မခံမရပ္ႏိုင္ေအာင္ ႐ိုက္ႏွက္ၿပီးဆူဆဲခဲ့တဲ့ ေက်ာင္းဆရာမေၾကာင့္ ခ်က္ခ်င္းတိုက္ေပၚကခုန္ခ်ၿပီးအဆံုးစီရင္ခဲ့တဲ့ေက်ာင္းသူေလး

အရြယ္ေရာက္ၿပီးသားသူေတြမေမ့သင့္တဲ့အရာကေတာ့ ကိုယ္ေတြလည္းငယ္ရာကေန ႀကီးလာခဲ့ၾကတာပါ ။ ဒါေၾကာင့္ ကေလးေတြတိုင္းက သူတို႔ကိုစိတ္႐ွည္ၿပီးနားလည္ေပးတဲ့ သူမ်ိဳးကိုလိုခ်င္တတ္ၾကတာပါ ။ၿပီးခဲ့တဲ့ November 12ရက္ေန႔က တ႐ုတ္ႏိုင္ငံက ေက်ာင္းတစ္ေက်ာင္းမွာ႐ွိတဲ့ အသက္ 12ႏွစ္အရြယ္ ေက်ာင္းသူမေလးဟာ ကိုယ့္ကိုေက်ာင္းရဲ႕တိုက္ေပၚကေနခုန္ခ်ၿပီး အဆံုးစီရင္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ ေက်ာင္းသူေလးရဲ႕ဖခင္ဟာ သတင္းၾကားၿပီးၿပီးခ်င္းေက်ာင္းသို႔အလ်င္အျမန္ေျပးလႊားလာခဲ့ေပမဲ့လည္း သမီးျဖစ္သူသတိလစ္ေမ့ေမ်ာၿပီး ေျမျပင္ေပၚလဲက်ေနခဲ့တာကိုသာ ေတြ႔႐ွိခဲ့ပါတယ္ ။ Xiao Ru အမည္႐ွိတဲ့ေက်ာင္းသူေလးရဲ႕ဖခင္ေျပာျပခ်က္အရ သမီးျဖစ္သူရဲ႕နာမည္ကိုေခၚလိုက္ေတာ့ ေနာက္ဆံုးအႀကိမ္သမီးျဖစ္သူျပံဳးျပခဲ့ေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သူမကိုေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း သူမအသက္႐ႈဖို႔အေတာ္ေလး ခက္ခဲေနခဲ့တဲ့အျပင္ ၊ ေသြးေတြ အမ်ားအျပားဆံုး႐ႈံးသြားခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Xiao Ru ရဲ႕ဖခင္ျဖစ္သူဟာ သူမမေသဆံုးခင္ ေက်ာင္းမွာဘာေတြျဖစ္ပ်က္ခဲ့လဲဆိုၿပီး CCTV စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သခ်ာၤဆရာမရဲ႕လုပ္ရပ္ေတြေၾကာင့္ အေတာ္ေလးကိုေအာ္ဟစ္ငိုေႂကြးခဲ့ရပါတယ္ ။ အျဖစ္အပ်က္တစ္ခုလံုးဟာ ေန႔လည္စာထမင္းစားခ်ိန္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး Ms Wang အမည္႐ွိတဲ့ဆရာမက Xiao Ru ရဲ႕အိမ္စာကို မရမကေတာင္းၿပီးစစ္ေဆးခဲ့တာေၾကာင့္ ေက်ာင္းသူေလးမွာထမင္းေတာင္ ကုန္ေအာင္မစားႏိုင္ခဲ့ပါဘူး ။

