တင္ေတာင္းတဲ့လက္ေဆာင္ေငြေၾကးကို ျငင္းပယ္ၿပီး သတို႔သားကို စာအုပ္ေပါင္း 80 အုပ္ေရသာေပးဖို႔ ေတာင္းဆိုခဲ့တဲ့ သတို႔သမီး

အိႏၵိယႏိုင္ငံမွာေနထိုင္တဲ့ အသက္ 24 ႏွစ္အရြယ္ ၊ Moyna အမည္႐ွိတဲ့သတို႔သမီးဟာဆိုရင္ သူမကိုတင္ေတာင္းတဲ့ေငြေၾကးလက္ေဆာင္ကို ျငင္းပယ္ခဲ့ၿပီး သူမစာဖတ္ဖို႔ စာအုပ္ေပါင္း 80 အုပ္ေရသာ ေပးဖို႔ သတို႔သားရဲ႕မိသားစုကိုေတာင္းဆိုခဲ့ပါတယ္ ။ ဒါေၾကာင့္ သတို႔သားရဲ႕မိသားစုဖက္ကလည္း အေတာ္ေလးကိုေပ်ာ္ရႊင္သြားခဲ့ၿပီး လက္ေဆာင္ပစၥည္းေျပာင္းလဲေပးခဲ့ကာ သူမအတြက္ ကတ္ထူေသတၱာနဲ႔အျပည့္ စာအုပ္ေတြယူေဆာင္လာေပးခဲ့ပါတယ္ ။’ထံုးတမ္းစဥ္လာဓေလ့အရ တင္ေတာင္းေလ့႐ွိၾကၿပီး ၊ ယေန႔ေခတ္မွာ တင္ေတာင္းရတဲ့ေငြေၾကးဟာ အေတာ္မ်ားျပားေပမဲ့ သူမကစာအုပ္သာေတာင္ဆိုခဲ့တဲ့အတြက္ သတို႔သားရဲ႔ မိဘေတြက အေတာ္ေလးကိုေပ်ာ္ရႊင္ခဲ့ၾကပါတယ္’ ဆိုၿပီး ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးက ေျပာျပခဲ့ပါတယ္ ။

သူမဟာ နာမည္ႀကီးစာေရးဆရာေတြ ေရးသားထားတဲ့စာအုပ္ေတြပါဝင္တဲ့ စာအုပ္ေပါင္း 80 ကိုရ႐ွိခဲ့ၿပီး ၊ သူမဟာ ငယ္ရြယ္စဥ္ကတည္းက စာဖတ္ရတာကို ၿငီးေငြ႔သြားျခင္းမ်ိဳး မ႐ွိေၾကာင္းလည္း ေျပာျပခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သတို႔သားဖက္ကေတာ့ စာအုပ္ေတြအျပင္ သူမရဲ႕ကိုယ္ေရးကိုယ္တာ အသံုးစရိတ္အတြက္လည္း ေငြပမာဏ အခ်ိဳ႕ေပးခဲ့ေၾကာင္း သိရပါတယ္ ။အစိုးရရံုးေတြကလည္း သူမရဲ႕သတင္းကိုၾကားသိၿပီးေနာက္ သူမဟာအမ်ိဳးသမီးေတြရဲ႕စံျပပုဂၢိဳလ္ျဖစ္ေၾကာင္း ႏွင့္ ဗဟုသုတႂကြယ္ဝတဲ့သူမေၾကာင့္ သူမရဲ႕မ်ိဳးဆက္ေတြဟာလည္း အသိပညာႂကြယ္ဝသူေတြျဖစ္ၾကမွာပါ ဆိုၿပီး ခ်ီးမြမ္းေျပာဆိုခဲ့ၾကပါတယ္ ။ ပညာဗဟုသုတႂကြယ္ဝျခင္းက ခ်မ္းသာျခင္းထက္ ပိုျမင့္ျမတ္တယ္ဆိုတာကို Moyna က သက္ေသျပလိုက္တာပါပဲေလ ။

Jasmine (Mckzone Daily)

Source : noonecares

Unicode

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် 24 နှစ်အရွယ် ၊ Moyna အမည်ရှိတဲ့သတို့သမီးဟာဆိုရင် သူမကိုတင်တောင်းတဲ့ငွေကြေးလက်ဆောင်ကို ငြင်းပယ်ခဲ့ပြီး သူမစာဖတ်ဖို့ စာအုပ်ပေါင်း 80 အုပ်ရေသာ ပေးဖို့ သတို့သားရဲ့မိသားစုကိုတောင်းဆိုခဲ့ပါတယ် ။ ဒါကြောင့် သတို့သားရဲ့မိသားစုဖက်ကလည်း အတော်လေးကိုပျော်ရွှင်သွားခဲ့ပြီး လက်ဆောင်ပစ္စည်းပြောင်းလဲပေးခဲ့ကာ သူမအတွက် ကတ်ထူသေတ္တာနဲ့အပြည့် စာအုပ်တွေယူဆောင်လာပေးခဲ့ပါတယ် ။’ထုံးတမ်းစဉ်လာဓလေ့အရ တင်တောင်းလေ့ရှိကြပြီး ၊ ယနေ့ခေတ်မှာ တင်တောင်းရတဲ့ငွေကြေးဟာ အတော်များပြားပေမဲ့ သူမကစာအုပ်သာတောင်ဆိုခဲ့တဲ့အတွက် သတို့သားရဲ့ မိဘတွေက အတော်လေးကိုပျော်ရွှင်ခဲ့ကြပါတယ်’ ဆိုပြီး ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပြခဲ့ပါတယ် ။

သူမဟာ နာမည်ကြီးစာရေးဆရာတွေ ရေးသားထားတဲ့စာအုပ်တွေပါဝင်တဲ့ စာအုပ်ပေါင်း 80 ကိုရရှိခဲ့ပြီး ၊ သူမဟာ ငယ်ရွယ်စဉ်ကတည်းက စာဖတ်ရတာကို ငြီးငွေ့သွားခြင်းမျိုး မရှိကြောင်းလည်း ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း သတို့သားဖက်ကတော့ စာအုပ်တွေအပြင် သူမရဲ့ကိုယ်ရေးကိုယ်တာ အသုံးစရိတ်အတွက်လည်း ငွေပမာဏ အချို့ပေးခဲ့ကြောင်း သိရပါတယ် ။အစိုးရရုံးတွေကလည်း သူမရဲ့သတင်းကိုကြားသိပြီးနောက် သူမဟာအမျိုးသမီးတွေရဲ့စံပြပုဂ္ဂိုလ်ဖြစ်ကြောင်း နှင့် ဗဟုသုတကြွယ်ဝတဲ့သူမကြောင့် သူမရဲ့မျိုးဆက်တွေဟာလည်း အသိပညာကြွယ်ဝသူတွေဖြစ်ကြမှာပါ ဆိုပြီး ချီးမွမ်းပြောဆိုခဲ့ကြပါတယ် ။ ပညာဗဟုသုတကြွယ်ဝခြင်းက ချမ်းသာခြင်းထက် ပိုမြင့်မြတ်တယ်ဆိုတာကို Moyna က သက်သေပြလိုက်တာပါပဲလေ ။

Jasmine (Mckzone Daily)

  • Leave a Comment