သမီးျဖစ္သူ အိမ္ေပၚကႏွင္ခ်ခဲ့တဲ့ သားမက္ နဲ႔ လက္ထပ္ေပါင္းသင္းခဲ့တဲ့ 75 ႏွစ္အရြယ္အမ်ိဳးသမီး (႐ုပ္သံ)

ဒီသံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းေလးကေတာ့ ႐ု႐ွားႏိုင္ငံမွာအေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။ 75 ႏွစ္အရြယ္ Galina Zhukovskaya အမည္႐ွိတဲ့ အမ်ိဳးသမီးဟာ သူမထက္ 23 ႏွစ္ခန္႔ငယ္တဲ့ Vyacheslav Zhukovsky အမည္႐ွိတဲ့ 52 ႏွစ္အရြယ္ အမ်ိဳးသားနဲ႔ 2010 ခုႏွစ္က တရားဝင္လက္ထပ္ခဲ့ပါတယ္ ။ အသက္အရြယ္ကြာျခားမႈက ျပသာနာမဟုတ္ေပမဲ့လည္း Galina ရဲ႕ခင္ပြန္းျဖစ္သူက တစ္ခ်ိန္တုန္းက သူ႔ရဲ႕သားမက္ျဖစ္ေနခဲ့လို႔ပါပဲ ။ သံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းကေတာ့ Galina ရဲ႕ သမီးျဖစ္သူ Elena ဟာ Vyacheslav နဲ႔ လက္ထပ္ၿပီး 3 ႏွစ္အၾကာ Vyacheslav ေထာင္က လြတ္ေျမာက္လာခဲ့တဲ့အခ်ိန္မွာ ကြာ႐ွင္းခဲ့ပါတယ္ ။ Elena က ခင္ပြန္းကို အိမ္ေပၚကေန ႏွင္ခ်ခဲ့တဲ့အခ်ိန္ Vyacheslav ဟာ ေယာကၡမျဖစ္သူရဲ႕ေနအိမ္မွာ ခိုလွံုခြင့္ရ႐ွိခဲ့ပါတယ္ ။ ထိုအခ်ိန္မွစၿပီး ယခုအခ်ိန္ထိ ၎တို႔ႏွစ္ဦးအတူတူ ေနထိုင္ေနခဲ့ၾကတာပါ ။

Galina ရဲ႕ ေျပာျပခ်က္အရ သမီးျဖစ္သူဟာ ေပြ႐ႈပ္လြန္းသူျဖစ္ၿပီး ၊ Vyacheslav ေထာင္ကေန လြတ္ေျမာက္လာခဲ့ခ်ိန္မွာေတာ့ ဆက္ၿပီးမေပါင္းသင္းႏိုင္လို႔ အိမ္ေပၚကေန ႏွင္ခ်ခဲ့တာပါ ၊ အစပိုင္အခ်ိန္မွာေတာ့ သမီးျဖစ္သူရဲ႕လုပ္ရပ္ေၾကာင့္ Vyacheslav ကို အားနာသနားၿပီး အိမ္ေပၚေခၚတင္ခဲ့တာပါ ။ အစပိုင္မွာေတာ့ တကယ့္သနားတဲ့စိတ္ရင္းနဲ႔စတင္ခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွ ခ်စ္မိခဲ့ၾကတာပါတဲ့ ။

Galina တို႔ႏွစ္ဦးအဆင္ေျပေနတာကို သမီးျဖစ္သူက ေနာက္ပိုင္းမနာလို သဝန္တိုလာခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Elena ဟာ သူမရဲ႕အျခားအမ်ိုးသားနဲ့ ရ႐ွိထားတဲ့သမီးျဖစ္သူ အသက္ 30 အရြယ္ နဲ႔ Vyacheslav ကို ေသြးေဆာင္ျဖားေယာင္းခိုင္းေၾကာင္း ေျပာခဲ့ပါေသးတယ္ ။ တစ္ကယ့္ကို ဆိုးဝါးလြန္းတဲ့ သံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းျဖစ္ေနလို႔ နာမည္ေက်ာ္ TV show ေတြက ဧည့္သည္အျဖစ္ဖိတ္ၾကားၿပီး ေမးျမန္းေဆြးေႏြးခဲ့ရပါေသးတယ္ ။

