ကာယဗလနည်းပြတွေကြောင့် ရောင်းအားကောင်းနေခဲ့တဲ့ ဒူးရင်းသီးတွေ


.

.

.

.

Jasmine (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ထိုင်းနိုင်ငံက ကာယဗလနည်းပြတွေဟာ ကူးစက်ရောဂါအခြေအနေတွေကြောင့် အားကစားခန်းမတွေပိတ်ထားလို့ အလုပ်မသွားရဘဲ အလုပ်လက်မဲ့ဖြစ်နေကြတာပါ ။ ထိုအချိန်မှာဘဲ ဒူးရင်းသီးလုပ်ငန်းရှင်တစ်ဦးက အဆိုပါကာယဗလနည်းပြတွေကို ငှါးရမ်းပြီး သူ၏ဒူးရင်းသီးတွေကို မပြခိုင်း ၊ ခွဲပြခိုင်း ပြီး ဓာတ်ပုံရိုက်ကူးကာ social media ပေါ် ဝေမျှခဲ့ပါတယ် ။ မကြာခင်အချိန်မှာဘဲ ဆိုင်ရဲ့တည်နေရာကို မေးမြန်းတဲ့ customer အများအပြား ရရှိခဲ့ပြီး ၊ ဆိုင်သို့ လာဝယ်ခဲ့ကြသူများလည်းရှိကာ ၊ အချို့ဆိုရင် အိမ်အရောက် ဒူးရင်းသီးလာပို့ ပေးဖို့ တောင်းဆိုခဲ့ကြပါတယ် ။ တစ်ကယ့်ကို စီးပွားရေးအမြင်ကျယ်လွန်းတဲ့ ဒူးရင်းသီးလုပ်ငန်းရှင်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment