အိမ်မွေးခွေးလေး လိုချင်လို့ပူဆာတဲ့ သားဖြစ်သူကို ပညာပြချင်ခဲ့တဲ့ ဖခင်အဖြစ်


Jasmine (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ကလေးအတော်များများက ခွေးလေးတွေကို အဖော်မိတ်ဆွေအနေနဲ့ မွေးချင်ကြပါတယ် ။ သို့ပေမဲ့လည်း အချို့သောမိဘတွေက အချိန်မလုံလောက်ဖို့ ခွေးလေးကို ကြည့်ရှုစောင့်ရှောက်ဖို့ မအားလပ်တာမျိုးရှိတတ်ကြပါတယ် ။ အချို့ကတော့လဲ ခွေးလေးတွေကို မချစ်တတ်လို့ မမွေးချင်ကြတာမျိုး ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း ခွေးလေး လိုချင်နေတဲ့ သားငယ်လေးကို ဖခင်က ပညာသားပါပါ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ် ။ ခွေးအရောင်းဆိုင်သို့ သားဖြစ်သူကို ခေါ်ဆောင်သွားခဲ့ပြီးနောက် ၊ ဧရာမ ခွေးအကြီးတွေလိုက်ပြခဲ့ပါတယ် ။ ထို့နောက် အဆိုပါခွေးတွေကို သားငယ်လေးအား ရွေးချယ်စေခဲ့ပါတယ် ။ ခွေးတွေက ကြီးမားလွန်းလို့ ကလေးငယ်မှာ တုန်လှုပ်နေခဲ့ပေမဲ့လည်း လိုချင်လွန်းနေလို့ နောက်ဆုံးဖခင်ဖြစ်သူကို အဆိုပါခွေးကြီးအား ဝယ်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ဖခင်ဖြစ်သူကတော့ တစ်ကယ် ပြောစရာစကားမရှိလောက်အောင် တုန်လှုပ်သွားခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ်မွေးခွေးလေး လိုချင်လို့ပူဆာတဲ့ သားဖြစ်သူကို ပညာပြချင်ခဲ့တဲ့ ဖခင်အဖြစ်"

Leave a comment

Your email address will not be published.


*