Jasmine (Mckzone Daily)

Source : odditycentral

Unicode

ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကတော့ ရုရှားနိုင်ငံမှာအတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ 75 နှစ်အရွယ် Galina Zhukovskaya အမည်ရှိတဲ့ အမျိုးသမီးဟာ သူမထက် 23 နှစ်ခန့်ငယ်တဲ့ Vyacheslav Zhukovsky အမည်ရှိတဲ့ 52 နှစ်အရွယ် အမျိုးသားနဲ့ 2010 ခုနှစ်က တရားဝင်လက်ထပ်ခဲ့ပါတယ် ။ အသက်အရွယ်ကွာခြားမှုက ပြသာနာမဟုတ်ပေမဲ့လည်း Galina ရဲ့ခင်ပွန်းဖြစ်သူက တစ်ချိန်တုန်းက သူ့ရဲ့သားမက်ဖြစ်နေခဲ့လို့ပါပဲ ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကတော့ Galina ရဲ့ သမီးဖြစ်သူ Elena ဟာ Vyacheslav နဲ့ လက်ထပ်ပြီး 3 နှစ်အကြာ Vyacheslav ထောင်က လွတ်မြောက်လာခဲ့တဲ့အချိန်မှာ ကွာရှင်းခဲ့ပါတယ် ။ Elena က ခင်ပွန်းကို အိမ်ပေါ်ကနေ နှင်ချခဲ့တဲ့အချိန် Vyacheslav ဟာ ယောက္ခမဖြစ်သူရဲ့နေအိမ်မှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ် ။ ထိုအချိန်မှစပြီး ယခုအချိန်ထိ ၎င်းတို့နှစ်ဦးအတူတူ နေထိုင်နေခဲ့ကြတာပါ ။

Galina ရဲ့ ပြောပြချက်အရ သမီးဖြစ်သူဟာ ပွေရှုပ်လွန်းသူဖြစ်ပြီး ၊ Vyacheslav ထောင်ကနေ လွတ်မြောက်လာခဲ့ချိန်မှာတော့ ဆက်ပြီးမပေါင်းသင်းနိုင်လို့ အိမ်ပေါ်ကနေ နှင်ချခဲ့တာပါ ၊ အစပိုင်အချိန်မှာတော့ သမီးဖြစ်သူရဲ့လုပ်ရပ်ကြောင့် Vyacheslav ကို အားနာသနားပြီး အိမ်ပေါ်ခေါ်တင်ခဲ့တာပါ ။ အစပိုင်မှာတော့ တကယ့်သနားတဲ့စိတ်ရင်းနဲ့စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ ချစ်မိခဲ့ကြတာပါတဲ့ ။

Galina တို့နှစ်ဦးအဆင်ပြေနေတာကို သမီးဖြစ်သူက နောက်ပိုင်းမနာလို သဝန်တိုလာခဲ့ပါတယ် ။ ထို့ကြောင့် Elena ဟာ သူမရဲ့အခြားအမျိုးသားနဲ့ ရရှိထားတဲ့သမီးဖြစ်သူ အသက် 30 အရွယ် နဲ့ Vyacheslav ကို သွေးဆောင်ဖြားယောင်းခိုင်းကြောင်း ပြောခဲ့ပါသေးတယ် ။ တစ်ကယ့်ကို ဆိုးဝါးလွန်းတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်နေလို့ နာမည်ကျော် TV show တွေက ဧည့်သည်အဖြစ်ဖိတ်ကြားပြီး မေးမြန်းဆွေးနွေးခဲ့ရပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment