ဘာသာစကား 38 မ်ိဳး ေျပာဆိုႏိုင္တဲ့စက္႐ုပ္ကို တီထြင္ျပႏိုင္ခဲ့တဲ့ ေက်ာင္းဆရာ (႐ုပ္သံ)

Dinesh Patel အမည္႐ွိတဲ့ အိႏၵိယႏိုင္ငံမွ ကြန္ျပဴတာသိပၸံနည္းပညာေက်ာင္းဆရာတစ္ဦးဟာ Shalu အမည္႐ွိတဲ့ လူသားအမ်ိဳးသမီးပံုစံစက္႐ုပ္ကို တီထြင္ခဲ့ပါတယ္ ။ Shalu ဟာ ဥာဏ္ေကာင္းလြန္းတဲ့စက္႐ုပ္ျဖစ္ၿပီး ျပည္တြင္းဘာသာစကား 9မ်ိဳးေျပာဆိုႏိုင္သည့္အျပင္ ၊ ႏိုင္ငံျခား ဘာသာစကားေပါင္း 38 မ်ိဳးကိုလည္း ေျပာဆိုႏိုင္တဲ့ စက္႐ုပ္ျဖစ္ပါတယ္ ။ ေက်ာင္းဆရာကေတာ့ Rajnikant နဲ႔ Aishwarya Rai အမည္႐ွိတဲ့ စက္႐ုပ္႐ုပ္႐ွင္ကားေတြကို ၾကည့္႐ႈၿပီးေနာက္ ယခုလို စက္႐ုပ္ဖန္တီးဖို႔ အၾကံဥာဏ္ရ႐ွိသြားခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

Shalu ကို စြန္႔ပစ္ပစၥည္းေတြျဖစ္တဲ့ ပလပ္စတစ္ ၊ ကတ္ထူ ၊ သစ္သား ႏွင့္ အလူမီနီယံ စတဲ့အရာေတြနဲ႔ ဖန္တီးတီထြင္ခဲ့ၿပီး ၊ 3 ႏွစ္ခန္႔အခ်ိန္ယူခဲ့ရေၾကာင္း နွင့္ ကုန္က်စရိတ္ အေမရိကန္ေဒၚလာ 669.08 ခန္႔ ကုန္က်ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Shalu ဟာ မွတ္ဥာဏ္ေကာင္းလြန္းၿပီး ၊ လူေတြကိုလည္း မွတ္မိေနကာ အျခားဗဟုသုတေမးခြန္းေတြကိုလည္း ေျဖဆိုႏိုင္ေၾကာင္း ႏွင့္ သခၤ်ာပုဒ္စာေတြကိုလည္း ေျဖၾကားႏိုင္ေၾကာင္းသိရပါတယ္ ။ ေက်ာင္းဆရာ Patel ကေတာ့ ‘ Shalu က လူေတြကို ႏႈတ္ဆက္ႏိုင္တယ္ ၊ စိတ္ခံစားမႈ႐ွိတယ္ ၊ သတင္းစာဖတ္ႏိုင္တယ္ ၊ ဟင္းခ်က္ျပဳတ္နည္းေတြ ရြတ္ျပႏိုင္တယ္ ၿပီးေတာ့ အျခားအရာေတြကိုလည္း လုပ္ေဆာင္ႏိုင္ပါတယ္ ၊ သူ႔ကို ေက်ာင္းေတြမွာ ဆရာမအျဖစ္ နဲ႔ ရံုးေတြရဲ႕ ဧည့္ႀကိဳလက္ခံေနရာမွာ အသံုးျပဳႏိုင္ပါတယ္ ‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။ ကမာၻတစ္ဝန္းမွ လူေတြကလည္း Patel ရဲ႕ တီထြင္ဖန္တီးမႈေတြကို ေလးစားအားရလ်က္႐ွိၾကေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : noonecares

Unicode

Dinesh Patel အမည်ရှိတဲ့ အိန္ဒိယနိုင်ငံမှ ကွန်ပြူတာသိပ္ပံနည်းပညာကျောင်းဆရာတစ်ဦးဟာ Shalu အမည်ရှိတဲ့ လူသားအမျိုးသမီးပုံစံစက်ရုပ်ကို တီထွင်ခဲ့ပါတယ် ။ Shalu ဟာ ဉာဏ်ကောင်းလွန်းတဲ့စက်ရုပ်ဖြစ်ပြီး ပြည်တွင်းဘာသာစကား 9မျိုးပြောဆိုနိုင်သည့်အပြင် ၊ နိုင်ငံခြား ဘာသာစကားပေါင်း 38 မျိုးကိုလည်း ပြောဆိုနိုင်တဲ့ စက်ရုပ်ဖြစ်ပါတယ် ။ ကျောင်းဆရာကတော့ Rajnikant နဲ့ Aishwarya Rai အမည်ရှိတဲ့ စက်ရုပ်ရုပ်ရှင်ကားတွေကို ကြည့်ရှုပြီးနောက် ယခုလို စက်ရုပ်ဖန်တီးဖို့ အကြံဉာဏ်ရရှိသွားခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

Shalu ကို စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ပလပ်စတစ် ၊ ကတ်ထူ ၊ သစ်သား နှင့် အလူမီနီယံ စတဲ့အရာတွေနဲ့ ဖန်တီးတီထွင်ခဲ့ပြီး ၊ 3 နှစ်ခန့်အချိန်ယူခဲ့ရကြောင်း နှင့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ 669.08 ခန့် ကုန်ကျခဲ့ရကြောင်း သိရှိရပါတယ် ။

Shalu ဟာ မှတ်ဉာဏ်ကောင်းလွန်းပြီး ၊ လူတွေကိုလည်း မှတ်မိနေကာ အခြားဗဟုသုတမေးခွန်းတွေကိုလည်း ဖြေဆိုနိုင်ကြောင်း နှင့် သင်္ချာပုဒ်စာတွေကိုလည်း ဖြေကြားနိုင်ကြောင်းသိရပါတယ် ။ ကျောင်းဆရာ Patel ကတော့ ‘ Shalu က လူတွေကို နှုတ်ဆက်နိုင်တယ် ၊ စိတ်ခံစားမှုရှိတယ် ၊ သတင်းစာဖတ်နိုင်တယ် ၊ ဟင်းချက်ပြုတ်နည်းတွေ ရွတ်ပြနိုင်တယ် ပြီးတော့ အခြားအရာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ် ၊ သူ့ကို ကျောင်းတွေမှာ ဆရာမအဖြစ် နဲ့ ရုံးတွေရဲ့ ဧည့်ကြိုလက်ခံနေရာမှာ အသုံးပြုနိုင်ပါတယ် ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ ကမ္ဘာတစ်ဝန်းမှ လူတွေကလည်း Patel ရဲ့ တီထွင်ဖန်တီးမှုတွေကို လေးစားအားရလျက်ရှိကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment