နှာခေါင်းစည်း mask တပ်ပြီး စုံတွဲပေါင်း 200 ကျော် တစ်နေရာထဲ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့အဖြစ်



Jasmine (Mckzone Daily)

Source : noonecares

Unicode

ယခုလိုအချိန်ကာလမှာ ကူးစက်ရောဂါကြောင့် လူအတော်များများက လုပ်ရမဲ့ အလုပ်ကိစ္စတွေကို ရွှေ့ဆိုင်းလာခဲ့ကြရပါတယ် ။ ရွှေ့ဆိုင်း ၊ စောင့်ဆိုင်းခဲ့ရတဲ့အချိန်တွေကြာလာတော့ ဒီတစ်ခေါက်မှာ ဖိလစ်ပိုင်နိုင်ငံက စုံတွဲပေါင်း 200 ကျော်ဟာ နှာခေါင်းစည်း mask တပ်ပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့အပြင် ၊ နှာခေါင်းစည်းတပ်ပြီး အနမ်းပေးခဲ့ကြပါသေးတယ် ။အစောပိုင်းမှာတော့ ကျန်းမာရေးဌာနက အဆိုပါစုံတွဲတွေကို မင်္ဂလာခန်းမအတွင်း ထိတွေ့ဆက်ဆံမှုမျိုး မပြုလုပ်ကြဖို့ သတိပေးခဲ့ကြပေမဲ့လည်း ၊ စုံတွဲတွေကတော့ သူတို့ရဲ့အချစ်ကိုမဖုံးကွယ်ထားနိုင်တော့ဘဲ ၊ နောက်ဆုံး နှာခေါင်းစည်း mask တပ်ပြီး အနမ်းပေးခဲ့ကြပါတယ် ။

ဒါကြောင့် အစိုးရကလည်း မင်္ဂလာပွဲကျင်းပခဲ့တဲ့ စုံတွဲပေါင်း 200 ကျော်ကို ၊ ပွဲပြီးတဲ့နောက် ကန့်သတ်သွားလာခွင့် 14 ရက်ခန့်ပိတ်ပင်ထားပြီး စောင့်ကြပ်ကြည့်ရှုနေရကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "နှာခေါင်းစည်း mask တပ်ပြီး စုံတွဲပေါင်း 200 ကျော် တစ်နေရာထဲ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*