ထို႔ေနာက္ဆရာမျဖစ္သူဟာ သူမအိမ္စာမၿပီးတဲ့အတြက္ သူမရဲ႕စာအုပ္ကို ၾကမ္းျပင္ေပၚသို႔ပစ္ခ်ၿပီး ေက်ာင္းသားေတြရဲ႕ေ႐ွ႕မ်ား သူမကိုဆူပူခဲ့ပါေတာ့တယ္ ။ ထို႔အျပင္ သူမကိုေပတံျဖင့္ အခ်က္ေပါင္းမ်ားစြာ႐ိုက္ၿပီးေနာက္ထပ္ 4မိနစ္ခန္႔ထပ္မံၿပီးဆူပူခဲ့ပါေသးတယ္ ။ သူမခံစားသြားခဲ့ရတာကို တစ္ခန္းလံုးမ်က္ျမင္ကိုယ္ေတြ႔ ေတြ႔႐ွိခဲ့ၾကၿပီးေနာက္ Xiao Ru ဟာငိုေႂကြးသြားခဲ့ပါေတာ့တယ္ ။ ဆရာမျဖစ္သူ ဆူပူၿပီးတာနဲ႔ခ်က္ခ်င္း Xiao Ru ဟာအခန္းျပင္သို႔ထြက္ခြာသြားခဲ့ၿပီးေနာက္ ေက်ာင္း၏ 4လႊာအထပ္ကေနခုန္ခ်ကာ ကိုယ့္ကို အဆံုးစီရင္သြားခဲ့ပါေတာ့တယ္ ။

ေက်ာင္းသူေလးေသဆံုးၿပီးေနာက္မွာေတာ့ သူမရဲ႕ဖခင္ျဖစ္သူဟာ အသက္ 40အရြယ္ေက်ာင္းဆရာမကို အျဖစ္အပ်က္တစ္ခုလံုးကို႐ွင္းျပေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။ Ms Wang ဟာ အဆိုပါအျဖစ္အပ်က္ၿပီးေနာက္ လံုးဝလူေ႐ွ႕မထြက္ရဲခဲ့တဲ့အျပင္ ၊ ေက်ာင္းဖက္ကလည္း ဆရာမျဖစ္သူရဲ႕အရည္အခ်င္းလတ္မွတ္ေတြကို မထုတ္ျပရဲႏိုင္ခဲ့ပါဘူး ။ မည္သို႔ပင္ျဖစ္ေစကာမူ ေက်ာင္းသူေလးေသဆံုးမႈအတြက္ တိက်တဲ့အေျဖမ်ိဳးေပၚထြက္လာဖို႔ ေမ်ွာ္လင့္ရမွာပါပဲေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အရွယ်ရောက်ပြီးသားသူတွေမမေ့သင့်တဲ့အရာကတော့ ကိုယ်တွေလည်းငယ်ရာကနေ ကြီးလာခဲ့ကြတာပါ ။ ဒါကြောင့် ကလေးတွေတိုင်းက သူတို့ကိုစိတ်ရှည်ပြီးနားလည်ပေးတဲ့ သူမျိုးကိုလိုချင်တတ်ကြတာပါ ။ပြီးခဲ့တဲ့ November 12ရက်နေ့က တရုတ်နိုင်ငံက ကျောင်းတစ်ကျောင်းမှာရှိတဲ့ အသက် 12နှစ်အရွယ် ကျောင်းသူမလေးဟာ ကိုယ့်ကိုကျောင်းရဲ့တိုက်ပေါ်ကနေခုန်ချပြီး အဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ ကျောင်းသူလေးရဲ့ဖခင်ဟာ သတင်းကြားပြီးပြီးချင်းကျောင်းသို့အလျင်အမြန်ပြေးလွှားလာခဲ့ပေမဲ့လည်း သမီးဖြစ်သူသတိလစ်မေ့မျောပြီး မြေပြင်ပေါ်လဲကျနေခဲ့တာကိုသာ တွေ့ရှိခဲ့ပါတယ် ။ Xiao Ru အမည်ရှိတဲ့ကျောင်းသူလေးရဲ့ဖခင်ပြောပြချက်အရ သမီးဖြစ်သူရဲ့နာမည်ကိုခေါ်လိုက်တော့ နောက်ဆုံးအကြိမ်သမီးဖြစ်သူပြုံးပြခဲ့သေးကြောင်း ပြောဆိုခဲ့ပါတယ် ။ သူမကိုဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း သူမအသက်ရှုဖို့အတော်လေး ခက်ခဲနေခဲ့တဲ့အပြင် ၊ သွေးတွေ အများအပြားဆုံးရှုံးသွားခဲ့ကြောင်းလည်း သိရှိရပါတယ် ။

