အဝလြန္ေနတဲ့ သားျဖစ္သူနဲ႔အတူ ေဘာ္လံုး ေဆာ့ကစားႏိုင္ဖို႔ ေဘာ္လံုးကလပ္အသင္းတစ္ခုဝယ္ယူလိုက္တဲ့ စီးပြားေရးလုပ္ငန္႐ွင္ႀကီး(႐ုပ္သံ)

တ႐ုတ္ႏိုင္ငံမွ စီးပြားေရးလုပ္ငန္း႐ွင္ႀကီးဟာ သူနဲ႔ သူ႔ရဲ႕အဝလြန္ေနတဲ့ သားျဖစ္သူတို႔ တရားဝင္ေဘာ္လံုးပြဲေတြမွာ ေဆာ့ကစားႏိုင္ေအာင္ ေဘာ္လံုးကလပ္အသင္းတစ္ခု ဝယ္ယူခဲ့ပါတယ္ ။ အသက္ 35 ႏွစ္အရြယ္သာ႐ွိေသးတဲ့ He Shihua ဟာ ေဘာလံုးေဆာ့ကစားရတာကို စိတ္အားထက္သန္လြန္းသူပါ ။ သူ႔ဘဝရဲ႕ အႀကီးမားဆံုးေသာေနာင္တကေတာ့ တကယ့္ေဘာလံုးပြဲေတြမွာ ကစားသမားတစ္ေယာက္အေနနဲ႔ ေဆာ့ကစားခြင့္မရခဲ့တာပါပဲ ။သို႔ေပမဲ့လည္း ကံေကာင္းေထာက္မစြာနဲ႔ ေဘာ္လံုးကလပ္အသင္းကို ဝယ္ယူဖို႔ အၾကံရ႐ွိခဲ့ၿပီး ၊သူ႔ကို အဆိုပါေဘာ္လံုးအသင္းထဲသို႔ ေဆာ့ကစားခြင့္ေပးရန္ နည္းျပကို ဖိအားေပးခဲ့ပါတယ္ ။ ဒါေၾကာင့္အခုဆိုရင္ Shihua နဲ႔ သူ႔ရဲ႕အဝလြန္ေနတဲ့ 126kg ကိုယ္အေလးခ်ိန္႐ွိတဲ့ သားျဖစ္သူတို႔ဟာ ေဘာလံုးေဆာ့ကစားရာမွ အရည္အခ်င္းမျပည့္ဝေပမဲ့လည္း တရားဝင္ေဘာလံုးအသင္းရဲ႕ ကစားသမားေတြ ျဖစ္ေနခဲ့ပါၿပီ ။

He Shihua ဝယ္ယူခဲ့တဲ့ ကလပ္ကေတာ့ Zibo Cuju Football Club ျဖစ္ၿပီး ၊ အဆိုပါကလပ္ရဲ႕ အဓိက႐ွယ္ယာ႐ွင္လည္း ျဖစ္ပါတယ္ ။ He Shihua တို႔သားအဖ အတူဝင္ေရာက္ေဆာ့ကစားခဲ့တဲ့ ပြဲစဥ္ကိုၾကည့္႐ႈၿပီးေနာက္ အခ်ိဳ႕ကေတာ့ အ႐ႈံးမေပးဘဲ စိတ္အားထက္သန္လြန္းသူလို႔ ခ်ီးက်ဴးခဲ့ၾကေပမဲ့ ၊ အခ်ိဳ႕ကေတာ့ ေဘာ္လံုးအားကစားကို အထင္ေသးၿပီး အဆိုပါအသင္းအဖြဲ႔မွ အားကစားသမားေတြ နဲ႔ နည္းျပကို အ႐ွက္ရေစသူ ဆိုၿပီး ေဝဖန္အျပစ္တင္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : odditycentral

Unicode

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီးဟာ သူနဲ့ သူ့ရဲ့အဝလွန်နေတဲ့ သားဖြစ်သူတို့ တရားဝင်ဘော်လုံးပွဲတွေမှာ ဆော့ကစားနိုင်အောင် ဘော်လုံးကလပ်အသင်းတစ်ခု ဝယ်ယူခဲ့ပါတယ် ။ အသက် 35 နှစ်အရွယ်သာရှိသေးတဲ့ He Shihua ဟာ ဘောလုံးဆော့ကစားရတာကို စိတ်အားထက်သန်လွန်းသူပါ ။ သူ့ဘဝရဲ့ အကြီးမားဆုံးသောနောင်တကတော့ တကယ့်ဘောလုံးပွဲတွေမှာ ကစားသမားတစ်ယောက်အနေနဲ့ ဆော့ကစားခွင့်မရခဲ့တာပါပဲ ။သို့ပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ ဘော်လုံးကလပ်အသင်းကို ဝယ်ယူဖို့ အကြံရရှိခဲ့ပြီး ၊သူ့ကို အဆိုပါဘော်လုံးအသင်းထဲသို့ ဆော့ကစားခွင့်ပေးရန် နည်းပြကို ဖိအားပေးခဲ့ပါတယ် ။ ဒါကြောင့်အခုဆိုရင် Shihua နဲ့ သူ့ရဲ့အဝလွန်နေတဲ့ 126kg ကိုယ်အလေးချိန်ရှိတဲ့ သားဖြစ်သူတို့ဟာ ဘောလုံးဆော့ကစားရာမှ အရည်အချင်းမပြည့်ဝပေမဲ့လည်း တရားဝင်ဘောလုံးအသင်းရဲ့ ကစားသမားတွေ ဖြစ်နေခဲ့ပါပြီ ။

He Shihua ဝယ်ယူခဲ့တဲ့ ကလပ်ကတော့ Zibo Cuju Football Club ဖြစ်ပြီး ၊ အဆိုပါကလပ်ရဲ့ အဓိကရှယ်ယာရှင်လည်း ဖြစ်ပါတယ် ။ He Shihua တို့သားအဖ အတူဝင်ရောက်ဆော့ကစားခဲ့တဲ့ ပွဲစဉ်ကိုကြည့်ရှုပြီးနောက် အချို့ကတော့ အရှုံးမပေးဘဲ စိတ်အားထက်သန်လွန်းသူလို့ ချီးကျူးခဲ့ကြပေမဲ့ ၊ အချို့ကတော့ ဘော်လုံးအားကစားကို အထင်သေးပြီး အဆိုပါအသင်းအဖွဲ့မှ အားကစားသမားတွေ နဲ့ နည်းပြကို အရှက်ရစေသူ ဆိုပြီး ဝေဖန်အပြစ်တင်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment