7 ေပအ႐ွည္႐ွိတဲ့မိေက်ာင္းနဲ႔အတူ 39 ႏွစ္ခန္႔ တစ္အိမ္ထဲအတူေနထိုင္ခဲ့ၾကတဲ့ မိသားစု(႐ုပ္သံ)

ဂ်ပန္ႏိုင္ငံ ၊ Kure ၿမိဳ႕မွာ ေနထိုင္လ်က္႐ွိတဲ့ Nobumitsu Murabayashi အမည္႐ွိတဲ့ အမ်ိဳးသားဟာ သားငယ္ေလးရဲ႕ ပူဆာမႈေၾကာင့္ အိမ္ေမြးတိရစာၦန္အေရာင္းဆိုင္မွ မိေက်ာင္းတစ္ေကာင္ကို ဝယ္ယူခဲ့ပါတယ္ ။ ယခုအခ်ိန္မွာေတာ့ အဆိုပါမိေက်ာင္းဟာ ၎တို႔နဲ႔အတူ ေနထိုင္ခဲ့တာ ႏွစ္ေပါင္း 40 ခန္႔႐ွိေနပါၿပီ ။ အဆိုပါမိေက်ာင္းမွာ အ႐ွည္ 7 ေပခန္႔ (6 ေပ 8 လက္မ) ႐ွိၿပီး ၊ ကိုယ္အေလးခ်ိန္ 45kg ခန္႔႐ွိကာ သိမ္ေမြ႔ညင္သာကာ မည္သူ႔ကိုမွ ထိခိုက္နာက်င္ေစခဲ့ျခင္းမ႐ွိပါဘူး ။ Caiman-san အမည္႐ွိတဲ့အဆိုပါမိေက်ာင္းဟာ သခင္ျဖစ္သူနဲ႔အတူ အျပင္လမ္းေလ်ွာက္ထြက္ေလ့႐ွိၿပီး ၊ ကေလးငယ္မ်ား ထိေတြ႔ျခင္းမ်ိဳး ခြင့္ျပဳေပးတဲ့အျပင္ ၊ ကိုယ္ေပၚ တက္စီးခြင့္လည္း ေပးထားပါတယ္ ။ သို႔ေပမဲ့လည္း မိေက်ာင္းကို အျပင္ေခၚသြားခြင့္ရဖို႔ အစိုးရထံကေန ခြင့္ျပဳခ်က္ရယူထားရေၾကာင္း ႏွင့္ တစ္စံုတစ္ခုျဖစ္ပ်က္ပါက သခင္ျဖစ္သူက တာဝန္ယူ ရမွာျဖစ္ေၾကာင္း ကတိေရးထိုးခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

သခင္ျဖစ္သူရဲ႕ေျပာျပခ်က္အရ ‘ သူဒီေလာက္ႀကီးလာမယ္လို႔ ကြၽန္ေတာ္မထင္ထားဘူး ၊ကြၽန္ေတာ္သူ႔ကို ရခဲ့တာ 34 ႏွစ္႐ွိပါၿပီ ၊ သူ႔ကို ေျခဟန္လက္ဟန္ေတြနဲ႔ ေျပာဆိုဆက္ဆံႏိုင္ေအာင္ႀကိဳးစားပါတယ္ ၊ သြားတိုက္ေပးသလိုေပါ့ ၊ ကြၽန္ေတာ့္ဇနီးက ေန႔တိုင္း ကြၽန္ေတာ္နဲ႔အတူေနရတာ စိတ္ကုန္လြန္းလို႔ ကြၽန္ေတာ္ မိေက်ာင္းနဲ႔အေနမ်ားပါတယ္ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

အဆိုပါမိေက်ာင္းဟာ ငယ္ရြယ္စဥ္အခ်ိန္က သူ႔ရဲ႕သားကို ကိုက္ဖူးခဲ့​ေၾကာင္း ၊ သို႔ေပမဲ့လည္း မိေက်ာင္းကို မစြန္႔လြတ္ခဲ့ပဲ ေနာက္တစ္ႀကိမ္အခြင့္အေရးေပးခဲ့ေၾကာင္း ၊ ယခုအခ်ိန္မွာေတာ့ မိေက်ာင္ဟာ အလြန္တည္ၿငိမ္ၿပီး ကေလးငယ္မ်ားႏွင့္လည္းအတူ ေနထိုင္လ်က္႐ွိေၾကာင္း သိရပါတယ္ ။

Jasmine (Mckzone Daily)

Source : odditycentral

Unicode

ဂျပန်နိုင်ငံ ၊ Kure မြို့မှာ နေထိုင်လျက်ရှိတဲ့ Nobumitsu Murabayashi အမည်ရှိတဲ့ အမျိုးသားဟာ သားငယ်လေးရဲ့ ပူဆာမှုကြောင့် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်မှ မိကျောင်းတစ်ကောင်ကို ဝယ်ယူခဲ့ပါတယ် ။ ယခုအချိန်မှာတော့ အဆိုပါမိကျောင်းဟာ ၎င်းတို့နဲ့အတူ နေထိုင်ခဲ့တာ နှစ်ပေါင်း 40 ခန့်ရှိနေပါပြီ ။ အဆိုပါမိကျောင်းမှာ အရှည် 7 ပေခန့် (6 ပေ 8 လက်မ) ရှိပြီး ၊ ကိုယ်အလေးချိန် 45kg ခန့်ရှိကာ သိမ်မွေ့ညင်သာကာ မည်သူ့ကိုမှ ထိခိုက်နာကျင်စေခဲ့ခြင်းမရှိပါဘူး ။ Caiman-san အမည်ရှိတဲ့အဆိုပါမိကျောင်းဟာ သခင်ဖြစ်သူနဲ့အတူ အပြင်လမ်းလျှောက်ထွက်လေ့ရှိပြီး ၊ ကလေးငယ်များ ထိတွေ့ခြင်းမျိုး ခွင့်ပြုပေးတဲ့အပြင် ၊ ကိုယ်ပေါ် တက်စီးခွင့်လည်း ပေးထားပါတယ် ။ သို့ပေမဲ့လည်း မိကျောင်းကို အပြင်ခေါ်သွားခွင့်ရဖို့ အစိုးရထံကနေ ခွင့်ပြုချက်ရယူထားရကြောင်း နှင့် တစ်စုံတစ်ခုဖြစ်ပျက်ပါက သခင်ဖြစ်သူက တာဝန်ယူ ရမှာဖြစ်ကြောင်း ကတိရေးထိုးခဲ့ရကြောင်း သိရှိရပါတယ် ။

သခင်ဖြစ်သူရဲ့ပြောပြချက်အရ ‘ သူဒီလောက်ကြီးလာမယ်လို့ ကျွန်တော်မထင်ထားဘူး ၊ကျွန်တော်သူ့ကို ရခဲ့တာ 34 နှစ်ရှိပါပြီ ၊ သူ့ကို ခြေဟန်လက်ဟန်တွေနဲ့ ပြောဆိုဆက်ဆံနိုင်အောင်ကြိုးစားပါတယ် ၊ သွားတိုက်ပေးသလိုပေါ့ ၊ ကျွန်တော့်ဇနီးက နေ့တိုင်း ကျွန်တော်နဲ့အတူနေရတာ စိတ်ကုန်လွန်းလို့ ကျွန်တော် မိကျောင်းနဲ့အနေများပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

အဆိုပါမိကျောင်းဟာ ငယ်ရွယ်စဉ်အချိန်က သူ့ရဲ့သားကို ကိုက်ဖူးခဲ့ကြောင်း ၊ သို့ပေမဲ့လည်း မိကျောင်းကို မစွန့်လွတ်ခဲ့ပဲ နောက်တစ်ကြိမ်အခွင့်အရေးပေးခဲ့ကြောင်း ၊ ယခုအချိန်မှာတော့ မိကျောင်ဟာ အလွန်တည်ငြိမ်ပြီး ကလေးငယ်များနှင့်လည်းအတူ နေထိုင်လျက်ရှိကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "7 ေပအ႐ွည္႐ွိတဲ့မိေက်ာင္းနဲ႔အတူ 39 ႏွစ္ခန္႔ တစ္အိမ္ထဲအတူေနထိုင္ခဲ့ၾကတဲ့ မိသားစု(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*