ချစ်သူကောင်လေး မငြင်းရက်နိုင်အောင် ကိုယ်တိုင်ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ မိန်းကလေး (ရုပ်သံ)




Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲရဲ့ video ကတော့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။Ulvic Berdecen နဲ့ Cheska အမည်ရှိတဲ့စုံတွဲတို့ဟာ ချစ်သူဖြစ်ခဲ့ကြတာ 1 နှစ်သာရှိပါသေးတယ် ။ သို့ပေမဲ့လည်း Cheska ကတော့ သူမရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးကို လက်တွဲဖော်အဖြစ် Ulvic ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ် ။ ဒါကြောင့် သူမဖက်ကနေစပြီး လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ ။ အဆိုပါ video ကိုတော့ Ulvic ရဲ့ အစ်ကိုဖြစ်သူက ရိုက်ကူးပေးခဲ့တာဖြစ် ၊ Ulvic ရဲ့ တစ်မိသားစုလုံးကို ညစာကျွေးမွေးဖို့ Cheska က ဖိတ်ကြားထားခဲ့တာပါ ။ ညစာစားနေကြစဉ် ရုတ်တရက်အချစ်သီချင်းဖွင့်ပြီး စားသောက်ဆိုင်မှဝန်ထမ်းများကလည်း Ulvic ဆီရောက်ရှိလာကာ Ulvic ကို အနီရောင်နှင်ဆီးပန်းတွေပေးပြီး Surprise လုပ်ခဲ့ကြပါတယ် ။

Cheska ကိုယ်တိုင်ကလည်း ပန်းလေးနဲ့ Ulvic ဆိ ရောက်ရှိလာကာ ၊ သူမရဲ့ သူငယ်ချင်းများကတော့ ‘ Will you marry me?’ဆိုတဲ့ စာတန်းလေးကိုင်ထားပေးခဲ့ကြပါတယ် ။ သူမက သေတ္တာဘူးလေးထုတ်လာပြီး Ulvic ကို လက်စွပ်လှမ်းပေးခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ Ulvic က ‘yes’ ဆိုတဲ့ အဖြေကို ပြန်ပေးခဲ့ပါတယ် ။

အဆိုပါ video ရဲ့ caption ကိုတော့ ‘ ယောင်္ကျားတွေသာ propose လုပ်ရမယ်လို့ ဘယ်သူပြောလဲ ၊ ဖိလစ်ပိုင်မှာတော့ ညီတူညီမျှသာဖြစ်လို့ ငါဂုဏ်ယူမိတယ် ‘ ဆိုပြီး ရေးသားထားခဲ့ပါတယ် ။ အဆိုပါစုံတွဲလေးရဲ့အဖြစ်က ကြည့်ရှုသူတွေရဲ့ ရင်ထဲကို ကြည်နူးမှုတွေဖြစ်စေမှာ အမှန်ပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ချစ်သူကောင်လေး မငြင်းရက်နိုင်အောင် ကိုယ်တိုင်ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ မိန်းကလေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*