အိမ္ေမြးဝက္ေပါက္ အငယ္မ်ိဳးေလး ဝယ္ေမြးခဲ့ေပမဲ့ အဆမတန္ႀကီးမားလာတဲ့ ဝက္ႀကီးျဖစ္လာခဲ့တဲ့အျဖစ္

တ႐ုတ္ႏိုင္ငံက မိန္းကေလးတစ္ဦးဟာ လြန္ခဲ့တဲ့ 3 ႏွစ္ခန္႔က micro-pig အမ်ိဳးအစား ဝက္ေပါက္ေလး ဝယ္ေမြးခဲ့ေပမဲ့လည္း ၊ အေလးခ်ိန္ 150kg အထိ႐ွိလာတဲ့ သာမွန္ အသားစားဝက္မ်ိဳးျဖစ္ေနခဲ့ပါတယ္ ။ သူမဟာ ေခြး ၊ ေၾကာင္ေလးေတြကို ေမြးဖို႔ သေဘာမက်လို႔ ၊ micro-pig ေၾကာ္ျငာေလးကိုေတြ႔႐ွိၿပီး အိမ္ေမြးတိရစာၦန္အျဖစ္ ဝက္ေပါက္ေလးကိုေခၚေမြးဖို႔ စိတ္ကူးရလာခဲ့တာပါ ။ သို႔ေပမဲ့လည္း သူမရဲ႕ micro-pig ဝက္ေလးဟာ ႀကီးထြားမႈႏႈန္းမရပ္တန္႔ဘဲ အလြန္အမင္းႀကီးမားလာလို႔ သူမရဲ႕မိသားစုနဲ႔ သူငယ္ခ်င္းေတြက ကန္႔ကြက္တဲ့အထိျဖစ္လာခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း သူမက လက္မေလ်ာ့ခဲ့ပါဘူး ။ ဝက္ႀကီးက ေလ့က်င့္ခန္းလုပ္ဖို႔ ပ်င္းရိလြန္းကာ အေတာ္ေလးဝလာခဲ့ပါတယ္ ။ ဝက္ရဲ႕အ႐ွည္ဟာ 150cm အထိ႐ွိၿပီး ကိုယ္အေလးခ်ိန္မွာ 150kg အထိ႐ွိခဲ့ပါတယ္ ။ ထို႔အျပင္ တစ္ရက္ကို အစာ 6 ႀကိမ္ခန္႔အထိ စားေလ့႐ွိေၾကာင္း သိရပါတယ္ ။

သခင္ျဖစ္သူကလည္း ဝက္ႀကီးက ပ်င္းရိလြန္းၿပီး လမ္းမေလ်ွာက္ဘဲ အျမဲလဲအိပ္ေနတာကို မၾကည့္ရက္တဲ့အဆံုး အျပင္ေခၚၿပီး လမ္းထြက္ေလ်ွာက္ေလ့႐ွိပါတယ္ ။ ထိုအခ်ိန္မွာေတာ့ လမ္းသြားလမ္းလာမ်ားက သူမကိုအထူးအဆန္းလို႔ျမင္ကာ ဝိုင္းၾကည့္ၾကၿပီး ၊ အခ်ိဳ႕ဆိုရင္ ဓာတ္ပံုပါ ႐ိုက္ကူးခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း သူမက ဝက္ရဲ႕က်န္းမာေရးကိုသာ အေလးထားၿပီး အိမ္ေထာင္က်ခဲ့မယ္ဆိုရင္ေတာင္ ဝက္ႀကီးကို မိသားစုဝင္အျဖစ္ အျမဲသတ္မွတ္သြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : odditycentral

Unicode

တရုတ်နိုင်ငံက မိန်းကလေးတစ်ဦးဟာ လွန်ခဲ့တဲ့ 3 နှစ်ခန့်က micro-pig အမျိုးအစား ဝက်ပေါက်လေး ဝယ်မွေးခဲ့ပေမဲ့လည်း ၊ အလေးချိန် 150kg အထိရှိလာတဲ့ သာမှန် အသားစားဝက်မျိုးဖြစ်နေခဲ့ပါတယ် ။ သူမဟာ ခွေး ၊ ကြောင်လေးတွေကို မွေးဖို့ သဘောမကျလို့ ၊ micro-pig ကြော်ငြာလေးကိုတွေ့ရှိပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ဝက်ပေါက်လေးကိုခေါ်မွေးဖို့ စိတ်ကူးရလာခဲ့တာပါ ။ သို့ပေမဲ့လည်း သူမရဲ့ micro-pig ဝက်လေးဟာ ကြီးထွားမှုနှုန်းမရပ်တန့်ဘဲ အလွန်အမင်းကြီးမားလာလို့ သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက ကန့်ကွက်တဲ့အထိဖြစ်လာခဲ့ပါတယ် ။

သို့ပေမဲ့လည်း သူမက လက်မလျော့ခဲ့ပါဘူး ။ ဝက်ကြီးက လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းရိလွန်းကာ အတော်လေးဝလာခဲ့ပါတယ် ။ ဝက်ရဲ့အရှည်ဟာ 150cm အထိရှိပြီး ကိုယ်အလေးချိန်မှာ 150kg အထိရှိခဲ့ပါတယ် ။ ထို့အပြင် တစ်ရက်ကို အစာ 6 ကြိမ်ခန့်အထိ စားလေ့ရှိကြောင်း သိရပါတယ် ။

သခင်ဖြစ်သူကလည်း ဝက်ကြီးက ပျင်းရိလွန်းပြီး လမ်းမလျှောက်ဘဲ အမြဲလဲအိပ်နေတာကို မကြည့်ရက်တဲ့အဆုံး အပြင်ခေါ်ပြီး လမ်းထွက်လျှောက်လေ့ရှိပါတယ် ။ ထိုအချိန်မှာတော့ လမ်းသွားလမ်းလာများက သူမကိုအထူးအဆန်းလို့မြင်ကာ ဝိုင်းကြည့်ကြပြီး ၊ အချို့ဆိုရင် ဓာတ်ပုံပါ ရိုက်ကူးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူမက ဝက်ရဲ့ကျန်းမာရေးကိုသာ အလေးထားပြီး အိမ်ထောင်ကျခဲ့မယ်ဆိုရင်တောင် ဝက်ကြီးကို မိသားစုဝင်အဖြစ် အမြဲသတ်မှတ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ္ေမြးဝက္ေပါက္ အငယ္မ်ိဳးေလး ဝယ္ေမြးခဲ့ေပမဲ့ အဆမတန္ႀကီးမားလာတဲ့ ဝက္ႀကီးျဖစ္လာခဲ့တဲ့အျဖစ္"

Leave a comment

Your email address will not be published.


*