာတွေနဲ့ အဝတ်လျှော်ဖွတ်လေ့ရှိသောကြောင့် ဖားမျိုးစိပ်ရဲ့ အရေပြားတွေဟာ အထိအရှမခံနိုင်တော့တဲ့အဆုံး မျိုးပွားမှုနည်းပါးလာခဲ့တာဖြစ်ကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကေလးငယ္ခႏၶာကိုယ္အရြယ္ေလာက္႐ွိတဲ့ ဧရာမဖားႀကီးကို ဖမ္းဆီးႏိုင္ခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*