Xiao Ru ရဲ့ဖခင်ဖြစ်သူဟာ သူမမသေဆုံးခင် ကျောင်းမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုပြီး CCTV စစ်ဆေးခဲ့ချိန်မှာတော့ သချာၤဆရာမရဲ့လုပ်ရပ်တွေကြောင့် အတော်လေးကိုအော်ဟစ်ငိုကြွေးခဲ့ရပါတယ် ။ အဖြစ်အပျက်တစ်ခုလုံးဟာ နေ့လည်စာထမင်းစားချိန်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး Ms Wang အမည်ရှိတဲ့ဆရာမက Xiao Ru ရဲ့အိမ်စာကို မရမကတောင်းပြီးစစ်ဆေးခဲ့တာကြောင့် ကျောင်းသူလေးမှာထမင်းတောင် ကုန်အောင်မစားနိုင်ခဲ့ပါဘူး ။

ထို့နောက်ဆရာမဖြစ်သူဟာ သူမအိမ်စာမပြီးတဲ့အတွက် သူမရဲ့စာအုပ်ကို ကြမ်းပြင်ပေါ်သို့ပစ်ချပြီး ကျောင်းသားတွေရဲ့ရှေ့များ သူမကိုဆူပူခဲ့ပါတော့တယ် ။ ထို့အပြင် သူမကိုပေတံဖြင့် အချက်ပေါင်းများစွာရိုက်ပြီးနောက်ထပ် 4မိနစ်ခန့်ထပ်မံပြီးဆူပူခဲ့ပါသေးတယ် ။ သူမခံစားသွားခဲ့ရတာကို တစ်ခန်းလုံးမျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ကြပြီးနောက် Xiao Ru ဟာငိုကြွေးသွားခဲ့ပါတော့တယ် ။ ဆရာမဖြစ်သူ ဆူပူပြီးတာနဲ့ချက်ချင်း Xiao Ru ဟာအခန်းပြင်သို့ထွက်ခွာသွားခဲ့ပြီးနောက် ကျောင်း၏ 4လွှာအထပ်ကနေခုန်ချကာ ကိုယ့်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ် ။

ကျောင်းသူလေးသေဆုံးပြီးနောက်မှာတော့ သူမရဲ့ဖခင်ဖြစ်သူဟာ အသက် 40အရွယ်ကျောင်းဆရာမကို အဖြစ်အပျက်တစ်ခုလုံးကိုရှင်းပြပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ Ms Wang ဟာ အဆိုပါအဖြစ်အပျက်ပြီးနောက် လုံးဝလူရှေ့မထွက်ရဲခဲ့တဲ့အပြင် ၊ ကျောင်းဖက်ကလည်း ဆရာမဖြစ်သူရဲ့အရည်အချင်းလတ်မှတ်တွေကို မထုတ်ပြရဲနိုင်ခဲ့ပါဘူး ။ မည်သို့ပင်ဖြစ်စေကာမူ ကျောင်းသူလေးသေဆုံးမှုအတွက် တိကျတဲ့အဖြေမျိုးပေါ်ထွက်လာဖို့ မျှော်လင့်ရမှာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "မခံမရပ္ႏိုင္ေအာင္ ႐ိုက္ႏွက္ၿပီးဆူဆဲခဲ့တဲ့ ေက်ာင္းဆရာမေၾကာင့္ ခ်က္ခ်င္းတိုက္ေပၚကခုန္ခ်ၿပီးအဆံုးစီရင္ခဲ့တဲ့ေက်ာင္းသူေလး"

Leave a comment

Your email address will not be published.


*