ညဘက္ႀကီး ဘဏ္မွာပိုက္ဆံသြားထုတ္မိလို႔ ဘဏ္ထဲအပိတ္ခံလိုက္ရတဲ့ အမ်ိဳးသား

ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Bank Rakyat ဆိုတဲ့ ဘဏ္တစ္ခုမွာ အမ်ိဳးသားတစ္ေယာက္ဟာ ေငြလိုလို႔ ည 12နာရီ အခ်ိန္ေငြသြားထုတ္ရင္း ဘဏ္ရဲ႕ အလိုအေလ်ာက္တံခါးေသာ့ခတ္တဲ့စနစ္ေၾကာင့္ ဘဏ္ထဲမွာ ပိတ္ေနမိခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါအမ်ိဳးသားဟာ ေငြထုတ္ဖိုလိုေနခဲ့လို႔ ဘဏ္ထဲမွာ႐ွိတဲ့ ATM စက္နားကိုသြားခဲ့တာျဖစ္ၿပီး ဘဏ္ရဲ႕ အလိုအေလ်ာက္တံခါးေသာ့ခတ္တတ္တဲ့ စနစ္ကိုလံုးဝမသိ႐ွိခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ATM စက္ထဲပိုက္ဆံထုတ္ၿပီး ထြက္လာဖို႔ႀကိဳးစားခဲ့ခ်ိန္မွာေတာ့ တံခါးဟာလံုးဝကို ပိတ္သြားခဲ့ၿပီးပါၿပီ ။

ကံေကာင္းစြာနဲ႔ပဲ အဆိုပါအျဖစ္အပ်က္ျဖစ္ေနခ်ိန္မွာ ၎အမ်ိဳးသားတစ္ေယာက္တည္းမဟုတ္ပါဘူး ။ ဓာတ္ပံုထဲမွာေတြ႔ျမင္ရတဲ့အတိုင္း သူႏွင့္အတူ ဘဏ္အျပင္ဖက္မွာ ဘဏ္ရဲ႕လံုျခံဳေရးဝန္ထမ္းတစ္ဦးက အတူ႐ွိေနေပးခဲ့လို႔ပါ ။

ယခုလို ဘဏ္ထဲမွာ မေတာ္တဆပိတ္မိခဲ့တဲ့ျဖစ္ရပ္မ်ိဳးက ပထမဆံုးအႀကိမ္မဟုတ္ပါဘူး ။ အရင္တစ္ေခါက္ကလည္း ဘဏ္ရဲ႕အလိုအေလ်ာက္တံခါးေသာ့ခတ္တဲ့စနစ္မ်ိဳးကို လံုးဝမသိ႐ွိဘဲ ည12နာရီအခ်ိန္ ဘဏ္ရဲ႕ ATM စက္မွာပိုက္ဆံထုတ္ဖို႔ႀကိဳးစားရင္ မိန္းကေလးတစ္ေယာက္ ဘဏ္ထဲမွာ ပိတ္မိေနခဲ့ဖူးေၾကာင္းသိ႐ွိရပါတယ္ ။ သူမအလွည့္မွာေတာ့ အနီးအနားမွာလူတစ္ေယာက္မွ ႐ွိမေနခဲ့တဲ့အတြက္ ရဲစခန္းသို႔ဖုန္းဆက္ၿပီး အကူအညီေတာင္းခဲ့ရေၾကာင္းႏွင့္ ထိုသို႔ဖုန္းဆက္ေနခ်ိန္မွာ တံခါးျပန္ပြင့္လာခဲ့၍ သူမအေတာ္ေလးကိုေၾကာက္လန္႔ၿပီး ၊ ႐ွက္သြားခဲ့ရေၾကာင္း သူမရဲ႕အေတြ႔အၾကံဳကိုလည္း ေဝမ်ွခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Bank Rakyat ဆိုတဲ့ ဘဏ်တစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ ငွေလိုလို့ ည 12နာရီ အချိန်ငွေသွားထုတ်ရင်း ဘဏ်ရဲ့ အလိုအလျောက်တံခါးသော့ခတ်တဲ့စနစ်ကြောင့် ဘဏ်ထဲမှာ ပိတ်နေမိခဲ့ပါတယ် ။ ထို့အပြင် အဆိုပါအမျိုးသားဟာ ငွေထုတ်ဖိုလိုနေခဲ့လို့ ဘဏ်ထဲမှာရှိတဲ့ ATM စက်နားကိုသွားခဲ့တာဖြစ်ပြီး ဘဏ်ရဲ့ အလိုအလျောက်တံခါးသော့ခတ်တတ်တဲ့ စနစ်ကိုလုံးဝမသိရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ATM စက်ထဲပိုက်ဆံထုတ်ပြီး ထွက်လာဖို့ကြိုးစားခဲ့ချိန်မှာတော့ တံခါးဟာလုံးဝကို ပိတ်သွားခဲ့ပြီးပါပြီ ။

ကံကောင်းစွာနဲ့ပဲ အဆိုပါအဖြစ်အပျက်ဖြစ်နေချိန်မှာ ၎င်းအမျိုးသားတစ်ယောက်တည်းမဟုတ်ပါဘူး ။ ဓာတ်ပုံထဲမှာတွေ့မြင်ရတဲ့အတိုင်း သူနှင့်အတူ ဘဏ်အပြင်ဖက်မှာ ဘဏ်ရဲ့လုံခြုံရေးဝန်ထမ်းတစ်ဦးက အတူရှိနေပေးခဲ့လို့ပါ ။

ယခုလို ဘဏ်ထဲမှာ မတော်တဆပိတ်မိခဲ့တဲ့ဖြစ်ရပ်မျိုးက ပထမဆုံးအကြိမ်မဟုတ်ပါဘူး ။ အရင်တစ်ခေါက်ကလည်း ဘဏ်ရဲ့အလိုအလျောက်တံခါးသော့ခတ်တဲ့စနစ်မျိုးကို လုံးဝမသိရှိဘဲ ည12နာရီအချိန် ဘဏ်ရဲ့ ATM စက်မှာပိုက်ဆံထုတ်ဖို့ကြိုးစားရင် မိန်းကလေးတစ်ယောက် ဘဏ်ထဲမှာ ပိတ်မိနေခဲ့ဖူးကြောင်းသိရှိရပါတယ် ။ သူမအလှည့်မှာတော့ အနီးအနားမှာလူတစ်ယောက်မှ ရှိမနေခဲ့တဲ့အတွက် ရဲစခန်းသို့ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ရကြောင်းနှင့် ထိုသို့ဖုန်းဆက်နေချိန်မှာ တံခါးပြန်ပွင့်လာခဲ့၍ သူမအတော်လေးကိုကြောက်လန့်ပြီး ၊ ရှက်သွားခဲ့ရကြောင်း သူမရဲ့အတွေ့အကြုံကိုလည်း ဝေမျှခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ညဘက္ႀကီး ဘဏ္မွာပိုက္ဆံသြားထုတ္မိလို႔ ဘဏ္ထဲအပိတ္ခံလိုက္ရတဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*