တိရစ္ဆာန်လေးတွေရဲ့မျက်လုံးကို အစားထိုးပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ဓာတ်ပုံမျိုးရိုက်ကူးပြခဲ့တဲ့ အမျိုးသမီး


.

.

.

.

.

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : boredpanda

Unicode

Flora Borsi အမည်ရှိတဲ့ ဓာတ်ပုံဆရာမဟာ အခြားသူတွေနဲ့မတူ တစ်မူထူးခြားတဲ့ ဓာတ်ပုံမျိုးရိုက်ကူးပြခဲ့ပါတယ် ။ သူမရဲ့ ဓာတ်ပုံ series ကိုတော့ Animeyed လို့အမည်ပေးထားပါတယ် ။ အကြောင်းကတော့ ဓာတ်ပုံတစ်ပုံစီတိုင်းမှာ တိရစ္ဆာန်လေးတွေရဲ့ မျက်လုံးတွေကို အစားထိုးထားပြီး ၊ အံ့အားသင့်ဖွယ်ရိုက်ကူးပြထားလို့ပါပဲ ။ အဆိုပါ စိတ်ကူးအကြံမျိုးကိုတော့ Borsi ဟာ သူမရဲ့အိမ်မွေးခွေးလေးကို selfie ဓာတ်ပုံရိုက်ကူးပေးနေရင်းနဲ့ ခွေလေးရဲ့ မျက်ဝန်းအရောင်ဟာ သူမနဲ့ဆင်တူနေကြောင်း သတိထားမိခဲ့ပြီးနောက် ယခုလို စိတ်ကူးအကြံမျိုးရရှိခဲ့တာပါ ။ သူမရဲ့ဓာတ်ပုံတိုင်းအတွက် လိုက်ဖက်မဲ့ တိရစ္ဆာန်လေးတွေကို ကိုယ်တိုင်ခက်ခက်ခဲခဲရှာဖွေခဲ့ပြီး ၊ ဓာတ်ပုံကို အခြား edit လုပ်ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းလုံးဝမရှိကြောင်းသိရပါတယ် ။ Borsi ရဲ့ ဓာတ်ပုံအနုပညာလက်ရာကို စာဖတ်သူတို့ သုံးသပ်ဝေဖန်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်နော် ။

Jasmine (Mckzone Daily)

  • Leave a Comment