ကားေမာ္ဒယ္လုပ္ရင္း တစ္ႀကိမ္ကို ျမန္မာေငြ သိန္း 20 ေက်ာ္ခန္႔ ဝင္ေငြရ႐ွိေနခဲ့တဲ့ ေၾကာင္ေလး

တ႐ုတ္ႏိုင္ငံက Mao Mao အမည္႐ွိတဲ့ ေၾကာင္ျဖဴေလးဟာ 2ႏွစ္သားအရြယ္သာ႐ွိေသးေပမဲ့လည္း တ႐ုတ္ႏိုင္ငံရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။Mao Mao ဟာ ကားေမာ္ဒယ္အေနနဲ႔ အလုပ္လုပ္ကိုင္ေနၿပီး ၊ auto shows ေတြမွာ တစ္လကို 4 ႀကိမ္ခန္႔ေရာက္႐ွိတတ္ၿပီး ၊ တစ္ႀကိမ္ကို ျမန္မာေငြ သိန္း 20 ေက်ာ္ခန္႔ရ႐ွိေနတဲ့ ေၾကာင္ေလးတစ္ေကာင္ျဖစ္ပါတယ္ ။ ေၾကာင္ေလးဟာ ယခုအခ်ိန္မွာေတာ့ အဆင္ျမင့္စြာေနထိုင္ေနရၿပီး ကိုယ္ပိုင္ကား 3 စီး႐ွိၿပီး ၊ အိပ္ယာ 4/5 ခုခန္႔႐ွိကာ ၊ ေစ်းအႀကီးဆံုး ေၾကာင္အစားအစာေတြကိုသာ စားေသာက္ေနရေၾကာင္း သိရပါတယ္ ။

ေၾကာင္ေလးရဲ႕သခင္ေျပာျပခ်က္အရ အစပိုင္မွာေတာ့ Mao Mao ကို auto ေမာ္ဒယ္အေနနဲ႔ အလုပ္လုပ္ကိုင္ေစဖို႔ မရည္ရြယ္ထားေၾကာင္း ၊ auto show သို႔ သြားေရာက္ရင္း Mao Mao ကို ကားေပၚမွာ တင္ထားဖို႔အၾကံရ႐ွိခဲ့ကာ Mao Mao ကို ကားေပၚတင္ထားစဥ္ မယံုႏိုင္ေလာက္တဲ့ တံု႔ျပန္မႈမ်ိဳးရ႐ွိခဲ့ေၾကာင္း သိရပါတယ္ ။ အေၾကာင္းကေတာ့ Mao Mao ထံ လူအုပ္ႀကီးက ဝိုင္အံုလာၿပီး ကား နဲ႔ ေၾကာင္ေလးကို ဓာတ္ပံု႐ိုက္ကူးသြားခဲ့ၾကလို႔ပါပဲ ။ Mao Mao ရဲ႕အျဖစ္ကေတာ့ အိမ္ေမြးတိရစာၦန္ေမြးထားၾကတဲ့ သူေတြရဲ႕ အိမ္မက္လို႔ ေျပာရေလာက္ေအာင္ပါပဲ ။

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

တရုတ်နိုင်ငံက Mao Mao အမည်ရှိတဲ့ ကြောင်ဖြူလေးဟာ 2နှစ်သားအရွယ်သာရှိသေးပေမဲ့လည်း တရုတ်နိုင်ငံရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။Mao Mao ဟာ ကားမော်ဒယ်အနေနဲ့ အလုပ်လုပ်ကိုင်နေပြီး ၊ auto shows တွေမှာ တစ်လကို 4 ကြိမ်ခန့်ရောက်ရှိတတ်ပြီး ၊ တစ်ကြိမ်ကို မြန်မာငွေ သိန်း 20 ကျော်ခန့်ရရှိနေတဲ့ ကြောင်လေးတစ်ကောင်ဖြစ်ပါတယ် ။ ကြောင်လေးဟာ ယခုအချိန်မှာတော့ အဆင်မြင့်စွာနေထိုင်နေရပြီး ကိုယ်ပိုင်ကား 3 စီးရှိပြီး ၊ အိပ်ယာ 4/5 ခုခန့်ရှိကာ ၊ ဈေးအကြီးဆုံး ကြောင်အစားအစာတွေကိုသာ စားသောက်နေရကြောင်း သိရပါတယ် ။

ကြောင်လေးရဲ့သခင်ပြောပြချက်အရ အစပိုင်မှာတော့ Mao Mao ကို auto မော်ဒယ်အနေနဲ့ အလုပ်လုပ်ကိုင်စေဖို့ မရည်ရွယ်ထားကြောင်း ၊ auto show သို့ သွားရောက်ရင်း Mao Mao ကို ကားပေါ်မှာ တင်ထားဖို့အကြံရရှိခဲ့ကာ Mao Mao ကို ကားပေါ်တင်ထားစဉ် မယုံနိုင်လောက်တဲ့ တုံ့ပြန်မှုမျိုးရရှိခဲ့ကြောင်း သိရပါတယ် ။ အကြောင်းကတော့ Mao Mao ထံ လူအုပ်ကြီးက ဝိုင်အုံလာပြီး ကား နဲ့ ကြောင်လေးကို ဓာတ်ပုံရိုက်ကူးသွားခဲ့ကြလို့ပါပဲ ။ Mao Mao ရဲ့အဖြစ်ကတော့ အိမ်မွေးတိရစ္ဆာန်မွေးထားကြတဲ့ သူတွေရဲ့ အိမ်မက်လို့ ပြောရလောက်အောင်ပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment