ဆံသဆရာက ႐ုပ္ဆိုးၿပီးမလိုက္မဖက္တဲ့ ဆံပင္ပုံစံမ်ိဳးညႇပ္ေပးခဲ့လို႔ ရဲေခၚၿပီးတိုင္ၾကားခဲ့တဲ့ 10 ႏွစ္သားအ႐ြယ္ေကာင္ေလး

ဆံပင္ညႇပ္ဆိုင္က ညႇပ္လာေပးတဲ့ဆံပင္ပုံစံေၾကာင့္ အဆင္မေျပမႈေတြႀကဳံေတြ႕ရတဲ့သူေပါင္း မနည္းပါဘူး ။ သို႔ေပမဲ့လည္း ဆံပင္က ျပန္ရွည္လာမွာပဲေလ ဆိုၿပီး စိတ္ဆိုးေဒါသကို ျပန္ေျဖေလ်ာ့ေနၾကရတာပါ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံက 10 ႏွစ္သားအ႐ြယ္ ေကာင္ေလးကေတာ့ စိတ္မေျဖႏိုင္ခဲ့ပါဘူး ။ ေကာင္ေလးဟာ ဆံသဆရာညႇပ္ေပးလိုက္တဲ့ဆံပင္ပုံစံကို လုံးဝစိတ္တိုင္းမက်ဘဲ စိတ္ဆိုးလြန္းလို႔ ရဲေခၚၿပီးတိုင္ၾကားခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ရဲ႕ video နဲ႔ ဓာတ္ပုံေတြဟာ Weibo နဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ Twitter စာမ်က္ႏွာေတြေပၚမွာ အေတာ္ေလးကို ပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္ ။

Video ထဲမွာေတာ့ ေကာင္ေလးဟာ စိတ္မေက်နပ္တဲ့ပုံစံနဲ႔ မွန္ကို အႀကိမ္ေပါင္းမ်ားစြာၾကည့္ေနခဲ့ၿပီး ၊ သူ႔ရဲ႕ေခါင္းကိုကိုင္ကာ ေအာ္ဟစ္ငိုေႂကြးရင္း ေနာက္ဆုံး ရဲတိုင္ၾကားခဲ့တာျဖစ္ပါတယ္ ။ ရဲအရာရွိေတြ ေရာက္ရွိလာခ်ိန္မွာေတာ့ အျဖစ္အပ်က္အေၾကာင္းအရာကို သိရွိသြားခဲ့ၿပီး ေကာင္ေလးရဲ႕အစ္မျဖစ္သူအား ဆံသဆရာနဲ႔သာ ျပသာနာေျဖရွင္းဖို႔ေျပာဆိုခဲ့ပါတယ္ ။ အစ္မျဖစ္သူကလည္း ေမာင္ေလးျဖစ္သူကို ဆုံးမဖို႔ ရဲအရါရွိေတြကိုကတိေပးခဲ့ရတဲ့အျပင္ ေနာက္ေနာင္ယခုလိုသာမွန္ကိစၥရပ္မ်ိဳးနဲ႔ ရဲအရာရွိေတြအားမတိုင္ၾကားဘဲ မိဘေတြထံအရင္ေျပာေအာင္ ေမာင္ေလးျဖစ္သူကိုလည္း ရဲအရာရွိေတြမျပန္ခင္ အႀကံေပးခဲ့ပါတယ္ ။

အဆိုပါ video ဟာ အင္တာနက္ေပၚမွာအေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူအေတာ္အမ်ားက ‘ လူအခ်ိဳ႕က ဆံသဆရာေတြအေပၚ ျပန္လုပ္ခ်င္ခဲ့တဲ့အရာကို ေကာင္ေလးက လုပ္ေပးခဲ့တာပဲ ‘ ဆိုၿပီး မွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ဆံပင်ညှပ်ဆိုင်က ညှပ်လာပေးတဲ့ဆံပင်ပုံစံကြောင့် အဆင်မပြေမှုတွေကြုံတွေ့ရတဲ့သူပေါင်း မနည်းပါဘူး ။ သို့ပေမဲ့လည်း ဆံပင်က ပြန်ရှည်လာမှာပဲလေ ဆိုပြီး စိတ်ဆိုးဒေါသကို ပြန်ဖြေလျော့နေကြရတာပါ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက 10 နှစ်သားအရွယ် ကောင်လေးကတော့ စိတ်မဖြေနိုင်ခဲ့ပါဘူး ။ ကောင်လေးဟာ ဆံသဆရာညှပ်ပေးလိုက်တဲ့ဆံပင်ပုံစံကို လုံးဝစိတ်တိုင်းမကျဘဲ စိတ်ဆိုးလွန်းလို့ ရဲခေါ်ပြီးတိုင်ကြားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ရဲ့ video နဲ့ ဓာတ်ပုံတွေဟာ Weibo နဲ့ တရုတ်နိုင်ငံရဲ့ Twitter စာမျက်နှာတွေပေါ်မှာ အတော်လေးကို ပျံ့နှံ့လျက်ရှိနေပါတယ် ။

Video ထဲမှာတော့ ကောင်လေးဟာ စိတ်မကျေနပ်တဲ့ပုံစံနဲ့ မှန်ကို အကြိမ်ပေါင်းများစွာကြည့်နေခဲ့ပြီး ၊ သူ့ရဲ့ခေါင်းကိုကိုင်ကာ အော်ဟစ်ငိုကြွေးရင်း နောက်ဆုံး ရဲတိုင်ကြားခဲ့တာဖြစ်ပါတယ် ။ ရဲအရာရှိတွေ ရောက်ရှိလာချိန်မှာတော့ အဖြစ်အပျက်အကြောင်းအရာကို သိရှိသွားခဲ့ပြီး ကောင်လေးရဲ့အစ်မဖြစ်သူအား ဆံသဆရာနဲ့သာ ပြသာနာဖြေရှင်းဖို့ပြောဆိုခဲ့ပါတယ် ။ အစ်မဖြစ်သူကလည်း မောင်လေးဖြစ်သူကို ဆုံးမဖို့ ရဲအရါရှိတွေကိုကတိပေးခဲ့ရတဲ့အပြင် နောက်နောင်ယခုလိုသာမှန်ကိစ္စရပ်မျိုးနဲ့ ရဲအရာရှိတွေအားမတိုင်ကြားဘဲ မိဘတွေထံအရင်ပြောအောင် မောင်လေးဖြစ်သူကိုလည်း ရဲအရာရှိတွေမပြန်ခင် အကြံပေးခဲ့ပါတယ် ။

အဆိုပါ video ဟာ အင်တာနက်ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့ပြီး လူအတော်အများက ‘ လူအချို့က ဆံသဆရာတွေအပေါ် ပြန်လုပ်ချင်ခဲ့တဲ့အရာကို ကောင်လေးက လုပ်ပေးခဲ့တာပဲ ‘ ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment