တံတားေအာက္မွာ အိပ္စက္ေနတဲ့အိမ္ေျခမဲ့တစ္ဦးက Fashion Model တစ္ေယာက္ျဖစ္လာခဲ့တဲ့ အျဖစ္(႐ုပ္သံ)

Ali Olakunmi အမည္႐ွိတဲ့ ႏိုင္ဂ်ီးရီးယား အိမ္ေျခယာမဲ့တစ္ဦးဟာ တံတားေအာက္မွာ အိပ္စက္ေနစဥ္ fashion ႐ိုက္ကူးေရးအတြက္ ဖန္တီး႐ွင္ဒါ႐ိုက္တာတစ္ဦးက ေရြးခ်ယ္သြားခဲ့ပါတယ္ ။ အျဖစ္အပ်က္ကေတာ့ အဆိုပါေန႔က ႐ိုက္ကူးေရးျပဳလုပ္မဲ့ ေမာ္ဒယ္ဟာ ႐ိုက္ကြင္းသို႔ေရာက္႐ွိဖို႔ အေတာ္ေလးေနာက္က်ေနခဲ့လို႔ ၊ ဒါ႐ိုက္တာက တံတားေအာက္မွာ အိပ္စက္ေနခဲ့တဲ့ Ali ကို သတိထားမိခဲ့တာပါ ။ Ali ဟာ ဒါ႐ိုက္တာလိုအပ္ေနတဲ့ ႐ုပ္ရည္သြင္ျပင္မ်ိဳး ျပည့္စံုေနခဲ့တဲ့အတြက္ Ali ဆီသို႔ ခ်ဥ္းကပ္ၿပီး အဝတ္အစားအခ်ိဳ႕ဝတ္ဆင္ေပကာ ၊ ဓာတ္ပံုအတြက္ pose ေတြ ေပးခိုင္းခဲ့ပါတယ္ ။ ဒါေၾကာင့္ အိမ္ေျခရာမဲ့ Ali ကေန fashion model Ali ဆိုၿပီး ျဖစ္လာခဲ့ရတာပါ ။

ဒါ႐ိုက္တာရဲ႕ ေျပာျပခ်က္အရ ‘ Ikeja မွာ ႐ိုက္ကူးေရးျပဳလုပ္ဖို႔ ေရာက္ေနခဲ့တာပါ ၊ ေမာ္ဒယ္ေရာက္လာတာကို ေစာင့္ဆိုင္းေနတုန္း တံတားေအာက္မွာ အိပ္စက္ေနခဲ့တဲ့ေကာင္ေလး Ali နဲ႔ ေတြ႔ဆံုမိတ္ဆက္ဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္ ၊ Ali ဟာ ေမာ္ဒယ္ျဖစ္လာဖို႔ ေမြးဖြားလာခဲ့တာလို႔ ယံုၾကည္မိတယ္ ၊ သူ႔ရဲ႕ pose ၊ ခႏၶာကိုယ္ပံုစံအေနအထား နဲ႔ ့အသားေရာင္ ေတြက လံုးဝကိုျပည့္စံုေနလို႔ပါပဲ ‘ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

Ali ကေတာ့ အဆိုပါေန႔က ႐ိုက္ကူးေရးၿပီးတာနဲ႔ တံတားေအာက္မွာ ျပန္လည္အိပ္စက္ေနခဲ့တာပါ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕ ေမာ္ဒယ္ဓာတ္ပံု နဲ႔ တံတားေအာက္မွာ အိပ္စက္ေနတဲ့႐ုပ္ပံုေတြဟာ အေတာ္ေလးပ်ံ့ႏွံသြားခဲ့ၿပီး ၊ သူ႔အေၾကာင္းကို လူစိတ္ဝင္စားမႈ ျမင့္တက္လာခဲ့ပါတယ္ ။ လက္႐ွိမွာေတာ့ Ali ဟာ ဓာတ္ပံုဆရာအေတာ္မ်ားမ်ားနဲ႔ ႐ိုက္ကူးေရးျပဳလုပ္ၿပီး ေက်ာ္ၾကားတဲ့ ေမာ္ဒယ္တစ္ေယာက္ျဖစ္ေနပါၿပီ ။ ေန႔ခ်င္းညခ်င္း နာမည္ႀကီးသြားခဲ့တဲ့ Ali ရဲ႕အျဖစ္ဟာ အေတာ္ေလးကို မထင္ထားရက္တဲ့ ကံေကာင္းမႈတစ္ခုလို႔ ေျပာရမွာပါပဲ ။

Jasmine (Mckzone Daily)

Source : odditycentral

Unicode

Ali Olakunmi အမည်ရှိတဲ့ နိုင်ဂျီးရီးယား အိမ်ခြေယာမဲ့တစ်ဦးဟာ တံတားအောက်မှာ အိပ်စက်နေစဉ် fashion ရိုက်ကူးရေးအတွက် ဖန်တီးရှင်ဒါရိုက်တာတစ်ဦးက ရွေးချယ်သွားခဲ့ပါတယ် ။ အဖြစ်အပျက်ကတော့ အဆိုပါနေ့က ရိုက်ကူးရေးပြုလုပ်မဲ့ မော်ဒယ်ဟာ ရိုက်ကွင်းသို့ရောက်ရှိဖို့ အတော်လေးနောက်ကျနေခဲ့လို့ ၊ ဒါရိုက်တာက တံတားအောက်မှာ အိပ်စက်နေခဲ့တဲ့ Ali ကို သတိထားမိခဲ့တာပါ ။ Ali ဟာ ဒါရိုက်တာလိုအပ်နေတဲ့ ရုပ်ရည်သွင်ပြင်မျိုး ပြည့်စုံနေခဲ့တဲ့အတွက် Ali ဆီသို့ ချဉ်းကပ်ပြီး အဝတ်အစားအချို့ဝတ်ဆင်ပေကာ ၊ ဓာတ်ပုံအတွက် pose တွေ ပေးခိုင်းခဲ့ပါတယ် ။ ဒါကြောင့် အိမ်ခြေရာမဲ့ Ali ကနေ fashion model Ali ဆိုပြီး ဖြစ်လာခဲ့ရတာပါ ။

ဒါရိုက်တာရဲ့ ပြောပြချက်အရ ‘ Ikeja မှာ ရိုက်ကူးရေးပြုလုပ်ဖို့ ရောက်နေခဲ့တာပါ ၊ မော်ဒယ်ရောက်လာတာကို စောင့်ဆိုင်းနေတုန်း တံတားအောက်မှာ အိပ်စက်နေခဲ့တဲ့ကောင်လေး Ali နဲ့ တွေ့ဆုံမိတ်ဆက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ၊ Ali ဟာ မော်ဒယ်ဖြစ်လာဖို့ မွေးဖွားလာခဲ့တာလို့ ယုံကြည်မိတယ် ၊ သူ့ရဲ့ pose ၊ ခန္ဓာကိုယ်ပုံစံအနေအထား နဲ့အသားရောင် တွေက လုံးဝကိုပြည့်စုံနေလို့ပါပဲ ‘ ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

Ali ကတော့ အဆိုပါနေ့က ရိုက်ကူးရေးပြီးတာနဲ့ တံတားအောက်မှာ ပြန်လည်အိပ်စက်နေခဲ့တာပါ ။ သို့ပေမဲ့လည်း သူ့ရဲ့ မော်ဒယ်ဓာတ်ပုံ နဲ့ တံတားအောက်မှာ အိပ်စက်နေတဲ့ရုပ်ပုံတွေဟာ အတော်လေးပျံ့နှံသွားခဲ့ပြီး ၊ သူ့အကြောင်းကို လူစိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ် ။ လက်ရှိမှာတော့ Ali ဟာ ဓာတ်ပုံဆရာအတော်များများနဲ့ ရိုက်ကူးရေးပြုလုပ်ပြီး ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်နေပါပြီ ။ နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့တဲ့ Ali ရဲ့အဖြစ်ဟာ အတော်လေးကို မထင်ထားရက်တဲ့ ကံကောင်းမှုတစ်ခုလို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "တံတားေအာက္မွာ အိပ္စက္ေနတဲ့အိမ္ေျခမဲ့တစ္ဦးက Fashion Model တစ္ေယာက္ျဖစ္လာခဲ့တဲ့ အျဖစ္(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*