ေပ်ာက္ဆံုးေနခဲ့တဲ့ လက္ထပ္လက္စြပ္ကို ငါးရဲ႕ ခႏၶာကိုယ္ေပၚမွာ မေမ်ွာ္လင့္ဘဲေတြ႔႐ွိခဲ့တဲ့ ေရငုပ္သမား

ၾသစေၾတးလ်ႏိုင္ငံမွ ေရငုပ္သမားတစ္ဦးဟာ ေရငုပ္ေနစဥ္အတြင္း ကဘီလူးငါးရဲ့ခႏၶာကိုယ္ေပၚမွာ စြပ္မိေနတဲ့ လက္ထပ္လက္စြပ္တစ္ကြင္းကို ႐ွာေဖြေတြ႔႐ွိခဲ့ပါတယ္ ။ သတင္းအရ Nathan Reeves ႏွင့္ Suzie Quintal အမည္႐ွိတဲ့ စံုတြဲဟာၿပီးခဲ့တဲ့ႏွစ္ ခရစ္စမတ္ရာသီက Norfolk ကြၽန္းသို႔အလည္သြားေရာက္ခဲ့ပါတယ္ ။ ကံဆိုးစြာနဲ႔ပဲ Emily ကမ္းေျခမွာ ေရကူးေနစဥ္ ေရႊလက္စြပ္က်ေပ်ာက္သြားခဲ႔မွန္း Nathan က ေနာက္မွ သိ႐ွိခဲ့ရပါတယ္ ။ အဆိုပါ လက္စြပ္ကိုေတာ့ ယခုအခ်ိန္မွ ေဒသခံ ေရငုပ္သမား Prior က ႐ွာေဖြေတြ႔႐ွိခဲ့တာပါ ။

အဆိုပါလက္စြပ္ဟာ ငါးကိုဖမ္းမိၿပီး ျငင္ျငင္သာသာ ဖယ္ထုတ္မွ ရႏိုင္မွာပါ ၊ ငါးေလးက အရြယ္အစား မႀကီးေသးလို႔ အဆင္ေျပေနေသးေပမဲ့လည္း ဒီထက္ႀကီးလာမယ္ဆိုရင္ေတာ့ အေတာ္ေလး ဒုကၡေတြ႔မွာပါ ။ Prior ဟာ ငါးကိုေတာ့မဖမ္းထားေသးဘဲ ၊ လက္စြပ္ပိုင္႐ွင္ကို အရင္အေၾကာင္းၾကားခဲ့တာပါ ။ ယခုခ်ိန္မွာေတာ့ ေဒသခံေတြဟာ အဆိုပါငါးကိုဖမ္းယူၿပီး လက္စြပ္အား ပိုင္႐ွင္ထံ ျပန္ေပးႏိုင္ဖို႔ ေနာက္တစ္ႀကိမ္ ငါးေလးကို ထပ္မံ႐ွာေဖြေနလ်က္႐ွိၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

သြစတြေးလျနိုင်ငံမှ ရေငုပ်သမားတစ်ဦးဟာ ရေငုပ်နေစဉ်အတွင်း ကဘီလူးငါးရဲ့ခန္ဓာကိုယ်ပေါ်မှာ စွပ်မိနေတဲ့ လက်ထပ်လက်စွပ်တစ်ကွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ သတင်းအရ Nathan Reeves နှင့် Suzie Quintal အမည်ရှိတဲ့ စုံတွဲဟာပြီးခဲ့တဲ့နှစ် ခရစ်စမတ်ရာသီက Norfolk ကျွန်းသို့အလည်သွားရောက်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ပဲ Emily ကမ်းခြေမှာ ရေကူးနေစဉ် ရွှေလက်စွပ်ကျပျောက်သွားခဲ့မှန်း Nathan က နောက်မှ သိရှိခဲ့ရပါတယ် ။ အဆိုပါ လက်စွပ်ကိုတော့ ယခုအချိန်မှ ဒေသခံ ရေငုပ်သမား Prior က ရှာဖွေတွေ့ရှိခဲ့တာပါ ။

အဆိုပါလက်စွပ်ဟာ ငါးကိုဖမ်းမိပြီး ငြင်ငြင်သာသာ ဖယ်ထုတ်မှ ရနိုင်မှာပါ ၊ ငါးလေးက အရွယ်အစား မကြီးသေးလို့ အဆင်ပြေနေသေးပေမဲ့လည်း ဒီထက်ကြီးလာမယ်ဆိုရင်တော့ အတော်လေး ဒုက္ခတွေ့မှာပါ ။ Prior ဟာ ငါးကိုတော့မဖမ်းထားသေးဘဲ ၊ လက်စွပ်ပိုင်ရှင်ကို အရင်အကြောင်းကြားခဲ့တာပါ ။ ယခုချိန်မှာတော့ ဒေသခံတွေဟာ အဆိုပါငါးကိုဖမ်းယူပြီး လက်စွပ်အား ပိုင်ရှင်ထံ ပြန်ပေးနိုင်ဖို့ နောက်တစ်ကြိမ် ငါးလေးကို ထပ်မံရှာဖွေနေလျက်ရှိကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေပ်ာက္ဆံုးေနခဲ့တဲ့ လက္ထပ္လက္စြပ္ကို ငါးရဲ႕ ခႏၶာကိုယ္ေပၚမွာ မေမ်ွာ္လင့္ဘဲေတြ႔႐ွိခဲ့တဲ့ ေရငုပ္သမား"

Leave a comment

Your email address will not be published.


*